မိုးကုတ်ကျောက်တူးသူများထံ လက်နက်ကိုင်အဖွဲ့ ဆက်ကြေးကောက်နေ

မိုးကုတ်ကျောက်တူးသူများထံ လက်နက်ကိုင်အဖွဲ့ ဆက်ကြေးကောက်နေ

မိုးကုတ်မြို့တွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ မှ ကျောက်တူးနေသူများထံသည့် ငွေကြေး (ဆက်ကြေး) ကောက်ခံမှုပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

ယနေ့(ဇန်နဝါရီ ၁၃)ရက်တွင် မိုးကုတ်မြို့နယ် ဘော်မားကျေးရွာ၌ မိရိုးဖလာ ကျောက်တူးလုပ်ငန်းလုပ်ကိုင်နေသည့် သူများထံ လက်နက်ကိုင်ဆောင်ထားသည့် အမည်မသိ လူတစု က ငွေကြေး(ဆက်ကြေး) တောင်းခံမှုများ ပြုလုပ် နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အမည်မဖော်လိုသူ အသက် ၃၀ ဝန်းကျင် အမျိုးသားတဦးက ပြောသည်။

“ ကျနော်တို့ က ကျင်းကို နေ့လည် ၁၁နာရီလောက်မှာ ရောက်သွားကြတယ်။ အဲ့မှာ သေနတ်ကိုင်ထားတဲ့ အရပ်ဝတ်နဲ့ လူတယောက်က ညီလေးတို့ကကျောက်တူးတာလား။ အဲ့ဒါဆိုရင် တကျင်းကို ၃သောင်းပေးရမယ်။ ညီလေးတို့ကို ရဲတွေ ဘာတွေ မဖမ်းဖို့ အာမခံတယ်လို့ ပြောတယ်” ဟု ကြုံတွေ့ခဲ့သည့် ဒေသခံ အမျိုးသားက ပြန်လည်ပြောပြသည်။

အဆိုပါ ငွေကြေး လာရောက် တောင်းခံကြသူများမှာ လူဦးရေ ၅ဦးခန့်ရှိပြီး၊ အဖွဲ့အစည်းနာမည် မေးမြန်းသော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိကြောင်း အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသား ပြောသည်။

“ ဒီနေ့ ငွေကြေးပေးဖို့ ကျန်တဲ့သူတွေကို ထပ်ပြီး လာကောက်မယ်လို့ ပြောတယ်” ဟု ၎င်းအမျိုးသားက ပြောသည်။

ယနေ့ ငွေကြေးပေးရန် လာရောက်ပြောဆိုပြီး ငွေပေးရန် ကျန်ရှိသူများအား ထပ်မံလာကောက်ခံသွားမည်ဟု ပြောဆိုသွာသဖြင့် ဒေသခံများကြောက်ရွံစိုးရိမ်နေကြောင်း သိရသည်။

မိုးကုတ်မြို့နယ် ဘော်မားကျေးရွာသည် မိရိုးဖလာ အစဉ်တဆက် ကျောက်တူးသည့်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည့်နေရာဖြစ်ကြောင်း၊ ယခုကဲ့သို့ငွေကောက်ခံခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

မိုးကုတ်မြို့တွင် SPမုန့်တိုက် ပိုင်ရှင် ဦးကျော်ဝင်းကို တအာင်း(ပလောင်) လက်နက်ကိုင် တပ်ဖွဲ့ (TNLA) မှ ဒီဇင်ဘာ ၄ရက် တွင် ဖမ်းဆီးခေါ်ဆောင်သွားကာ ယနေ့ချိန်ထိ ပြန်လည်မလွှတ်ပေးသေးပေ။

ထိုနည်းတူ ၂၀၂၀ အောက်တိုဘာ ၁၇ ရက်တွင်လည်း မိုးကုတ်မြို့နေ အသက် ၅၃နှစ်အရွယ် ဒေါ်ခင်မြင့်ဌေးကို TNLA မှ ဖမ်းဆီး ရိုက်နှက် စစ်ဆေးမှုပြုလုပ်ကာ TNLAကို ငွေကျပ်သိန်း (၆၅၀) ပေးဆောင်ပြီး ပြန်လွှတ်လာခဲ့သည်။

နန်းမွေရေးသားပေးပို့သည်။

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...