ရခိုင်ပြည်နယ်တွင် မဲမသမာမှု ခြောက်သောင်းကျော်ရှိဟု တပ်မတော်ထုတ်ပြန်

ရခိုင်ပြည်နယ်တွင် မဲမသမာမှု ခြောက်သောင်းကျော်ရှိဟု တပ်မတော်ထုတ်ပြန်

အိမ်စိုးဖြူ — ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ နေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မဲမသမာမှုများကို တပ်မတော်မှ သတင်းထုတ်ပြန်နေရာတွင် ရခိုင်ပြည်နယ်တွင် စစ်တွေမြို့ အပါအဝင် မြို့နယ် ၅ ခု၌ မဲမသမာမှု ခြောက်သောင်းကျော် အထိရှိကြောင်း ဖော်ပြထားသည်။

၂ဝ၂ဝပြည့်နှစ် ဒီဇင်ဘာ၂၃ ရက်နေ့မှ ဇန်နဝါရီလ ၆ ရက်နေ့ထိ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက် အစာရင်းအရ မဲမသမာမှု ဖြစ်ခဲ့သည့် မြို့နယ်များမှာ စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ဂွနှင့် မာန်အောင်မြို့နယ်တို့ ဖြစ်ကြောင်း၊ မဲမသမာမှု စုစုပေါင်း ၆၆၁ဝ၅ မဲရှိကြောင်း ဖော်ပြသည်။

မြို့နယ်ချင်းအလိုက ်မဲမသမာမှုများမှာ စစ်တွေမြို့တွင် ၃၄၃၈၉ မဲ၊ ဂွမြို့တွင် ၁၃၁၇၉ မဲ၊ အမ်းမြို့နယ်တွင် ၄၁၅၃မဲ၊ တောင်ကုတ်မြို့နယ်တွင် ၄ဝရဝ မဲနှင့် မာန်အောင်မြို့နယ်တွင် ၁ဝ၃၁၄ မဲတို့ရှိခဲ့သည်ဟု ဖော်ပြထားသည်။

တပ်မတော်မှ မဲမသမာမှုနှင့် ပတ်သက်ပြီး စာရင်းထုတ်ပြန်ရာတွင် လက်ရှိ အချိန်ထိ မပါဝင်သေးသည့် ရခိုင်မှ မြို့နယ်များမှာ သံတွဲ၊ ကျောက်ဖြူနှင့် ရမ်းဗြဲ မြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။

၂ဝ၂ဝ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် မြို့နယ် ၈ ခုမှ မဲပေးခွင့် ရရှိသူဦးရေမှာ ၄၇၇၉၇၅ ဦးရှိပြီး ထိုအထဲတွင် မဲပေးသူ ဦးရေမှာ ၃၂၉၉၆ဝ ဦးသာရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မဲလာပေးသူ ၃၂၉၉၆ဝ ဦးတွင်လည်း မဲရုံတွင် လာပေးသူမှာ ၂၅၁၄ဝ၂ ဦးသာရှိပြီး ကြိုတင်မဲ ပေးသူမှာ ၇၈၅၅၈ ဦးရှိသည်။ မဲပေးသူ အရေအတွက်မှာ ၆၉ ဒဿမ ဝ၄ ရခိုင်နူန်းရှိသည်ဟု ဖော်ပြထားသည်။

ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာစောင့်ကြည့်လေ့လာရေးအဖွဲ့( AEMOC) မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုသန်းလှကလည်း မကြာမီက ကျင်းပခဲ့သည့် ရွေးကောက်ပွဲမှာ တရားမျှတမှုမရှိ၊ မဲမသာမှုများ၊ ခြိမ်းခြောက်မှုများ ရှိခဲ့ကြောင်း ပြောသည်။

“ကျွန်တော်တို့AEMOC အနေနဲ့ ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးက ကျင်းပခဲ့တဲ့ရွေးကောက်ပွဲကို စောင့်ကြည့်ရေးလုပ်ခဲ့ကြတယ်။ ကျွန်တော်တို့ သတင်စာရှင်းလင်းပွဲလည်း လုပ်ခဲ့တယ်။ ဒီရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တယ်။ရွေးကောက်ပွဲကျင်းပနေဆဲအထဲမှာလည်း မဲမသမာမှုတွေ ရှိခဲ့တာကိုလည်း ကျွန်တော်တို့ ထောက်ပြခဲ့တာရှိတယ်။ မဲပေးတဲ့အချိန်မှာ ခြိမ်းခြောက်မှု တွေရှိတယ်။ အခုတပ်မတော်ကလည်း ထုတ်ပြန်တာကောင်းတယ်လို့ ပြောလို့ရပါတယ်” ဟုပြောသည်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်ထဲမှ ၉ မြို့နယ်မှာ ၂ဝ၂ဝပြည့်နှစ် ပါတီစုံရွေးကောက်ပွဲတွင် ချန်လှပ်ခံခဲ့ရပြီး ကျန် ၈ မြို့နယ်တွင်လည်း ပြည်နယ်လွှတ်တော် ၂ နေရာနှင့် ကျေးရွာအုပ်စုအများအပြား ချန်လှပ်ခံခဲ့ရသည်။

ကျင်းပခဲ့သည့် မြို့နယ်များတွင်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲမသမာမှုများ ရှိခဲ့ပြီး မဲစာရင်းတွင် အမည် မပါ၍ မဲမပေးရသူများ၊ သေဆုံးပြီးသားလူနာမည်များပါနေသည်များကို တွေ့ရှိခဲ့ရသဖြင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့် ဒေသခံများ၏ ဝေဖန်မှုများ မြှင့်တက်ခဲ့ကြောင်း သတင်းရရှိသည်။

ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...
August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...
ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...