ကဒါရဲကင်းရှေ့တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိ

ကဒါရဲကင်းရှေ့တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိ

မင်းညာခ — ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်က မုဒုံမြိုမှ မောင်းနှင်လာသော Probox ကားတစ်စီးအား ကျိုက်မရောမြို့နယ် ကဒါရဲကင်းရှေ့တွင် စစ်ဆေးရာမှ မူးယစ်ဆေးဝါးဖမ်းဆီးရမိကြောင်း ချောင်းနှစ်ခွနယ်မြေရဲစခန်းမှ ဒုရဲအုပ် အောင်နိုင်မြင့်က ပြောသည်။

"ချောင်းနှစ်ခွဘက်ကနေ ကျွန်းရွာဘက်ကို မောင်းလာတဲ့ချိန် ဖမ်းမိခဲ့တာပါ၊ မုဒုံမြို့က နှစ်ယောက်ပါ၊ သူတို့ကိုစစ်ဆေးတော့ နောက်တစ်ဦးထပ်မိတာ"ဟု ၎င်းက ပြောသည်။

မူးယစ်တပ်ဖွဲစု(၃၈) နှင့် ကဒါရဲကင်းရဲစခန်းတပ်ဖွဲ့ဝင်များက ချောင်းနှစ်ခွ-ကျောင်းရွာကားလမ်းပေါ် ယာဉ်စစ်လုပ်နေစဉ် မုဒုံမြို့နေသူ ကိုမျိုး(ခ)မျိုးမင်းထိုက်(၃၆)နှစ်နှင့် ကိုရဲ(ခ)အောင်မြင့်(၆၀)နှစ် ကိုယ်ပိုင်မောင်းနှင်စီးနင်းလာသည့် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ရာမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၇၀)ပြား R စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၂၀)ပြား ပေါင်း (၁၉၀)ပြားအား သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ထိုနောက် ဆက်လက်စစ်ဆေးချက်အရ ကျွန်းရွာ-ကျိုက်မရောသွား ကားလမ်းဘေးတွင် စောင့်ဆိုင်းနေသူ မော်လမြိုင်မြို့ စစ်ကဲကုန်းရပ်နေသူ နေထက်လင်း ဆိုသူအား အသင့်တွေ့ရှိပြီး ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

ကျွန်းရွာမှ ကိုအောင်မွန်က "ကြိုဆိုပါတယ်၊ မူးယစ်ဆေးဝါးက များများမိလေ ကောင်းလေပဲလေ၊ ဒီမူးယစ်ဆေးဝါးတွေကြောင့် သားသမီးရှိတဲ့မိဘတိုင်း စိတ်သောကရောက်ရတယ်၊ အခုနောက်ပိုင်းမှ ဖမ်းဆီးမှုတွေများလာတယ်ထင်တယ်၊ ဘယ်လိုဖြစ်ဖြစ်အခုလိုဖမ်းဆီးမှုကို ကြိုဆိုပါတယ်"ဟု ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိရောင်းချသူ ကိုမျိုး(ခ)မျိုးမင်းထိုက်နှင့် ကိုရဲ(ခ)အောင်မြင့် နှင့် နေထက်လင်း တို့(၃)ဦးအပေါ် ချောင်းနှစ်ခွနယ်မြေရဲစခန်းမှ မယ(ပ)၁၄/၂၀၂၀၊မူး/စိတ်ပြောင်းပုဒ်မ-၁၉(က)/၂၁ ဖြင့် အမှုဖွင့်လှစ် အရေးယူထားသည်။

မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းရှိ ရထားလမ်းကူးတစ်ခုကို တွေ့ရစဉ်။ / Crd
September 21, 2026
မွန်ပြည် မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းတစ်လျှောက်ရှိ တရားမဝင် ရထားလမ်းကူးများကို...
မွန်ပြည်အတွင်းရှိ နေလှန်းဆားကွင်းတစ်ခု၌ ဆားရိတ်သိမ်းနေသည်ကို တွေ့ရစဉ်။ / Crd - ပုံဟောင်း
September 21, 2026
မွန်ပြည်၌ နေလှန်းဆားကြမ်း ဈေးနှုန်းတစ်ပိဿာလျှင် ကျပ် ၅၀၀ ဝန်းကျင်သာ ရှိတော့သဖြင့် ကြိုတင်ဝယ်ယူ...
ဓာတ်ပုံ - Crd
September 19, 2026
မွန်အမျိုးသားလွတ်မြောက်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် အနာဂတ်အကြံပြုချက်များနှင့်...
September 18, 2026
မွန်ပြည်၊ ရေးမြို့နယ်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါး သုံးစွဲသူနှင့်...