ဒေါက်တာအေးမောင်မှ ရွေးကောက်ပွဲ အောင်မြင်မှု အထိမ်းအမှတ်အဖြစ် သံဃာအသျှင် သူမြတ်များအား ဂါရဝပူဇော်ပွဲ ပြုလုပ်

ဒေါက်တာအေးမောင်မှ ရွေးကောက်ပွဲ အောင်မြင်မှု အထိမ်းအမှတ်အဖြစ် သံဃာအသျှင် သူမြတ်များအား ဂါရဝပူဇော်ပွဲ ပြုလုပ်
by -
နိရဥ္စရာ
ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၏ အမ်းမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်မှု အထိမ်းအမှတ်အဖြစ် သံဃာ ၁၅ ပါးတို့အား ဂုဏ်ပြုပူဇော်ပွဲတစ်ခုကို ဧပြီလ ၄ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပြည်လုံးချမ်းသာဘုရား သိမ်တော်ကြီး၌ ပြုလုပ်ခဲ့သည်။

ရခိုင်အမျိုးသားပါတီသည် ရခိုင်အမျိုးသားစိတ်ဓါတ်ဖြင့် ရခိုင့်လူ့ဘောင် တိုးတက်ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေသော ပါတီဖြစ်ကြောင်း၊ ၁၇ မြို့နယ်လုံး၌ ၂၀၂၀ ရွေးကောက်ပွဲတွင် အောင်လံစိုက်ထူနိုင်ရန် တစိုက်မတ်မတ်ကြိုးစားနေသည်ဟု ANP ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဆရာတော်ကြီးများအား လျှောက်ထားခဲ့သည်။

“အမ်းကြားဖြတ် ရွေးကောက်ပွဲ အောင်မြင်မှုဟာ ၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်မှုအတွက် အခြေခံ အောင်မြင်မှု ဖြစ်ပါတယ်အရှင်ဘုရား၊ ဘုရားတပည့်တော်တို့ ANP အနေနဲ့ ပြည်သူတွေနဲ့ တသားတည်းကျအောင် ကြိုးစားဆောင်ရွက်သွားပါမယ်ဘုရား”ဟု ဒေါက်တာအေးမောင်က လျှောက်ထားခဲ့သည်။

အခမ်းအနားတွင် သဘာပတိ အဖြစ်ဆောင်ရွက်သည့် ဒက္ခိဏရာမကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်က သြဝါဒ စကားမိန့်ကြားခဲ့သည်။

“အမ်းကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့အတွက် ဆရာတော်တို့ အနေနဲ့လည်း ၀မ်းသာရပါတယ်။ ညီညာလက်တွဲမှု ရှိရင်တော့ အစစအရာရာ အဆင်ပြေပြီး၊ လုပ်တဲ့အလုပ်အပေါ်မှာလည်း အောင်မြင်ပြီးစီး စေပါတယ်။ ပြောဆိုရာမှာလည်း ချင့်ချိန်ပြီးပြီးတော့ ပြောသင့်တဲ့အရာကိုသာ ပြောဆိုသင့်ပါတယ်”ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ပါတီခေါင်းဆောင်များက ဆရာတော်ကြီးများအား သင်္ကန်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ရခိုင်ပြည်နယ် ကုန်သွယ်လယ်ယာ အငြိမ်းစား ဦးကျော်မြသိန်းက ဒေါက်တာအေးမောင်အား ရခိုင့်ဂုဏ်ဆောင်ပုဂ္ဂိုလ်အဖြစ်သတ်မှတ်ကာ ရခိုင့်တံခွန်ဆုအဖြစ် ဘီစီ ၅၂၀ ခု ဝေသာလီခေတ် နိတိစန္ဒြားမင်းလက်ထက် ငွေင်္ဒါးနှင့် မြောက်ဦးခေတ်ငွေဒင်္ဂါးများအား အခမ်းအနားတွင် ချီးမြှင့်ခဲ့သည်။

ရခိုင်အမျိုးသားပါတီအောင်နိုင်ရေး အထောက်အကူပြု CSO များ ပူးပေါင်းကော်မတီ ရက္ခဗျာလ္လ အမ်းရိုးမ မှလည်း ဆရာတော် တစ်ပါးကို ငွေ ၁ သောင်းကျပ်ကျစီ ဆက်ကပ်လှူဒါန်းခဲ့သည်။

အခမ်းအနားသို့ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်၊ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်၊ ANP လွှတ်တော်အမတ်တချို့နှင့် ထောက်ခံအားပေးသူ ရ၀ ခန့်တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...