အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုပထမရက်တွင် စက်ဘီးစီး Campaign ပြုလုပ်

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုပထမရက်တွင် စက်ဘီးစီး Campaign ပြုလုပ်

ယဉ်ထောမွန် - နှစ်စဉ်ကမ္ဘာတဝန်း နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ၁၆ ရက်တာကျင်းပပြုလုပ်လေ့ရှိသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုပထမဆုံးရက်တွင် မွန်အမျိုးသမီးအစည်းအရုံး MWO ဦးဆောင်၍ မော်လမြိုင်မြို့၌ စက်ဘီးစီး Campaign ဖြင့် စတင်လှုပ်ရှားခဲ့ကြောင်း တွေ့ရသည်။

ယမန်နေ့က စက်ဘီးစီးနင်း Campaign တွင် မွန်အမျိုးသမီးအစည်းအရုံးဝင်များအပြင် မွန်စေတနာဖောင်ဒေးရှင်းအဖွဲ့၊ စံပြမွန်လူမှုအဖွဲ့အစည်းနှင့် အခြားအဖွဲ့ဝင်များ (၂၀) ဦးတို့က လက်ကမ်းစာစောင်နှင့် စတစ်ကာများကို လမ်းတစ်လျှောက်ဝေငှခဲ့ကြောင်း သိရသည်။

 “ဒီ ၁၆ ရက်တာမှာ ဆိုရင် ကျွန်မတို့က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဟာ အရေးပါကြောင်းကို ပြသချင်တာရယ်၊ နောက်ပြီးအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဥပဒေဖြင့် ကာကွယ်ပေး ဆိုတဲ့စကားအတိုင်း အမျိုးသမီးအကြမ်းဖက်မှုဆိုင်ရာ ဥပဒေတွေကို ပြည်သူလူထုတွေ ပိုမိုသိရှိနားလည်သွားအောင် ခုလိုမျိုးစီစဉ်ဖြစ်တယ်”ဟု မွန်အမျိုးသမီးအစည်းအရုံး MWO ဥက္ကဌ မိကွန်းချမ်းနွန်က ပြောသည်။

လက်ရှိကိုဗစ်၁၉ ရောဂါအခြေအနေကြောင့် လှုပ်ရှားမှုအစီအစဉ်များကို လူ(၃၀) ဦးထက်မပိုစေပဲ လာမည့်နိုဝင်ဘာ၂၉ ရက်နေ့တွင် ကျိုက်မရောမြို့နှင့် ဒီဇင်ဘာ ၁ ရက်နေ့တွင် ချောင်းဆုံမြို့သို့ စက်ဘီးစီးနင်း၍  အမျိုးသမီးများအပေါ် အကြမ်းဖက်မှူဖြစ်စေသည့် အကြောင်းအရာများကို မျှဝေဆွေးနွေးသွားရန် အစီအစဉ်ရှိကြောင်း သူမက ဆက်ပြောသည်။

  “အမျိုသမီးများဘဝနဲ့ ကလေးများဘဝ လုံခြုံစိတ်ချပြီးတော့ အကြမ်းဖက်မှုပပျောက်အောင် ကျွန်မတို့တစ်တွေအားလုံး ဖဲကြိုးဖြူတပ်ဆင်ပြီးတော့ အတူတစ်ကွ တွန်းလှန်တိုက်ထုတ်ကြမယ်”ဟု မွန်အမျိုးသမီးအစည်းအရုံးမှ မိပိုင်ဉာဏ်ချိုင်းက ဆိုသည်။

ယခု ၁၆ ရက်တာကာလအတွင်းသာမကပဲ အမျိုးသမီးအဖွဲ့များ၏ လှုပ်ရှားမှုအားလုံးကို အားပေးဝန်းရံ ပါဝင်သွားမည်ဖြစ်ကြောင်း မွန်စေတနာ ဖောင်ဒေးရှင်းအဖွဲ့ မှ မင်းအောင်ဆန်းမျိုးက ပြောသည်။

“အဓိကပြောချင်တာက အမျိုးသမီးတွေကို စိတ်နဲ့ဖြစ်စေ၊ ကိုယ်နှုတ်အမူအရာနဲ့ ဖြစ်စေ အကြမ်းမဖက်ပါနဲ့၊ မိမိရဲ့ အစ်မတစ်ယောက် ၊ ညီမလေးတစ်ယောက်လို ပြောဆိုဆက်ဆံကြပါ ဖေးမကူညီကြပါ အဲဒါမှ ကျွန်တော်တို့ရဲ့ အိမ်၊မြို့ရွာ၊နိုင်ငံတွေအဖို့လည်း အေးချမ်းလာမယ်”ဟု ဆိုသည်။

ယခုနှစ်တွင် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ဥပဒေဖြင့် ကာကွယ်ပေး” ဆောင်ပုဒ်ဖြင့် လူထုလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း၊ ၁၆ ရက်တာလှုပ်ရှားမှုကို ဖဲကြိုးဖြူလှုပ်ရှားမှု ဟူ၍လည်း ခေါ်ဝေါ်ကြောင်း၊ ဖဲကြိုးဖြူတပ်ဆင်ခြင်းအားဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် အကြမ်းဖက်ကျူးလွန်မှုများကို ဆန့်ကျင်ကြောင်းကို ထုတ်ဖော်ပြောဆိုမည်ဖြစ်ကြောင်း  မိမိကိုယ်တိုင်ကတိပြုခြင်းဖြစ်သည်ဟု သိရသည်။

မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းရှိ ရထားလမ်းကူးတစ်ခုကို တွေ့ရစဉ်။ / Crd
September 21, 2026
မွန်ပြည် မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းတစ်လျှောက်ရှိ တရားမဝင် ရထားလမ်းကူးများကို...
မွန်ပြည်အတွင်းရှိ နေလှန်းဆားကွင်းတစ်ခု၌ ဆားရိတ်သိမ်းနေသည်ကို တွေ့ရစဉ်။ / Crd - ပုံဟောင်း
September 21, 2026
မွန်ပြည်၌ နေလှန်းဆားကြမ်း ဈေးနှုန်းတစ်ပိဿာလျှင် ကျပ် ၅၀၀ ဝန်းကျင်သာ ရှိတော့သဖြင့် ကြိုတင်ဝယ်ယူ...
ဓာတ်ပုံ - Crd
September 19, 2026
မွန်အမျိုးသားလွတ်မြောက်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် အနာဂတ်အကြံပြုချက်များနှင့်...
September 18, 2026
မွန်ပြည်၊ ရေးမြို့နယ်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါး သုံးစွဲသူနှင့်...