ဒေါက်တာအေးမောင် အနိုင်ရရှိရေး အမ်းမြို့တွင် ပြုလုပ်သည့် ရက္ခဗျာလ္လ အမ်းရိုးမ စင်တင်ဂီတဖျော်ဖြေပွဲ အထူးစည်ကား

ဒေါက်တာအေးမောင် အနိုင်ရရှိရေး အမ်းမြို့တွင် ပြုလုပ်သည့် ရက္ခဗျာလ္လ အမ်းရိုးမ စင်တင်ဂီတဖျော်ဖြေပွဲ အထူးစည်ကား
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အမ်းမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် ANP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် အောင်နိုင်ရေးအတွက် နေရာဒေသအသီးသီးမှ ရခိုင်လူမှုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် ရက္ခဗျာလ္လ အမ်းရိုးမအဖွဲ့မှ အမ်းမြို့တွင် မတ်လ ၃၀ ရက်နေ့ ညက စင်တင်ဂီတ ဖျော်ဖြေပွဲတစ်ခုကို ပြုလုပ်ခဲ့သည်။

၎င်းဖြေဖျော်ပွဲသို့ လူပေါင်း ၂ ထောင်ခန့် လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ယင်းဂီတဖျော်ဖြေပွဲသို့ ရခိုင်နာမည်ကြီးအဆိုတော်များဖြစ်ကြသည့် ဦးမောင်သိန်း၊ ၀င်းကိုခိုင်၊ ဒိုးအ်ရီ၊ ခိုင်ပြည်ကျော်၊ ရီလှိုင်းပြာ၊ ၀တီစိုးမိုး၊ စောမင်းသိန်းနှင့် အာရီယာန် အပါအဝင် ရခိုင်အဆိုတော် ၁၀ ကျော်က ည ၁၂ နာရီတိတိ အချိန်ထိ ဖျော်ဖြေခဲ့ကြသည်။

ယင်းဖျော်ဖြေပွဲတွင် အဆိုတော်များက ရခိုင်အမျိုးသားပါတီကို မဲပေးရန် တိုက်တွန်း စကားပြောကြားခဲ့ကြသည့် အပြင် “အမျိုးကိုချစ် သွီးကိုစစ် ရခိုင်ပီပီ ANP ကို မဲပီးမည်” ဆိုသည့် ဆောင်ပုဒ်ကိုလည်း ရွတ်ဆိုခဲ့ကြသည်။

နောက်ဆုံးပွဲသိမ်းသီချင်းကို ရိုးရာကမမသီချင်းဖြင့် ၀င်းကိုခိုင်၊ ဒိုးအ်ရီနှင့် ရခိုင်အဆိုတော်တစ်ချို့က စုပေါင်းသီဆို ကပြကြသည့်အပြင် ရသေ့တောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း ၀င်းကိုခိုင်၏ တောင်းဆိုချက်အရ စင်ပေါ်တွင် ကပြဖျော်ဖြေခဲ့သည်ကို တွေ့ရသည်။

ယင်းစင်တင်ဂီတ ဖျော်ဖြေပွဲသို့ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ဒုတိယ ဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးနှင့် အတွင်းရေးမှူး အဖွဲ့ဝင် ဦးကျော်ဇောဦး၊ မြေပုံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း၊ ပေါက်တောမြို့နယ် ပြည်သူ့ လွှတ််တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင် အပါအဝင် ပြည်နယ် လွှတ်တော်အမတ်များ၊ ရွေးကောက်ပွဲအောင်နိုင်ရေးတွင် ပါ၀င်ဆောင်ရွက်သူများလည်း တက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

ရက္ခဗျာလ္လအမ်းရိုးမအဖွဲ့က မတ်လ ၂၉ ရက်နေ့ညက တပ်တောင်တွင်ပြုလုပ်သည့် စင်တင်ဂီတ ဖျော်ဖြေပွဲသည်လည်း အထူးစည်ကားခဲ့သည်ဟု သိရှိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...