ဖရူဆိုမှာ စစ်တပ်က အရပ်ဝတ်နဲ့ တပ်ပြင်ထွက်ပြီး မြေမြှုပ်မိုင်း ထောင်တာတွေ ရှိလာ၊ တိရစ္ဆာန်တွေ မကြာခဏ မိုင်းထိနေ

ဖရူဆိုမှာ စစ်တပ်က အရပ်ဝတ်နဲ့ တပ်ပြင်ထွက်ပြီး မြေမြှုပ်မိုင်း ထောင်တာတွေ ရှိလာ၊ တိရစ္ဆာန်တွေ မကြာခဏ မိုင်းထိနေ
Photo credit - CJ
Photo credit - CJ

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ တောင်ယာခင်းတွေအထိအပြင် လူသွားလာနိုင်တဲ့နေရာတွေကို စစ်ကော်မရှင်တပ်သားတွေက အရပ်ဝတ် ဝတ်ဆင်ပြီး တပ်ပြင်ထွက်ကာ မြေမြှုပ်မိုင်းထောင်နေတာတွေ ရှိတယ်လို့ မြေပြင်သတင်း အရင်းအမြစ်က ဆိုပါတယ်။

“ကျေးရွာ အနီးနဲ့ တောင်ပေါ်ပတ်ဝန်းကျင်မှာဆို တော်တော်များများ ထောင်ထားတယ်။ သူတို့က လူအင်အားနည်းတယ် ပြောရမလား၊ ဆိုတော့ မိုင်းကို ပိုပြီး အားကိုးလာတာလဲ ပါတာပေါ့၊ တောင်ပေါ်မှာလဲ သွားထောင်တယ်၊ ပြီးတော့ အရပ်ဝတ်နဲ့ တစ်ယောက်နှစ်ယောက်သွားပြီးတော့ သူတို့ ထောင်တာမျိုးရှိတယ်” လို့ မြေပြင် သတင်းအရင်းမြစ်က ပြောပါတယ်။

ဒီးမော့ဆို၊ ဖရူဆိုလမ်းမကြီးကို သွားလာနိုင်ဖို့ ကင်းရှည်ယူထားပြီး ယခင်နှစ်တွေနဲ့ မတူပဲ ကျေးရွာအနီးဝန်းကျင်အပြင် တောင်ပေါ်တွေ အထိပါ မြေမြှုပ်မိုင်း ထောင်လာတာမျိုး ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ကော်မရှင် မြေမြှုပ်မိုင်းကြောင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာပြီး စက်တင်ဘာ ကနေ နိုဝင်ဘာလ အထိ နွားအကောင်ရေ ၂၀ ထက်မနည်း မိုင်းနင်းမိသွားတာ ရှိတယ်လို့ ဆိုပါတယ်။

“ပွင့်လင်းရာသီရောက်လာတာနဲ့ ခနခန မိုင်းကွဲတယ်၊ မိုင်းထိထားတဲ့ နွားတွေလည်း အတော်တွေ့ရတယ်။ ဒီ ထီးပေါ်ဆိုနဲ့ နီးတဲ့ တောထဲဘက်မှာပဲ၊ အဲ့တော့ လူထုတွေက သတိထားရမယ်၊ သွားလာတဲ့ နေရာမှာ” လို့ အဆိုပါ မြေပြင်သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

ဖရူဆို၊ ဒီးမော့ဆို လမ်းမကြီးတလျှောက်ကို လူထုအနေနဲ့ သွားလာသတိထားကြဖို့ တော်လှန်ရေး တပ်ဖွဲ့တွေကလည်း သတိပေးထားတာ ရှိပါတယ်။

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...