သေနတ်လုရာမှ ပစ်ခတ်မှု ဖြစ်၍ ပေါက်တောမြို့နယ်တွင် အရပ်သားတစ်ဦးသေဆုံးဟု ရဲကဆို

သေနတ်လုရာမှ ပစ်ခတ်မှု ဖြစ်၍ ပေါက်တောမြို့နယ်တွင် အရပ်သားတစ်ဦးသေဆုံးဟု ရဲကဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် နတ်ရှင်ကျေးရွာတွင် ရဲတပ်သားတစ်ဦးထံမှ သေနတ်လု၍ ပစ်ခတ်မှု ဖြစ်ပွားရာ အရပ်သား တစ်ဦး သေဆုံးသွားကြောင်း ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ နယ်ထိန်းရဲအုပ် ဦးသန်းဌေးက နိရဥ္စရာသို့ပြောသည်။

narinjaa0104“ ကျောက်စု အုပ်စုအုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင် သုံးဦး လှည့်ကင်းဆောင်ရွက်နေချိန်မှာ သောက်စား မူးယစ်နေတဲ့ ဦးမောင်သန်းကို ဖမ်းဆီးခေါ်ဆောင်လာတဲ့အခါ ယာက်ဖ ဖြစ်သူမောင်ဖြူဒေါင်းက နောက်ယောင်ခံ လိုက် လာပြီး ရဲတပ်သား ထွန်းလင်းဆီက သေနတ်လုတော့ ပစ်ခတ်မှုဖြစ်တယ်။ အဲဒီမှာ ပစ်ခတ်မှု ဖြစ်ပါတယ်။ မောင်ဖြူဒေါင်းရဲ့ ၀မ်းဗိုက်ကို လျှပ်ပြီးထိမှန်သွားခဲ့ပါတယ်။ လျှပ်ထိခြင်းကြောင့် ဗိုက်က အူတွေထွက်ကျလာခဲ့ပါတယ်။ ပေါက်တောဆေးရုံကို ယူလာတော့ ဆေးရုံမှာဘဲ သေဆုံးသွားပါတယ်” ဟု ၄င်းကပြောဆိုသည်။

သေနတ် ကျည် ထိမှန်သေဆုံးသူမှာ နတ်ရှင်ကျေးရွာမှ အသက် (၂၉) နှစ်အရွယ် ဦးမောင်ငယ်၏သား ဦးမောင်ဖြူဒေါင်း ဖြစ်ပြီး ဒါဏ်ရာကြောင့် ဧပြီ ၄ ရက် မနက် ၂ နာရီ ၅၅ မိနစ်မှာ ပေါက်တော ဆေးရုံတွင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှူးရုံးမှ ပြောကြားချက်အရ သိရသည်။

မှူးခင်းနှင့် ပတ်သတ်ကာ သက်ဆိုင်ရာ မှူးခင်းဆရာဝန်များ၏ စစ်ဆေးမှူ အဖြေ မသိရသေးသော်လည်း ရဲတပ်ဖွဲ့မှူးရုံးမှ ဦးဖြူဒေါင်းမှာ သောက်စားထားသည်ဟု ယူဆရကြောင်း ရဲအုပ် ဦးသန်းဌေးမှ ပြောသည်။

သေဆုံးသူ မောင်ဖြူဒေါင်း၏ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးသော်လည်း နတ်ရှင်ကျေးရွာမှ အမည်မဖော်လိုသူတစ်ဦးက ဖဲဝိုင်းဖမ်းဆီးရာမှ အချင်းများပြီး ပစ်ခတ်မူ ဖြစ်ပွားခြင်းဖြစ်ကြောင်း နိရဥ္စရာသို့ ပြောဆိုသည်။

လက်ရှိအချိန်တွင် ပစ်ခတ်ခဲ့သည့် ရဲတပ်သားထွန်းလင်းအား ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဖြင့် အရေးယူရန် ဆောင်ရွက်နေကြောင်းနှင့် ပေါက်တော မြို့မှရဲစခန်းသို့သွားရောက် ခေါ်ဆောင်နေကြောင်း ရဲအုပ် ဦးသန်းဌေးမှ ပြောဆိုသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...