တိမ်ညိုစစ်ရှောင်စခန်းက ဆန်အိတ်တွေကို AA ကယူသွားဆိုတဲ့ သတင်းအမှား

တိမ်ညိုစစ်ရှောင်စခန်းက ဆန်အိတ်တွေကို AA ကယူသွားဆိုတဲ့ သတင်းအမှား
by -
NMG

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ တိမ်ညိုစစ်ရှောင်စခန်းတွင် ဘေး/စီမံမှ ထောက်ပံ့ပေးထားသည့် ဆန်အိတ်များကို AA အဖွဲ့မှ ယူဆောင်သွား ဆိုတဲ့သတင်းတစ်ပုဒ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့က Tain Phyu ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်ကနေ ရေးတင်ထားတာကို တွေ့ရပါတယ်။

အဆိုပါသတင်းဟာ သတင်းအမှားတစ်ပုဒ်သာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Tain Phyu ဆိုသူ facebook အကောင့် ပိုင်ရှင်က Wastern News Facbook စာမျက်နှာမှာ ရေးသားထားတဲ့ သတင်းကို အခြေခံကာ အချက်အလက် အမှားတွေထည့်သွင်းပြီးတော့ ပြင်ဆင်ရေးသားထားလို့ပဲဖြစ်ပါ တယ်။

Wastern News Facbook စာမျက်နှာက အဆိုပါသတင်းကို တိမ်ညိုစစ်ဘေး ရှောင်စခန်းတွင် ဘေး/စီမံမှ ထောက်ပံ့ပေးထားသည့် ဆန်အိတ်များကို တပ်မတော်မှ ယူသွားဟု ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းရေး သား ထားတာဖြစ်ပါတယ်။

အဲဒီသတင်းကို ဒီလင့်မှာ https://bit.ly/36ZSpKc ကြည့်နိုင်ပါတယ်။

Tain Phyu ဆိုသူ facebook အကောင့် ပိုင်ရှင်က အဲဒီသတင်းခေါင်းစဉ်မှာပါတဲ့ တပ်မတော်မှယူသွားဆိုတဲ့နေရာ မှာ AA ကယူသွားတယ်လို့ ပြောင်းလဲ ရေးသားခဲ့သလို သတင်းတစ်ပုဒ်လုံးကိုလည်း အချက် အလက် အမှားတွေ ထည့်ကာ ပြင်ဆင်ရေးသားထားတာကို တွေ့ရပါတယ်။

Wastern News Facbook စာမျက်နှာမှာ ရေးသားထားတဲ့ တိမ်ညိုစစ်ဘေးရှောင်စခန်းက ဆန်အိတ်တွေ ကို တပ်မတော်က ယူဆောင်သွားတယ်ဆိုတဲ့ အဆိုပါ သတင်းကို ရခိုင် ပြည်နယ် အခြေစိုက် သတင်းဌာန တွေဖြစ်တဲ့ နိရဉ္စရာ သတင်းဌာနနှင့် DMG သတင်းဌာနကလည်း ရေးသားထားတာကို တွေ့ရပါတယ်။

ရခိုင်ပြည်နယ် အခြေစိုက် သတင်းဌာတွေကနေ ရေးသားထားတဲ့ သတင်းကို အောက်က လင့်တွေမှာ ကြည့်နိုင်ပါတယ်။

နိရဉ္စရာ သတင်းဌာန ရေးသားထားတဲ့ သတင်း https://bit.ly/2V2BiSF

DMG ရေးသားထားတဲ့ သတင်း https://bit.ly/3ld1Rzj

ဒါအပြင် တိမ်ညိုစစ်ရှောင်စခန်းက ဆန်အိတ်တွေကို တပ်က သိမ်းသွားတဲ့အတွက် စစ်ရှောင်တွေ ရိက္ခာ ပြတ်လပ်မယ့် အခြေအနေနဲ့ကြုံနေရတယ်လို့ စခန်းတာဝန်ခံကို မေးမြန်းထားပြီး BBC မြန်မာပိုင်းက လည်း နိုဝင်ဘာလ ၁၅ ရက်နေ့မှာ သတင်းရေးသားထားတာကိုတွေ့ရပါတယ်။

BBC က ရေးသားထားတဲ့ သတင်းကို ဒီလင့်မှာ https://bbc.in/3nUrTsD တွေ့နိုင်ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာဆိုရင် တိုက်ပွဲတွေ လျော့ကျလာပေမယ့် ယခုလိုမျိုး ရွေးကောက်ပွဲအပြီး နိုင်ငံရေး အရ အကူအပြောင်းကာလမှာ ရှိနေတဲ့ အနေအထားမှာ သတင်းအမှန်တွေကို အချက်အလက်အမှားတွေ ထည့်ကာ ပြင်ဆင်ရေးသားမှုတွေ ရှိနေသလို တမင်ရည်ရွယ်ပြီး သတင်းအမှားတွေကို ရေးတင်နေတာ လည်း တွေ့ရပါတယ်။

ဒါကြောင့် Facebook ကို သုံးစွဲသူ စာဖတ်ပရိတ်သတ်တွေအနေနဲ့ အခုလိုမျိုး နိုင်ငံရေးအကူးအပြောင်းကာလမှ သတင်းတွေကိုဖတ်ပြီး ဖြန့်ဝေတော့မယ်ဆိုရင် သတင်းဌာနတွေမှာ ကိုယ့်ဖြန့်ဝေမယ့် သတင်းဟာ ရှိ/မရှိ တင်/မတင် သေချာစီစစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေပေးကြပါလို့ အကြံပြုလိုက်ရပါတယ်...

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...