သံဖြူဇရပ်မြို့နယ် ဝယ်သွန်ချောင်ကျေးရွာတွင် လှည့်ကင်းဆောင်ရွက်စဉ် WY စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

သံဖြူဇရပ်မြို့နယ် ဝယ်သွန်ချောင်ကျေးရွာတွင် လှည့်ကင်းဆောင်ရွက်စဉ် WY စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မင်းညာခ - သံဖြူဇရပ်မြို့နယ်၊ ဝယ်သွန်ချောင်ကျေးရွာ၌ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် သံဖြူဇရပ်မြို့မရဲစခန်းမှ လှည့်ကင်းဆောင်ရွက်စဉ် ဆိုင်ကယ်စီးနှင်းလာသူတစ်ဦးထံမှ WY စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

သံဖြူဇရပ်-ပငကားလမ်း ဝယ်သွန်ချောင်ကျေးရွာ သင်္ချိုင်းရှေ့တွင် Honda Wave 100 အမျိုးအစား ခဲရောင်ဆိုင်ကယ်မောင်းနှင်လာသူ ကြံ့ခိုင်ရေးရပ်ကွက်နေ မြင့်သိန်း(ခ)အာကြီး ဆိုသူအား ရှာဖွေရာ ဘောင်းဘီတို၏ ဘယ်ဘက်အိတ်ကပ်အတွင်းမှအစိမ်းရောင်ပလပ်စတစ်အပိုင်းအစဖြင့် ထုပ်ပိုးထားသော WY  စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၇)ပြား၊ကာလ တန်ဖိုး(၈၅၀၀၀)ကျပ် ကိုရှာဖွေတွေ့ရှိဖမ်းဆီး ရမိခဲ့ကြောင်း သံဖြူဇရပ်မြို့မရဲစခန်းမှ သိရသည်။

"ကျနော်တို့လှည့်ကင်းပိတ်ဆို့လုပ်ချိန် သတင်းရပြီးစစ်ဆေးတာပေါ့၊ အဲမှာ မူးယစ်ဆေးတွေမိတာ၊ ဒီလူတွေမူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့ သူတွေပါ၊ အခုမိတာ (၁၇)ပြားပါ၊ ဥပဒေအတိုင်းအမှုဖွင့်အရေးယူထားပါတယ်"ဟု သံဖြူဇရပ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်နိင်က ပြောသည်။

မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ မြင့်သိန်း(ခ)အာကြီး အသက်(၄၃)နှစ်အား မယ(ပ) ၆၆/၂၀၂၀ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၁၆(ဂ)/၂၀(က)ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သံဖြူဇရပ်မြို့မရဲစခန်းမှ သိရသည်။

"များများဖမ်းမိလေ ကောင်းလေပေါ့နော်၊ မူးယစ်ဆေးဝါးပပျောက်ဖို့ အားလုံးပူးပေါင်းလုပ်ရမှာပါ၊ အခုဖမ်းမိတဲ့သူက ကျနော်ရပ်ကွက်ကပါ၊ မှတ်မှတ်ရရ ကျနော်ရပ်ကွက်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးအမှု (၃)မှုရှိတယ်၊ လူငယ်တွေအနေနဲ့ မူးယစ်ဆေးကို ဝေးဝေးရှောင်ကြပါ၊ နည်းနည်းသုံးတယ် များများသုံးတယ်မရှိဘူး၊ ဖမ်းမိရင် ထောင်နန်းစံရမှာဖြစ်လို့ စမ်းသပ်မသုံးကြပါနဲ့"ဟု ကြံ့ခိုင်ရေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းက ဆိုသည်။

၂၀၂၀ ခုနှစ်အတွင်း သံဖြူဇရပ်မြို့မရဲစခန်းမှ (၆၆) မှု၊ ကျိုက္ခမီနယ်မြေရဲစခန်းမှ (၁၄) မှု ဖမ်းဆီးရမိခဲ့သဖြင့် သံဖြူဇရပ်မြို့နယ်၌ မူးယစ်ဆေးဝါးအမှု ပေါင်း (၈၀)မှု ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

Photo- မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ (The Voice Of Thanbyuzayat)

မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းရှိ ရထားလမ်းကူးတစ်ခုကို တွေ့ရစဉ်။ / Crd
September 21, 2026
မွန်ပြည် မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းတစ်လျှောက်ရှိ တရားမဝင် ရထားလမ်းကူးများကို...
မွန်ပြည်အတွင်းရှိ နေလှန်းဆားကွင်းတစ်ခု၌ ဆားရိတ်သိမ်းနေသည်ကို တွေ့ရစဉ်။ / Crd - ပုံဟောင်း
September 21, 2026
မွန်ပြည်၌ နေလှန်းဆားကြမ်း ဈေးနှုန်းတစ်ပိဿာလျှင် ကျပ် ၅၀၀ ဝန်းကျင်သာ ရှိတော့သဖြင့် ကြိုတင်ဝယ်ယူ...
ဓာတ်ပုံ - Crd
September 19, 2026
မွန်အမျိုးသားလွတ်မြောက်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် အနာဂတ်အကြံပြုချက်များနှင့်...
September 18, 2026
မွန်ပြည်၊ ရေးမြို့နယ်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါး သုံးစွဲသူနှင့်...