ကရင်နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီးစောချစ်သူ အပါအဝင်တပ်မှူး ၁၃ ဦးနှင့် တပ်ဖွဲ့ဝင် အရာရှိအရာခံ ၇၇ ဦး နုတ်ထွက်စာတင်

ကရင်နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီးစောချစ်သူ အပါအဝင်တပ်မှူး ၁၃ ဦးနှင့် တပ်ဖွဲ့ဝင် အရာရှိအရာခံ ၇၇ ဦး နုတ်ထွက်စာတင်

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့(BGF)မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှုးကြီးစော ချစ်သူ အပါအဝင် တပ်မှုး ၁၃ ဦးနှင့် တပ်ဖွဲ့ဝင် အရာရှိ၊ အရာခံ ၇၇ ဦး ယမန်နေ့ (ဇန်နဝါရီ ၁၄ ရက်)က အရှေ့တောင်တိုင်း၊ စစ်ဌာနချုပ်ရုံးသို့ နုတ်ထွက်စာ တင်ထားကြောင်း BGF မှ အမည်မဖော်လိုသူ ဗိုလ်မှူး တစ်ဦးက ကေအိုင်စီသို့ အတည်ပြုပြောသည်။

 

ယခုလို နယ်ခြားစောင့် တပ်ဖွဲ့ဝင်များနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ အားလုံး နုတ်ထွက်စာ တင်ထားသည် ဆိုသည့် သတင်းနှင့် ပတ်သက်၍ ကေအိုင်စီက တာဝန်ရှိသူ အရာရှိတဦးထံ ဆက်သွယ်မေးမြန်းရာ ၎င်းက ယခုလို အတည်ပြုပြောဆိုသည်။

“ဟုတ်ပါတယ်ဗျ၊ မနေ့က ဇန်နဝါရီ ၁၄ ရက်နေ့မှာ  အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းရုံးမှာ BGF တပ်ရင်း ၁၃ ရင်းမှ တပ်မှုး ၁၃ ဦးနဲ့ တပ်ဖွဲ့ဝင် အရာရှိအရာခံ  ၇၇ ဦး နုတ်ထွက်စာတင်ထားပါတယ်” ဟု ၎င်းက ပြောသည်။

ထို့သို့ နုတ်ထွက်စာ တင်ရခြင်း အကြောင်းအရင်းမှာ တပ်မတော်ဘက်က ဖိအားပေးမှုကြောင့် ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်နေ့တွင် BGF တပ်နယ် ၄၊ တပ်နယ်မှူး၊ တပ်ရင်း ၁၀၂၂ တပ်ရင်းမှူး ဗိုလ်မှူးစောမုတ်သုန် နုတ်ထွက်စာတင် ခဲ့ကြောင်း၊ ထို့နောက် BGF အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူကလည်း နုတ်ထွက်စာဆက်တင်ခဲ့သည့်အတွက် ခေါင်းဆောင်သွား ရာနောက်သို့ လိုက်ပါလိုသည့် သဘောကြောင်း ယခုလို တပ်ဖွဲ့ဝင် ၇၇ ဦး နုတ်ထွက်စာ တင်ခဲ့ခြင်းဖြစ်ကြောင်း BGF ဘက်က ပြောသည်။

ယခုလို တပ်မတော်နှင့် လက်ရှိ တပ်မတော်၏ ကွက်ကဲမှုအောက်ရှိ ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ကြား ဆက်ဆံရေး တင်းမာလာနိုင်ပြီး စစ်ရေးတင်းမာပြီးနောက် တကျော့ပြန် တိုက်ပွဲများ ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်သည်ဟု ကေအိုင်စီသို့ ပြောသည်။

“ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့အနေနဲ့ ကရင်ပြည်နယ်အတွင်းမှာ လက်ရှိ ငြိမ်းချမ်းရေးအနေအထား မထိခိုက်အောင် အလေးထားဆောင်ရွက်ကြဖို့ ကျနော်တို့ ခေါင်းဆောင်ပိုင်းတွေက အောက်လက်ငယ်သားတွေကို အဆင့်ဆင့်မှာကြားထားပြီး ဖြစ်ပါတယ်” ဟု  BGF တပ်နယ် အရာရှိတစ်ဦးက ပြောသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ကို ၂၀၁၀ ပြည့်နှစ်၊ ဩဂုတ်လအတွင်း တိုးတက်သော ကရင် အမျိုးသားတပ်မတော် DKBA မှ တပ်ရင်း ၁၂ ရင်းနှင့် ကရင့်ငြိမ်းချမ်းရေးတပ်ဖွဲ့ KPF မှ တပ်ရင်း ၁ ရင်း စုစုပေါင်း တပ်ရင်း ၁၃ ရင်းဖြင့်  စတင်ဖွဲ့စည်းစဉ်က အင်အား ၃,၀၀၀ ခန့်ဖြင့်စတင် ဖွဲ့စည်းခဲ့သော်လည်း လက်ရှိတွင် ထပ်မံ တိုးချဲ့ထားသော တပ်နယ်များမှ တပ်ဖွဲ့ဝင်များအပါအဝင် စုစုပေါင်း အင်အား ၈,၀၀၀ ခန့်ရှိကြောင်း သိရသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...