ကလေးမြို့တွင် ကျန်းမာရေးဝန်ထမ်း ၅၀၀ ကျော်ထံ ကိုဗစ်ကာကွယ်ဆေး ထိုးနှံ

ကလေးမြို့တွင် ကျန်းမာရေးဝန်ထမ်း ၅၀၀ ကျော်ထံ ကိုဗစ်ကာကွယ်ဆေး ထိုးနှံ
Photo Crd: Kalay IPRD
Photo Crd: Kalay IPRD

လားနွန် - စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်း ၅၀၀ ကျော်ကို ယနေ့နံနက်ပိုင်းကစ၍ ကိုဗစ်ကာ ကွယ်ဆေးစတင်ထိုးနှံပေးနေပြီဟု ကလေးခရိုင် ပြန်ကြားရေးဦးစီးမှူးနှင့် ကလေးမြို့နယ် ကိုဗစ်ကာကွယ်ရေးအသင်း ပြန်ကြားရေးတာဝန်ခံ ဦးညီဇော်ကပြောသည်။

“မနက် (၉) နာရီစထိုးတယ် ဒီနေ့ဘယ်နှစ်ယောက်ပြီးမလဲတော့မသိသေးဘူး နှစ်ရက် ခွဲထိုးမယ်လို့သိရတယ် သူတို့ နှစ်ရက်နဲ့ အပြီးထိုးမယ် အခုပထမထိုးရမှာက ကျန်းမာရေးဝန်ထမ်းဆိုတာထက် သူတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထဲပါတဲ့ ဝန်ထမ်းတွေပေါ့ ကျန်းမာရေးဝန်ထမ်းကနှစ်ခုခွဲတာကိုုး ပြည်သူ့ဆေးရုံကြီးဖက်နဲ့ ခရိုင်ပြည်သူ့ကျန်းမာရေးဖက်နဲ့ ကလေးမြို့နယ်မှာ တိုက်နယ်ဆေးရုံလေးခုအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ရုံးအဖွဲ့အပါအဝင် (၅၀၈) ဦးစာရရှိတယ် အခုထက်ထိ ဆေးမတည့်တဲ့သူတွေတော့မတွေရသေးဘူး”  ဟု ကလေးခရိုင် ပြန်ကြားရေးဦးစီးဌာန ဦးစီးမှူး နှင့် ကိုဗစ်ကာကွယ်ရေးအသင်းပြန်ကြားရေးတာဝန်ခံ ဦးညီဇော်ကပြောသည်။

ကလေးမြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဝန်ထမ်းများအတွက် လူဦးရေ (၅၀၈) စာအတွက် ကာကွယ်ဆေးခွဲတမ်းရရှိထားသည်ဟုသိရသည်။

ကိုဗစ်ကာကွယ်ဆေး ပြည်သူတွေလက်ထဲရောက်ရှိနိုင်အောင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထုတ်ပြန်ချက်အရ ဆေးရောက်လာသည့်အပေါ်မူတည်ပြီး ဆက်လက်ထိုးနှံသွားမည်ဟု ဦးညီဇော်ကပြောသည်။

မြန်မာနိုင်ငံကို ပထမဦးဆုံးရောက်ရှိလာသည့် အဆိုပါကိုဗစ်ကာကွယ်ဆေးသည် အောက်စဖို့တက္ကသိုလ် အက်စထရာဇန်နကာ ကုမ္ပဏီနှင့် ကမ႓ာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်သည့် အိန္ဒိယနိုင်ငံ (Serum Institute) တို့ ပူးတွဲထုတ်လုပ်သည့် ကာကွယ်ဆေးဖြစ်သည်။

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...