သိုင်းငင်း-တီးတိန်ကားလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း မတ်လအကုန်တွင် ပြီးစီးမည်ဟုဆို

သိုင်းငင်း-တီးတိန်ကားလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း မတ်လအကုန်တွင် ပြီးစီးမည်ဟုဆို
Photo Crd: Tedim IPRD
Photo Crd: Tedim IPRD

နှင်းနှင်း - ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ သိုင်းငင်း-တီးတိန် ကားလမ်းတွင် အကျယ် ၁၈ ပေ၊ ထု ၉ လက်မ၊ ၇ မိုင် ၆ ဖာလုံ ရှိသည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ ယခုနှစ် မတ်လအကုန်တွင် ရာခိုင်နှုန်းပြည့်ပြီး စီးရန် ဆောင်ရွက်လျှက်ရှိသည်ဟု လမ်းအထူးအဖွဲ့ (၁၀) ဦးစီးအရာရှိ ဒေါ်ချစ်စုဝင်းက ပြောသည်။

“၂၀၁၈-၂၀၁၉ ဘဏ္ဍာရးနှစ်ကနေစပြီးလုပ်တာ၊ ဒီနှစ်မှာက ကွန်ကရစ်က ကျွန်မတို့ခန့်မှန်း မတ်လ ကုန်ပိုင်း လောက်ပြီးမယ်လို့ ခန့်မှန်းထားပါတယ်။ ကျွန်မတို့အဖွဲ့အနေနဲ့လုပ်တာက အရှည် ၇ မိုင် ၆ ဖာလုံ ရှိပါတယ်၊ ခံနိုင်ရည်အားကတော့ ၄၇၀၀ psi လောက်ရှိတယ်၊” ဟု ဒေါ်ချစ်စုဝင်းကပြောသည်။

အဆိုပါ ကွန်ကရစ်ခင်းခြင်းတွင် သိုင်းငင်းမှ မိုင်တိုင်အမှတ် (ဝ) ကီလိုမီတာ မှ(၄) ကီလိုမီတာအထိ (၄) ကီလိုမီတာ၊ မိုင်တိုင်အမှတ် ၁၀ ဒသမ ၅ ကီလိုမီတာမှ ၁၄ ကီလိုမီတာအတွင်း ၂ ဒသမ ၇၄ ကီလိုမီတာ ၊ မိုင်တိုင်အမှတ် ၁၄ ကီလိုမီတာမှ ၁၆ ဒသမ ၅ ကီလိုမီတာအတွင်း ၁ ဒသမ ၃၄ ကီလိုမီတာ နှင့် မိုင်တိုင်အမှတ် ၃၂ ဒသမ ၅၈၉ ကီလိုမီတာမှ ၃၇ ကီလိုမီတာအတွင်း ၄ ဒသမ ၄၁၉ ကီလိုမီတာ၊ စုစုပေါင်း ၁၂ ဒသမ ၄၉၉ ကီလိုမီတာ (၇ မိုင် ၆ ဖာလုံ) ဖြစ်သည်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်း-တီးတိန်ကွန်ကရစ်ခင်းကျင်းမှုပြီးစီးသွားပါက လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာသည့်အပြင် နယ်စပ်ကုန်သွယ်ရေးနှင့် ဒေသအတွင်း ပြည်သူများ အတွက် အကျိုးအများကြီး ရရှိနိုင်မည်ဖြစ်ကြောင်း လမ်းအထူးအဖွဲ့ (၁၀) ဦးစီးအရာရှိက ဆက်ပြောသည်။

“အရင်တုန်းက ကျောက်လမ်းတွေကိုလည်း အကုန်ဖြည့်ပြီးပြီ အခုလည်း လမ်းမကောင်းတဲ့ နေရာ တွေကို ကွန်ကရစ်ခင်းလိုက်တဲ့အခါကြတော့ လွယ်လွယ်ကူကူနဲ့ သွားလာနိုင်တာပေါ့ ကားရဲ့ သွားလာတဲ့အရှိန်တွေလျှော့ချနိုင်တာပေါ့ ခရီးလည်းပိုရောက်မယ်၊ ဒီလမ်းက ရာသီမရွေးသွား လာနိုင်တယ်၊ သူက နယ်စပ်ကုန်သွယ်ရေးလမ်းမက အဓိကကုန်သွယ်ရေးလမ်းဖြစ်လို့မို့လေ၊ လွယ်လွယ်ကူကူနဲ့ အချိန်တိုတွင်းမှာ သွားလာနိုင်တယ်၊ ပြီးတော့ လမ်းပန်းဆက်သွယ်ရေးကောင်း လာတဲ့အတွက် ဒေသအတွင်းမှာရှိတဲ့ တိုင်းရင်းတွေက လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာ ရေးတွေ လွယ်လွယ်ကူကူနဲ့ လှုပ်ရှားသွားလာနိုင်ပြီးတိုးတက်လာနိုင်တယ်။” ဟု ဒေါ်ချစ်စုဝင်းကေ ပြာသည်။

တီးတိန်မြို့နယ်၊ သိုင်းငင်း-တီးတိန်ကွန်ကရစ်ခင်းကျင်းခြင်းလုပ်ငန်းသည် ၂၀၂၀-၂၀၂၁ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၄၆၉၄ ဒသမ ၈၈၀ သန်းဖြင့် ၂၀၂၀ ဒီဇင်ဘာ ၂၀ ရက်နေ့မှ လုပ်ငန်းစတင် အကောင်အ ထည်ဖော်ဆောင်ရွက်ပြီး ယခုအချိန်တွင် လုပ်ငန်း ၃၀ ရာခိုင်နှုန်း ခန့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...