ချင်းပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေး ဇန်နဝါရီ ၂၇ ရက်နေ့စတင်ထိုးနှံမည်

ချင်းပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေး ဇန်နဝါရီ ၂၇ ရက်နေ့စတင်ထိုးနှံမည်

လားနွန် - မြန်မာနိုင်ငံကို အိန္ဒိယအစိုးရက လှူဒါန်းထားသည့် ကိုဗစ်ကာကွယ်ဆေး(Covishield) ကို လာမည့် ဇန်နဝါရီလ ၂၇ ရက်နေ့ကစ၍ ချင်းပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများကို စတင်ထိုးနှံမည်ဟု ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်ကပြောသည်။

“အခုကျန်းမာရေးဝန်ထမ်းကို အရင်ထိုးဖို့ ကျနော်တို့ စတင်စီမံဆောင်ရွက်နေပါတယ် လောလောဆယ်တော့ မြို့နယ်တို င်းမှာ စာရင်းကောက်ခိုင်းတယ် သူကသတ်မှတ်ထားတဲ့ အသက်အရွယ်ရှိတယ် အဲဒီစာရင်းတွေ တက်လာပြီဆို ရင် ပြည်ထောင်စုကိုပို့ပြီးတော့ ပြည်ထောင်စုကတော့ ဒီစာရင်းပေါ်မှာ ဇယားခွဲပြီးတော့ ဘယ်အပိုင်းကို ဘယ်လိုလုပ်ပါ ဆိုတဲ့စီမံချက်ပြန်လာမယ် အခုလောလောဆယ်တော့ မြို့နယ်ထွေအုပ်တွေမှာ စာရင်းကောက်တုန်းပေါ့ ပြီးတော့ အစိုးရအဖွဲ့မိသားစုတွေ စာရင်းတွေကောက်တယ် အားလုံးကို ကျနော်တို့ အမျိုးသားကော်မတီကိုထပ်ပို့မယ် အဲဒီပေါ်မှာ ဇယားပြန်ဆွဲပြီးတော့လုပ်ဖို့ဖြစ်ပါတယ်၊ ပထမဦးစားပေးအနေနဲ့ ကျန်းမာရေးဝန်ထမ်းများကို အရင်ထိုးဖို့ ပြီးရင် အစိုးရအဖွဲ့ဖြစ်ဖို့များတယ် ဒါလည်းပဲ သေချာလမ်းညွှန်ချက်တော့မလာသေးဘူး မှန်းထားတာက ဒုတိယအနေနဲ့ပေါ့ ပြီးရင်အလွှာလိုက်ပေါ့ ဘယ်ဟာတွေကို ဦးစားပေးမလဲ သက်ကြီးပိုင်း သက်ငယ်ပိုုင်း ဒါမှမဟုတ်ရင် ကိုဗစ်ဖြစ်တဲ့နေရာ ဦးစားပေးမလား ဒါမျိုးတွေ စံသတ်မှတ်ချက်ပြန်ပေးမှာဖြစ်ပါတယ်” ဟု ဝန်ကြီးဦးပေါင်လွန်မင့်ထန်ကပြောသည်။

အိန္ဒိယအစိုးရလူဒါန်းသည့် ကိုယ်ဗစ်ကာကွယ်ဆေး ၁.၅ သန်းသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး တိုင်းနှင့်ပြည်နယ်အသီးသီးကို အချိူးကျခွဲဝေကာ ယခုပတ်အတွင်းစတင်ထိုးနှံနိုင်ရန်အတွက် မြို့နယ် ကျေးရွာအထိ စာရင်းကောက်ခံမှုများလည်း ဆောင်ရွက်လျက်ရှိကြသည်။

အဆိုပါကိုဗစ်ကာကွယ်ဆေးသည် အသက် (၁၈) နှစ်အောက်နှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် စမ်းသပ်ထားခြင်းမရှိ သောကြောင့် အသက် (၁၈) နှစ်ပြည့်ပြီးသူများသာထိုးနှံခွင့်ရှိမည်ဖြစ်ပြီး ကိုယ်ဝန်လွယ်ထားသူများအား ကာကွယ်ဆေး ထိုးနှံပေးမည်မဟုတ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည်။

ချင်းပြည်နယ်လူမှုရေးဝန်ကြီးဦးပေါင်လွင်မင့်ထန်က ကိုဗစ်ကာကွယ်ဆေးထွက်ပြီဆိုကာ ပြည်သူများအနေဖြင့် သတိလ က်လွတ်မနေသင့်ကြောင်း၊ ဆေးပမာဏအရ လူတိုင်းအားချက်ချင်းကာကွယ်ဆေးထိုးပေးနိုင်မည်မဟုတ်သေးသည့် အတွက် စိတ်ရှည်ရှည်ဖြင့်စောင့်ပေးစေလိုကြောင်း ယခုလိုဆက်ပြောသည်။

“လူသန်း (၅၀) ကျော်အတွက်ဆိုရင် ကျနော်တို့ကအများကြီးဝယ်ရအုံးမယ် အခုလောလောဆယ် (၁) သန်းခွဲဆိုတော့ နှစ်ခါထိုးဖို့ပြောတဲ့အခါမှာ (၁) သန်းခွဲက လူဦးရေ (၇) သိန်းအတွက်ပဲရမယ် အဲဒါလည်း ချက်ခြင်းလူတိုင်းရဖို့က အခက်အခဲရှိနိုင်ပါသေးတယ် ဒါကြောင့် စိတ်ရှည်ပြီးစောင့်ဖို့နဲ့ ကာကွယ်ဆေးထွက်ပါပြီဆိုပြီးမပေါ့ဖို့ ပြောချင်ပါတယ်” ဟု ဝန်ကြီးပေါင်လွန်မင့်ထန်ကပြောသည်။

မြန်မာနိုင်ငံကို ပထမဦးဆုံးရောက်ရှိလာသည့် အဆိုပါကိုဗစ်ကာကွယ်ဆေးသည် အောက်စဖို့တက္ကသိုလ် အက်စထရာဇန်နကာ ကုမ္ပဏီနှင့် ကမ႓ာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်သည့် အိန္ဒိယနိုင်ငံ (Serum Institute) တို့ ပူးတွဲထုတ်လုပ်သည့် ကာကွယ်ဆေးဖြစ်သည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...