ပါတီရုံးမဟုတ်သည့်တတိယနေရာမှာသာ တွေ့ဆုံသွားရန် MUP အမြဲတမ်းအဆင်သင့်ရှိနေဟုဆို

ပါတီရုံးမဟုတ်သည့်တတိယနေရာမှာသာ တွေ့ဆုံသွားရန် MUP အမြဲတမ်းအဆင်သင့်ရှိနေဟုဆို
Photo-မွန်ညီညွတ်ရေးပါတီ CEC အစည်းအဝေး (MUP)
Photo-မွန်ညီညွတ်ရေးပါတီ CEC အစည်းအဝေး (MUP)

စိုင်းထွန်းစံ — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဖို့ ထပ်မံကမ်းလှမ်းလာပါက ပါတီရုံးမဟုတ်သည့် တတိယကြားနေရာမှာသာ လက်ခံတွေ့ဆုံသွားရန် အဆင်သင့်ရှိကြောင်း မွန်ညီညွတ်ရေးပါတီ MUP က ဆိုသည်။

“ပြည်ထောင်စုအတွက် အကျိုးရှိမယ်ဆိုရင် ဘယ်အဖွဲ့အစည်း၊ ဘယ်ပါတီနဲ့မဆို တတိယနေရာတခုခုမှာ ဆွေးနွေးဖို့ ကမ်းလှမ်းလာခဲ့မယ် ဆွေးနွေးဖို့အမြဲတမ်း အဆင်သင့်ရှိပါတယ်” ဟု မွန်ညီညွတ်ရေးပါတီ ပြောခွင့်ရ တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမက ပြောသည်။

သို့ရာတွင် မွန်ညီညွတ်ရေးပါတီနှင် ထပ်မံတွေ့ဆုံရန် ရှိ၊ မရှိကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးက စဉ်စားဆုံးဖြတ်သွားမည်ဖြစ်ကြောင်း တွေ့ဆုံဆွေးနွေးသည့် အဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်မိုးညိုက ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ဒေါက်တာ အောင်မိုးညိုက “ဗဟိုအလုပ်မှုဆောင်အဖွဲ့က တင်ပြတာကို ကြည့်ပြီးတော့မှ သူတို့က ဘယ်ပြည်နယ်သွား ဟိုပြည်နယ်သွား၊ ဒီပြည်နယ်သွားဆိုရင် ကျနော်သွားရမှာပေါ့။ ဒီမှာထပ်လာခဲ့ဦး (မွန်ပြည်နယ်) ထပ်ပြီးတော့မှ ဒီအပြင်နေရာသွားတွေ့ပါ ညွန်ကြားရေးရှိရင်တော့ တွေ့မှာပေါ့။ ဒါကတော့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ အပေါ်မူတည်တယ်။ နောက်ဘယ်ပြည်နယ်သွားမလဲဆိုတော့ ကျနော်ကဆုံးဖြတ်လို့ မရဘူး ဗဟိုအလုပ်မှုဆောင် ဆုံးဖြတ်ချက်နဲ့သွားရတာ” ဟု ပြောကြားခဲ့သည်။

ထို့အပြင် မွန်ညီညွတ်ရေးပါတီ အနေဖြင့် ဆွေးနွေးမည့် အဖွဲ့အစည်းအားလုံးကို ကြိုဆိုပြီး လက်ခံဆွေးနွေးရန် အသင့်ရှိကြောင်း၊ အပြန်အလှန် အလျှော့အတင်း ရှိမှသာ ဆွေးနွေးပွဲများ ဖြစ်မြောက်အောင်မြင်နိုင်မည် ဖြစ်ကြောင်း နိုင်လယိတမ ဆိုသည်။

“နိုင်ငံရေးမှာ အပြန်အလှန် လေးစားအသိအမှတ်ပြုပြီးတော့ တစ်ဖက်နှင့် တစ်ဖက်၊ အလျော့အတင်း အပေးအယူလုပ်တဲ့ ယဉ်ကျေးမှုရှိမှသာလျှင် ဆွေးနွေးပွဲတွေက အောင်မြင်လာနိုင်မယ် အနေထားရှိတယ်။ အခုဒီဆွေးနွေးပွဲ ပျက်သွားမယ်ဆိုရင် တစ်ဖက်က တရားသေဆုတ်ကိုင်ပြီးတော့ အပြန်အလှန်အပေးအယူ လျော့သင့်တဲ့ နိုင်ငံရေးယဉ်ကျေးမှုတွေ အားနည်းသွားနေတာလားလို့ မြင်မိပါတယ်” ၎င်းက ပြောကြားခဲ့သည်။

မွန်ညီညွတ်ရေးပါတီနှင့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်အဖွဲတို့ မော်လမြိုင်မြို့၌ ဆွေးနွေးမည့်နေရာအတွက် သဘောတူညီမှုမရသဖြင့် ဒီဇင်ဘာ ၄ ရက်နေ့ နံနက် ၉ နာရီ နှစ်ဖက်တွေ့ဆုံဆွေးနွေးမည့်အစီအစဉ် ပျက်ခဲ့ရပြီးဖြစ်သည်။

မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းရှိ ရထားလမ်းကူးတစ်ခုကို တွေ့ရစဉ်။ / Crd
September 21, 2026
မွန်ပြည် မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းတစ်လျှောက်ရှိ တရားမဝင် ရထားလမ်းကူးများကို...
မွန်ပြည်အတွင်းရှိ နေလှန်းဆားကွင်းတစ်ခု၌ ဆားရိတ်သိမ်းနေသည်ကို တွေ့ရစဉ်။ / Crd - ပုံဟောင်း
September 21, 2026
မွန်ပြည်၌ နေလှန်းဆားကြမ်း ဈေးနှုန်းတစ်ပိဿာလျှင် ကျပ် ၅၀၀ ဝန်းကျင်သာ ရှိတော့သဖြင့် ကြိုတင်ဝယ်ယူ...
ဓာတ်ပုံ - Crd
September 19, 2026
မွန်အမျိုးသားလွတ်မြောက်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် အနာဂတ်အကြံပြုချက်များနှင့်...
September 18, 2026
မွန်ပြည်၊ ရေးမြို့နယ်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါး သုံးစွဲသူနှင့်...