လမ်းလယ်ကောင် သံတိုင်စိုက်၍ ခြံကာသည့် မင်းပြင်ရွာ အုပ်ချုပ်ရေးမှူး အစ်မဖြစ်သူအား တရားစွဲဆိုတော့မည်ဟုဆို

လမ်းလယ်ကောင် သံတိုင်စိုက်၍ ခြံကာသည့် မင်းပြင်ရွာ အုပ်ချုပ်ရေးမှူး အစ်မဖြစ်သူအား တရားစွဲဆိုတော့မည်ဟုဆို
by -
နိရဥ္စရာ
ကျောက်ဖြူမြို့နယ်၊ မင်းပြင်-ချောင်းဖျား ရွာချင်းဆက်လမ်း အလယ်တည့်တည့်တွင် မင်းပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ အစ်မဖြစ်သူက ထပ်မံ သံတိုင်စိုက်ထူပြီး ခြံစည်းရိုး ကာရန် နေသောကြောင့် ၎င်းလုပ်ရပ်အပေါ် သည်းမခံတော့၍ တရားစွဲဆိုသွားတော့မည်ဟု ချောင်းဖျားကျေးရွာ လူကြီးတစ်ဦးကပြောသည်။

မင်းပြင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုး၏ အစ်မဖြစ်သူ ဒေါ်ခင်သန်းကြည်က လမ်းမြေကို သူမ ပိုင်ဆိုင်သည့် မြေဟုဆိုကာ ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် စတင်ပြီး လမ်းအလယ်ဗဟိုကို ခြံစည်းရိုးထိုးခဲ့သည်။

ထိုသို့ ခြံစည်းရိုးထိုးခြင်းနှင့် ပတ်သက်ပြီး ခရိုင်၊ မြို့နယ် အဆင့် တာဝန်ရှိများကို ကျေးရွာသားများက တိုင်ကြားသော်လည်း တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်း မရှိကြောင်း သိရသည်။

ယခု တစ်ဖန် ဧပြီလ(၂)ရက်နေ့တွင် ထပ်မံ၍ သံတိုင်ဖြင့် ခြံစည်းရိုးတိုးချဲ့ထိုးလိုက်သောကြောင့် ကားငယ်၊ ထော်လာဂျီတွေပါ လုံးဝသွားလာမရတော့သည့် အနေအထားသို့ ရောက်ရှိသွားခဲ့သည်ဟု ချောင်းဖျား ကျေးရွာလူကြီးတစ်ဦးဖြစ်သူ ဦးစံသိန်းကပြောသည်။

‘‘ အရင်တုန်းက လမ်းအလယ်ဗဟိုက ခြံစည်းရိုးထိုးထားတယ်ဆိုပေမယ့် ကားငယ်တွေနဲ့ ထော်လာဂျီဆိုင်ကယ်တွေ သွားလာလို့ ရသေးတယ်။ အခုထပ်ပြီး ခြံစည်းရိုး တိုးချဲ့ထိုးလိုက်တယ်။ သံတိုင်လည်းပါတယ်။ ကားငယ်တွေတောင်သွားလာလို့မရတော့ဘူး။ ဒီနေ့ ကျနော်တို့ ရွာလူကြီးတွေ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်နဲ့ ဦးဖိုးစံတို့ဆီကို ဘယ်လိုလုပ်ရမလဲဆိုတာကို အကြံအဉာဏ် သွားတောင်းခဲ့တယ်။ တရားစွဲဆိုဖို့ပြောလိုက်တယ်။ တိုင်စာအချက်အလက်ကို မိတ္တုတစ်စောင်ပေးဖို့ ပြောတယ်။ အခုကျော်တို့ စာစီနေတယ်။ တရားစွဲဆိုဖို့လုပ်နေပါတယ်’’ဟုသူကပြောသည်။

၎င်းလမ်းကို အလယ်ဗဟိုက ခြံစည်းရိုးထိုးထားသောကြောင့် ဖေဖော်ဝါရီလ(၁၁)ရက်နေ့က ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်တိုင် လာရောက်ကြည့်ရှုစစ်ဆေးခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေရှင်း ပေးခြင်း မရှိကြောင်း သိရသည်။

ထိုလမ်းကို ကျောက်ချောလမ်းအဖြစ်အဆင့်မြှင့်တင်ရန်အတွက် ပြည်နယ်လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းမေးဖူးကြောင်း၊ ၂၀၁ရ-၁၈ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးထည့်ပေးမည်ဟု ပြည်နယ်စည်ပင်ဝန်ကြီး ဦးမင်းအောင် ကဖြေဆိုထားကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံကပြောသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...