ကိုရီးယားအဆိုပြိုင်ပွဲ၏ နောက်ဆုံးအဆင့် တက်လှမ်းမည့်စာရင်းတွင် နော်မာသထူးဝါး ပါဝင်

ကိုရီးယားအဆိုပြိုင်ပွဲ၏ နောက်ဆုံးအဆင့် တက်လှမ်းမည့်စာရင်းတွင် နော်မာသထူးဝါး ပါဝင်

စောရှား - ကိုရီးယားနိုင်ငံ နံမည်ကြီးရုပ်သံလိုင်းတစ်ခုဖြစ်သည့် KBS မှ ကျင်းပသော Trot Nation Sports သီချင်းဆိုပြိုင်ပွဲတွင် နောက်ဆုံးအဆင့်၌ ကျန်ရှိသော ၄၈ဦးစာရင်းထဲ နော်မာသထူးဝါး(ဖိုးမူကြီး) ပါဝင်လာကြောင်း နီးစပ်သူများထံမှ သိရ သည်။

ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်၌ ယခုကျင်းပလျက်ရှိသည့် အဆိုပြိုင်ပွဲကို ဇူလိုင်လမှစတင်ကာ လူဦးရေ သောင်းဂဏန်းအထိ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ထိုမှတဆင့် ရာဂဏန်းမှ ၈၄ဦးအထိ ဆန်ကာတင်ရွေးချယ်ရာ၌ နာမည်ကြီး ကရင်အဆိုတော် စောထူးဝါး၏ သမီးကြီး နော်မာသထူးဝါးလည်း ပါဝင်လာခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် ဒီဇင်ဘာလ ၅ရက် ညပြိုင်ပွဲတွင် နော်မာသထူးဝါး၏ သီဆိုယှဉ်ပြိုင်မှုတွင် ကြယ် ၈ပွင့် (all 8 stars) ရရှိခဲ့ သလို Top-2 အဖြစ် သတ်မှတ်ခံရအပြီး ဆန်ကာတင် ၄၈ဦးထဲတွင်လည်း သူမ ရွေးချယ်ခံခဲ့ရသည်ဟု သိရှိရသည်။

ကိုရီးယားဘာသာဖြင့်သာ သီဆိုယှဉ်ပြိုင်ရသော ယခုပြိုင်ပွဲအစီအစဉ်ကို အပတ်စဉ် စနေနေ့တိုင်း ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နောက်ဆုံးအဆင့် (final) ပြိုင်ပွဲကို ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလတွင် အပြီးအစီး ကျင်းပရန် လျာထားကြောင်းလည်း သိရ သည်။

ယခု နောက်ဆုံး ပြိုင်ပွဲဝင်စာရင်းထဲ၌ ကိုရီးယားနိုင်ငံသား မဟုတ်သူများအဖြစ် မြန်မာနိုင်ငံမှ ကရင်ပြည်နယ်ဖွား နော်မာသထူးဝါးနှင့် နီဂရိုးနွယ်ဖွား ၂ဦး၊ စုစုပေါင်း နိုင်ငံခြားသား ၃ဦးသာ ပါဝင်လာခဲ့သလို နော်မာသထူးဝါးမှာ ဒုတိယ အသက်အငယ်ဆုံး ပြိုင်ပွဲဝင်လည်း ဖြစ်သည်။

ကိုရီးယားနိုင်ငံ၏အဆိုပြိုင်ပွဲများတွင် နိုင်ငံခြားသားများ winner (အနိုင်ရသူ)အဖြစ် မရရှိခဲ့ဖူးသော်လည်း ယခုပြိုင်ပွဲ တွင် နော်မာသထူးဝါးမှာ ပရိဿတ်နှင့် ဒိုင်များ၏ အားပေးမှုအမြောက်အများ ရရှိနေပြီး သူမကိုယ်တိုင်လည်း အပြင်းအ ထန် လေ့ကျင့်လျှက်ရှိကြောင်း နီးစပ်သူများက ပြောဆိုနေကြသည်။

လူမှုကွန်ရက်စာမျက်နှာတွင် စတင် နာမည်ကြီးကာ လူကြိုက်များခဲ့သည့် “အိမ်လေးတစ်လုံး လိုချင်တယ်” သီချင်း အပါအဝင် ကရင်နှင့် မြန်မာသီချင်းများ သီဆိုကာ ပရိဿတ်အားပေးမှု ရရှိထားသူ နော်မာသထူးဝါးသည် မိခင်၊ မောင် လေး ၂ဦးတို့နှင့်အတူ ကိုရီးယားနိုင်ငံ၌ ရောက်ရှိနေထိုင်လျက်ရှိသည်။

June 10, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်တွင် ပြီးခဲ့သည့် ဇွန်လ(၇)ရက်နေ့က လက်နက်ကိုင်ဆောင်ကာ ဘတ်ငွေ(၆၅)...
June 8, 2026
ကော်သူးလေဒေသအတွင်း လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် အွန်လိုင်းငွေလိမ်လည်မှုကိစ္စရပ်များနှင့်...
June 6, 2026
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စိန်ခေါ်မှုများကို လက်တွေ့ကျကျဖြေရှင်းနိုင်ရေး...