ကချင်ပြည်နယ်တွင် ကမအဝ ဝန်ထမ်းများ ကာကွယ်ဆေးစထိုး

ကချင်ပြည်နယ်တွင် ကမအဝ ဝန်ထမ်းများ ကာကွယ်ဆေးစထိုး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများအား ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကာကွယ်ဆေး စတင်ထိုးပေးနေပြီ ဖြစ်သည်။

ဇန္နဝါရီလ ၂၈ ရက်နေ့ (ယနေ့) တွင် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးတွင် စတင် ထိုးပေးနေခြင်းဖြစ်သည်။

“ကချင်ပြည်နယ်တစ်ခုလုံးအတွက် အလုံးပေါင်း ၄၃၆ လုံးပေါ့ ရရှိတယ်။ ဒါကတော့ ပြည်နယ်အသီးသီးမှာ ရှိ တဲ့ နဂိုက တွက်ချက်ထားတဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအောက်မှာရှိတဲ့ ဝန်ထမ်းတွေအကုန်လုံး ထိုး ပေး နိုင်တယ်ပေါ့နော်။ ကျမတို့ စီစဉ်နေတာဖြစ်ပါတယ်။ အဲ့ဒီမှာတော့ နန့်ယွန်းအတွက်လည်း ပါတယ်ပေါ့။" ဟု ဒုတိယ ကျန်းမာရေးမှူး ဒေါက် တာနော်ရှဲတာ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန က ပြောသည်။  

သူက "ကျန်းမာရေးဝန်ထမ်းကြီးပဲတော့ မဟုတ်ဘူး။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဆေအာက်မှာရှိတဲ့ ဝန် ထမ်းများ အားလုံးပေါ့နော်။ ပြည်သူ့ကျန်းမာကုသရေးပါမယ့်အပြင် အား/ကာတို့၊ FDA တို့၊ တိုင်းရင်းဆေး တို့ ပေါ့နော် အကုန်လုံး ပါပြီးတော့ သင်တန်းကျောင်းတွေက အစထိုးပေးမယ်” ဟု ဆက်ပြောသည်။

ကချင်ပြည်နယ်အတွက် ဇန်နဝါရီလ (၂၆) ရက်နေ့တွင် ရောက်ရှိလာခဲ့သည့် COVID-19 ရောဂါကာကွယ် ဆေး များကို ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော်၊ ပူတာအို၊ နောင်မွန်း၊ ခေါင်လန်ဖူး၊ မချမ်းဘော၊ ဆွမ်ပရာဘွမ်၊ တနိုင်း၊

မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဗန်းမော်၊ ရွှေကူ၊ မိုးမောက်၊ မံစီမြို့နယ်တို့ကို အသီးသီးဖြန့်ဝေပေးခဲ့ပြီးနောက် ယခုကဲ့သို့ မြို့နယ်အလိုက် ကာကွယ်ဆေးများကို ထိုးပေးနေခြင်းဖြစ်သည်။

“ဝေးတဲ့နေရာကိုလည်း အခုဆိုရင် ဒီမှာ ဝေးတဲ့ခရိုင်ဆိုရင် ပူတာအိုခရိုင်ဘက်ကို ဝန်ကြီးချုပ်တို့ ခရီးစဉ်နဲ့ ကျမ တို့ ထည့်သွားတယ်။ ပြီးတော့ ပူတာအိုရောက်လို့ရှိရင် ပူတာအိုကနေတဆင့် ခရိုင်ဆရာဝန်ရဲ့ ထိန်းချုပ်မှု အောက်ကနေ ဖြန့်ဝေဖို့ ထိုးနိုင်ဖို့ ဖြန့်ဝေသွားမှာဖြစ်တယ်။ ၂၄ ပတ်ခြားပြီးတော့ ဒုတိယအကြိမ်ထပ်ထိုးမယ်။ ကျန်းမာရေးဝန်ထမ်းအားလုံးအတွက် လုံလောက်ပါတယ်။ အားလုံးက ၁၁၀၀ ကျော်တယ်။ အဲ့မှာ ထိုးဖို့ မသင့် တော်တဲ့လူကို ခနရပ်ဆိုင်းထားမှာပေါ့နော်။” ဟု ဒေါက်တာနော်ရှဲတာ က ပြောသည်။

မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးတွင် နေရာခြောက်နေရာခွဲကာ ပထမအသုတ်အနေဖြင့် ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနမှ ဝန်ထမ်းများအားလုံးကို ကာကွယ်ဆေးထိုးပေးနေခြင်းဖြစ်သည်။

မြစ်ကြီးနားမြို့နယ်အတွင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများ တစ်ထောင်ကျော်ကို ဇန္နဝါ ရီလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့ (နှစ်ရက်အတွင်း) အပြီးထိုး ပေးသွားမည်ဟု သိရသည်။

ယနေ့ ကာကွယ်ဆေးထိုးခဲ့သည့် ကျန်းမာရေးဝန်ထမ်း တစ်ဦးဖြစ်သည့် ဒေါ်ရှဇော်လွမ်ညွယ် က “မျော်နေတာ လည်း ကြာပြီ၊ ထိုးရပြီဆိုတော့ ဝမ်းသာတယ်။ ပထမတော့ ကျမစိတ်နည်းနည်းလှုပ်ရှားတယ်။ မနေ့က တခြား လူတွေ ထိုးပြီးတာရှိတော့ ဝမ်းသာအားရအောင်မြင်တယ်ဆိုပြီး ပြောနေကြတော့ ကျမစိတ်လှုပ်ရှားတဲ့ စိတ် တောင် ကြောက်တဲ့စိတ်တောင် မရှိတော့ဘူး။ ပထမအကြိမ်ထိုးတာနဲ့ မရသေးဘူး။ ဒုတိယအကြိမ်လည်း ထိုး ရမယ်။ အပြည့်အစုံထိုးရမယ်ဆိုတော့ ပိုပြီးမှ စိတ်ချသွားတာပေါ့ ကိုယ့်ဟာကိုယ်။ နောက်ပြီး တစ် ယောက်နဲ့ တစ်ယောက် ကူးစက်မှုတွေလည်း အရမ်းနည်းသွားမှာပေါ့။ အဲ့လိုမျိုး ကျမခံစားရတယ်ပေါ့နော်” ဟု ပြောသည်။

ထို့အပြင် ဇန္နဝါရီလ ၂၇ ရက်နေ့ (ယမန်နေ့) ကလည်း ဝိုင်းမော်မြို့နယ်နှင့် ချီဖွေမြို့နယ်တို့အတွင်း ကိုရိုနာဗိုင်း ရပ်စ် (COVID-19) ကာကွယ်ဆေးထိုးနှံခြင်းကို စတင်ထိုးပေးနေပြီဖြစ်သည်။

ကချင်ပြည်နယ်အတွက် ပထမဦးဆုံးအသုတ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကာကွယ်ဆေးများကို ရန်ကုန်မြို့မှ လေယာဉ်ဖြင့် ဇန္နဝါရီလ (၂၆) ရက်နေ့က ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာအနေဖြင့် ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာမှ ဝန်ထမ်း ၃၈၀၀ ခန့် ရှိရာ ယခုလအတွင်း ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကာကွယ်ဆေးများကို အပြီးထိုးပေးသွားမည် ဖြစ် သည်ဟု တာဝန်ရှိသူများက ပြောသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...