မြိတ်-ကော့သောင်း လမ်းပိုင်းကို သွားလာခြင်းမပြုရန် မြိတ်ခရိုင် ပကဖ အသိပေး

မြိတ်-ကော့သောင်း လမ်းပိုင်းကို သွားလာခြင်းမပြုရန် မြိတ်ခရိုင် ပကဖ အသိပေး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုးနေသောကြောင့် ပြည်သူများ သွားလာခြင်းမပြုလုပ်ရန် အသိပေးထုတ်ပြန်ထားသည်ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီမှ စတင်ပြီး မြိတ်မြို့နယ်မှ ကော့သောင်းမြို့နယ်အထိ ပြည်ထောင်စု လမ်းပိုင်းကို စစ်အုပ်စုတပ်မှ စစ်ကြောင်းထိုးလာပြီး နှစ်ဖက်တိုက်ပွဲများဖြစ်ပွား လာနိုင်သောကြောင့် ယခုလို ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်ကြောင်းမနေ့က စပြီးတော့ ထိုးလာတဲ့အတွက် အခုလိုထုတ်ပြန်ရခြင်း ဖြစ်ပါတယ်။ ခရီးသွားပြည်သူတွေ အနေနဲ့လည်း အရေးပေါ်ကိစ္စတွေရှိရင် ကြိုတင်အကြောင်းကြားပြီးမှ သွားကြဖို့ အသိပေးလိုပါတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ခရီးသွား ပြည်သူများအနေဖြင့် အရေးပေါ် ကိစ္စများရှိပါက ဆိုင်ရာ တော်လှန်ရေး အဖွဲ့အစည်းများထံ ဆက်သွယ်အကြောင်းကြား အသိပေး၊ ခွင့်ပြုချက်ရမှသာ သွားလာပေးကြပါရန်နှင့် သွားလာချိန်တွင် ကားများကို မှန်ချမောင်းနှင် ပေးရန် မေတ္တာရပ်ခံလိုကြောင်း မြိတ်ခရိုင် ပကဖ မှ ထုတ်ပြန်ထားသည်။

၎င်းအပြင် စစ်ကောင်စီမှ မြိတ်ခရိုင်အတွင်း နယ်မြေစိုးမိုးမှု ပြန်လည်ရရှိနိုင်ရေး အတွက်လေ ကြောင်းမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒရုန်းနှင့် ဗုံးသီးချခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ကူပေးခြင်းများကို ယနေ့အချိန်ထိ မကြာခဏလုပ်ဆောင်လျက် ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်များအရ သိရသည်။

Photo: မြိတ်ခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်

ဓာတ်ပုံ - CJ
September 18, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းတွင် လမ်းသွားလမ်းလာ နန်းကော်...
သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
September 18, 2026
ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း...
ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...
September 17, 2026
စစ်အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်ထားသည့် ကရင်ပြည်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များတွင် လူသူ...