ကျောက်မဲမြို့နယ် စစ်ရှောင် (၁၂၀၀)ကျော်နေရပ်မပြန်နိုင်သေး

ကျောက်မဲမြို့နယ် စစ်ရှောင် (၁၂၀၀)ကျော်နေရပ်မပြန်နိုင်သေး

နန်းဆိုင်ဖူး  - သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ်ရှိ စစ်ရှောင်များ ယနေ့ချိန်ထိ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင်များ (၁၂၀၀) ကျော် ယနေ့ချိန်ထိ နေရပ်သို့ မပြန်နိုင်သေးကြာင်း စုံစမ်းသိရှိရသည်။

“ကျနော်တို့ သူတို့ကိုမေးတယ် တိုက်ပွဲသံမကြားရတော့ဘူး။ ဘာကြောင့်မပြန်သေးလဲဆိုတာ ပြန်ချင်တယ်တဲ့ ရွာမှာ လက်နက်ကိုင်တွေ ရှိသေးလို့တဲ့မပြန်ရဲသေးဘူးလို့ အဲ့လိုတော့ ပြောတယ်။” ဟု ကျောက်မဲစစ်ရှောင်စခန်းမှာ စီမံခန့်ခွဲသူ မိုင်းအဘမ်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ စစ်ရှောင်များသည် ဒီဇင်ဘာ (၂၅) ရက်နေ့ကတည်းက ရောက်ရှိလာပြီး ကျောက်မဲမြို့ပေါ်ရှိ စစ်ရှောင်စခန်း (၄) ခုရှိပြီး အုမ္မငါးမှာ (၁) ခု ရှိပြီး စုစုပေါင်း စစ်ရှောင်စခန်း (၅) ခုရှိသည်။

“သူတို့ရောက်လာတာ (၃) ပတ်ပြည့်တော့မယ်။ ၂၅ ရက်ကတည်းက ရောက်လာတာ။ ခုလက်ရှိတော့ အလှူရှင်တွေက တတ်နိုင်သလောက် လှူဒါန်းနေတယ်။ စားသောက်ရေးပိုင်းက အဆင်ပြေတယ်။ အလှူရှင်တွေ လှူဒါန်ထားတဲ့ဟာတွေက ၁ ပတ်စာလောက်တော့ ကျန်သေးတယ်။ အဲ့ထက်ကြာသွားရင်တော့ အခက်ခဲရှိမယ်” ဟု မိုင်းအဘမ်း ကပြောသည်။

ယခုလက်ရှိချိန်ထိ နှစ်ဖက်တပ် စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲဖြစ်နိုင်ကြောင်းလည်း ကျောက်မဲလွှတ်တော် ပြည်နယ် မဲဆန္ဒ(၁) မှာ အနိုင်ရထားသည့် နန်းအိမွန်အောင် က ပြောသည်။

“စစ်ရေးတင်းမာမှု ရှိနေတုန်းပဲ။ ဘယ်တပ်မှလည်း မနောက်ဆုတ်သေးဘူး။ စစ်ပွဲက အချိန်မရွေးဖြစ်နိုင်လို့ မပြန်ရဲကြသေးဘူး” ဟု နန်းအိမွန်အောင် က ပြောသည်။

RCSS/SSA နှင့် TNLA တို့ တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ်အတွင်း ဒေသခံနေအိမ် (၆၀) ကျော် ကျည်ထိမှန်ခဲ့ပြီး ဒေသခံ ရွာသားများလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

RCSS/SSAနှင့် TNLAတို့သည် သျှမ်းမြောက် ကျောက်မဲမြို့နင့် နမ္မတူမြို့နယ် အတွင်း ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး စစ်ရှောင် (၃၇၀၀)ကျော် ထွက်ပြေးတိမ်ရှောင်ခဲ့ရာ၊ လက်ရှိမှာ တိုက်ပွဲများ မရှိတော့သဖြင့် နမ္မတူမြို့နယ်အတွင်းထွက်ပြေးတိမ်းရှောင်သည့် စစ်ရှောင်များ နေရပ်ပြန်သွားပြီ ဖြစ်ကြောင်းသိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...