ပီနံအိတ်ကြီး(၆)အိတ်ဖြင့်ထည့်ထားသည့် ဘိန်းစာရွက် ၉၀ ကီလိုကျော် ကလော့သော့ကျေးရွာတွင် ဖမ်းဆီးရမိ

ပီနံအိတ်ကြီး(၆)အိတ်ဖြင့်ထည့်ထားသည့် ဘိန်းစာရွက် ၉၀ ကီလိုကျော် ကလော့သော့ကျေးရွာတွင် ဖမ်းဆီးရမိ

မုဒုံမြို့နယ် ကလော့သော့ကျေးရွာရှိ မင်းပိုင်စိုးနေအိမ်မှ ဇန်နဝါရီ ၅ ရက်နေ့ ညနေပိုင်းအချိန်က ဘိန်းစာရွက် ၉၀ ကီလိုဂရမ်ကျော် ဖမ်းဆီးရမိကြောင်း ကမာဝက်နယ်မြေရဲစခန်းထံမှ သတင်းရရှိသည်။

”မူးယစ်ဆေးဝါးတွေ ရောင်းချနေတဲ့သတင်းရတော့ ကျနော်တို့အဖွဲ့တွေသက်သေတွေခေါ်ပြီး နေအိမ်ကို ဝရမ်းနဲ့ဝင်ရှာတာပေါ့၊ နေအိမ်မှာ မင်းပိုင်စိုးကို ဘိန်းစာရွက်တွေနဲ့ မိတယ်ပေါ့၊ ဥပဒေအတိုင်း အမှုဖွင့် အရေးယူထားပါတယ်"ဟု ကမာဝက်နယ်မြေရဲစခန်းက စခန်းမှူး ရဲအုပ်ကျော်မြင့်နိုင် က ပြောသည်။

၎င်း၏ နေအိမ်အပေါ်ထပ် အနောက်ဘက်အခန်းအတွင်း ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေရာတွင် ပီနံအိတ်ကြီး(၆)အိတ်နှင့်ထည့်ထားသည့် ဘိန်းစာရွက်အစို (၉၀) ကီလိုဂရမ်ကျော် ရှာဖွေတွေ့ရှိပြီး မင်းပိုင်စိုးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရဲမှတ်တမ်းက ဖော်ပြသည်။

“မူးယစ်ဆေးဝါးဆိုတာက ကျနော်တို့ရဲ့ဒေသ ကျနော်တို့ရဲမြေပေါ်မှာ မရှိစေချင်ဘူး၊ ရှိလည်းမရှိသင့်တဲ့ အရာပေါ့နော်၊ ရွာကလူငယ်အများစုက ဒါတွေနဲ့ပတ်သက်နေတာတွေ့ရတော့ ကျနော်တို့မွန်လူငယ်တွေအတွက် ရင်လေးမိတယ်ပေါ့၊ ဖမ်းဆီးမှုတွေကိုတော့ ထောက်ခံကြိုဆိုပါတယ်၊ ဒါပေမယ့် ကိုင်းဖျားကိုင်းနားအပါအဝင် ပင်ရင်းကိုပါ ဖမ်းဆီးရမိစေချင်တယ်၊ ဒါမှမူးယစ်ဆေးဝါးတွေ လျှော့ပါးပပျောက်သွားမှာပေါ့"ဟု ကလော့သော့ကျေးရွာမှ ကျောင်းဆရာအငြိမ်းစားတစ်ဦးက ပြောသည်။

ဘိန်းစာရွက်များနှင့်အတူတွေ့ရှိသူ မင်းပိုင်စိုး(အသက် ၂၂ နှစ်) အား ကမာဝက်နယ်မြေရဲစခန်းမှ မယ(ပ) ၁/၂၀၂၁ မူး/စိတ်ဥပဒေပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားရှိသည်ဟု ဆိုသည်။

အလားတူ မုဒုံမြို့နယ် သာယာကုန်းကျေးရွာမှ ဘိန်းစာရွက်စိုက်ခင်းနှင့် နိုင်ပြိုင်ကျေးရွာမှ ဘိန်းစာပင်စိုက်ပျိုးသူများကို ပြီးခဲ့သည့်ဒီဇင်ဘာလတွင် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးအရေးယူထားသည်။

မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းရှိ ရထားလမ်းကူးတစ်ခုကို တွေ့ရစဉ်။ / Crd
September 21, 2026
မွန်ပြည် မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းတစ်လျှောက်ရှိ တရားမဝင် ရထားလမ်းကူးများကို...
မွန်ပြည်အတွင်းရှိ နေလှန်းဆားကွင်းတစ်ခု၌ ဆားရိတ်သိမ်းနေသည်ကို တွေ့ရစဉ်။ / Crd - ပုံဟောင်း
September 21, 2026
မွန်ပြည်၌ နေလှန်းဆားကြမ်း ဈေးနှုန်းတစ်ပိဿာလျှင် ကျပ် ၅၀၀ ဝန်းကျင်သာ ရှိတော့သဖြင့် ကြိုတင်ဝယ်ယူ...
ဓာတ်ပုံ - Crd
September 19, 2026
မွန်အမျိုးသားလွတ်မြောက်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် အနာဂတ်အကြံပြုချက်များနှင့်...
September 18, 2026
မွန်ပြည်၊ ရေးမြို့နယ်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါး သုံးစွဲသူနှင့်...