မွန်ပြည်နယ် USDP က UEC ဆန္ဒထုတ်ဖော်ပွဲများ ဆက်တိုက်ပြုလုပ်သွားမည်ဟုဆို

မွန်ပြည်နယ် USDP က UEC ဆန္ဒထုတ်ဖော်ပွဲများ ဆက်တိုက်ပြုလုပ်သွားမည်ဟုဆို

စိုင်းထွန်းစံ — မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဝန်းရံသူများက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC ၏ လုပ်ဆောင်ချက်များကို လက်မခံနိုင်သဖြင့် ဆန္ဒထုတ်ဖော်ပွဲများ ဆက်တိုက် ပြုလုပ်သွားမည်ဟု သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဆန္ဒထုတ်ဖော်မှုများကို မွန်ပြည်နယ်ရှိ (၁၀) မြို့နယ်အတွင်းမှာ ပါတီဝန်းရံ သူများက ပြုလုပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦး ဆိုသည်။

ဦးဝင်းမော်ဦးက “ဒီကနေပြီး ဦးဆောင်ပြုလုပ်တာတော့ မဟုတ်ပါဘူး။ ပါတီထောက်ခံသူ ပါတီဝန်ရံသူတွေရဲ့ ဆန္ဒနဲ့ပေါ့ အဲ့လိုမျိုးလုပ်ကြမယ် မြို့တိုင်းမှာ၊ ကျနော်တို့ကိုတော့ သူတို့တင်ပြတယ်။ လက်ရှိတည်ဆဲဥပဒေနဲ့ အညီကျန်းမာရေး ရှုထောင်နဲ့အတိုင်း ဆောင်ရွက်ဖို့ အကြောင်းပြန်တာပေါ့နော်”  ဟုပြောကြားသည်။

ပါတီအချို့နှင့် USDP ပါတီမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံတော်သမ္မတ တို့ထံအိပ်ဖွင့်ပေးစာ ပေးပို့ထားမှုထဲတွင် လွှတ်လပ်သော စုံစမ်းရေးကော်မတီ ဖွဲ့ပေးဖို့၊ မဲစားရင်းကိန်းကဏန်းများကို တရားဝင် ကူးယူခွင့်ပေးဖို့၊ မဲမသမာမှုတွေကို ဖော်ထုတ်ပေးဖို့ တောင်းဆိုထားသည်ကို ယနေ့ထိ ပြန်လည်ဖြေရှင်းပေးခြင်း မရှိတာကြောင့် ပြုလုပ်ကြခြင်း ဖြစ်ကြောင်း ဆိုသည်။

“ဒါကတော့ UEC မှာရွေးကောက်ပွဲကျင်းပခဲ့တဲ့ အနေထားနဲ့ ပတ်သက်ပြီးတော့ ပါတီဝန်းရံသူတွေ ထောက်ခံသူတွေ သူတို့ကိုယ်တိုင် ခံစားခံရတဲ့ အဖြစ်အပျက်တွေ အပေါ်မှာ အားမလိုအားမရ ဖြစ်တယ်ပေါ့။ ရလဒ်တွေနဲ့ ပတ်သက်ပြီးတော့ သူတို့ခံစားချက်တွေ ဖော်ထုတ်တဲ့ ကိစ္စဖြစ်တော့ ကျနော်တို့အနေနဲ့ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တစ်ခုလိုပဲ ပြောချင်တာပေါ့နော်” ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။

ပထမဦးဆုံးအနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြို့ရေးပါတီ ဝန်းရံသူများက သံဖြူဇရပ်မြို့နယ်တွင် ဒီဇင်ဘာ ၁၅ ရက်နေ့က ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မွန်ပြည်နယ်အတွင်း နေရာအားလုံတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ အနိုင်ရရှိခဲ့သည့် နေရာမရှိခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ပါတီ ၁၃ ခုမှ တိုင်းရင်းသားလူမျိုးရေးရာအပါအဝင် မဲဆန္ဒနယ် ၄၅ ခုရှိပြီး မွန်ညီညွတ်ရေးပါတီ မှ ၁၁ နေရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၃၄ နေရာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းရှိ ရထားလမ်းကူးတစ်ခုကို တွေ့ရစဉ်။ / Crd
September 21, 2026
မွန်ပြည် မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းတစ်လျှောက်ရှိ တရားမဝင် ရထားလမ်းကူးများကို...
မွန်ပြည်အတွင်းရှိ နေလှန်းဆားကွင်းတစ်ခု၌ ဆားရိတ်သိမ်းနေသည်ကို တွေ့ရစဉ်။ / Crd - ပုံဟောင်း
September 21, 2026
မွန်ပြည်၌ နေလှန်းဆားကြမ်း ဈေးနှုန်းတစ်ပိဿာလျှင် ကျပ် ၅၀၀ ဝန်းကျင်သာ ရှိတော့သဖြင့် ကြိုတင်ဝယ်ယူ...
ဓာတ်ပုံ - Crd
September 19, 2026
မွန်အမျိုးသားလွတ်မြောက်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် အနာဂတ်အကြံပြုချက်များနှင့်...
September 18, 2026
မွန်ပြည်၊ ရေးမြို့နယ်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါး သုံးစွဲသူနှင့်...