ထားဝယ်မြို့မရဲစခန်း ဒုရဲအုပ်မျိုးမြင့်ဦးက“တရားစွဲနိုင်လောက်တဲ့အထောက်အထားမရှိသေးလို့။ မသင်္ကာတဲ့ လူတွေကျတော့ သုံးယောက်လေးယောက်လောက်ရှိတယ်။ စောင့်ကြည့်နေတယ်။ တရားစွဲတင်နိုင်တဲ့ အ ထောက်အထားတွေရှာတယ်။ အဲ့လိုအခြေအနေတော့ရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
အသတ်ခံရသူ နော်ချစ်ပန်းတိုင် ပါ၀င်ဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ၄င်းနှင့် ဆက်နွယ် ပတ်သက်နေသူအချို့ကို စစ်ဆေးရမည်ဖြစ်သည့်အတွက် လူမျိုး၊ ဘာသာစကားနှင့် နယ်မြေမတူသော ကြောင့် ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရန် အခက်အခဲနှင့် အကန့်အသတ်များရှိနေသဖြင့် ယနေ့တိုင် တရားခံဖော် ထုတ် နိုင်မှုမရှိသေးဘဲ ကြန့်ကြာရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
အသတ်ခံရသူ နော်ချစ်ပန်းတိုင်သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ(၁၉)ရက်တွင် ထားဝယ်မြို့ ရွှေဝယ်သီရိအား ကစား ကွင်း၌ ပြုလုပ်သည့် မြန်မာနိုင်ငံဂီတအစည်းအရုံး ရံပုံငွေအဆိုပြိုင်ပွဲဝင်ရန် သွားရောက်စဉ် ပွဲစင်မြင့် နောက်ဘက် အနီးတွင် ဓားအထိုးခံပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။
၎င်းအမှု ကြန့်ကြာနေမှုနှင့် ပတ်သက်၍ ထားဝယ်ဒေသလူမှှုအဖွဲ့အစည်းဖြစ်သည့် မြေမြုပ်မှိှုင်းအန္တရာယ်အကြံ ပေးအဖွဲ့ တာဝန်ခံ နော်အဲလစ်ဇဘက်က” ဒီအမှှုက ကျမတို့ ကရင်လူထုတော်တော်များများက အရမ်းကို စိတ် ဝင်စားတယ်။ တာဝန်ရှိသူတွေက သွေးမအေးဘဲ အမြန်ဆုံးဖော်ထုတ်စေချင်တယ်။ သူတို့တွေက ဒီအမှှုကို ပေါ်ရမယ်။ အရင်းခံစိတ်ရှိဖို့လိုတယ်။ အလေးမထားတဲ့အတွက် ဒီလိုမျိုးအချိန်တွေကြာရတယ်လို့ ဘဲကျမတို့က မြင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အသတ်ခံရသူ နော်ချစ်ပန်းတိုင်သည် မြေမြုပ်မှိှုင်း အန္တရာယ်အကြံပေးအဖွဲ့တွင် လုပ်ကိုင်နေသည့်အဖွဲ့ ၀င်ဖြစ် ပြီး ထားဝယ်ဒေသရှိ အကြီးစားစီမံကိန်းများအတွက် ဒေသခံထိခိုက်နစ်နာမှှုအပေါ် လိုက်ပါကူညီဆောင်ရွက် ပေးခဲ့သူလည်းဖြစ်ခြင်းကြောင့် ၎င်းအသတ်ခံရမှှုသည် ထားဝယ်ဒေသရှိလူမှှုအဖွဲ့ အစည်းများအပေါ် ခြိမ်း ခြောက်ခြင်းဖြစ်သည့်အတွက် အမှှုမှန် အမြန်ဆုံးဖော်ထုတ်ပေးရန် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ၂၁ ရက်တွင်လည်း ထားဝယ်ဒေသရှိလူမှှုအဖွဲ့ ၂၃ ဖွဲ့က ကြေငြာချက်ထုတ်ပြန် တောင်းဆိုခဲ့သည်။
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဘန်ခင်မြို့နယ်ရှိ ကွန်ဒိုတိုက်ခန်း၌ ကရင် တိုင်းရင်းသူဖြစ်သူ နန်းဖော့အဲမွီ(ခေါ်)နန်းဌေးဌေးဦး သည်လည်း အသတ်ခံရကြောင်း သတင်းများ ထွက်ပေါ်ခဲ့ သည်။







