NLD ၏အောင်မြင်မှုပေါ် ဝမ်းမြောက်ကြိုဆိုကြောင်း KIO ပါဝင်သော FPNCC က ကြေညာချက်ထုတ်ပြီးနောက် KIA ကိုတိုက်ခိုက်သည့် သတင်းအမှား

NLD ၏အောင်မြင်မှုပေါ် ဝမ်းမြောက်ကြိုဆိုကြောင်း KIO ပါဝင်သော FPNCC က ကြေညာချက်ထုတ်ပြီးနောက် KIA ကိုတိုက်ခိုက်သည့် သတင်းအမှား
by -
KNG

NLD ၏အောင်မြင်မှုပေါ် ဝမ်းမြောက်ကြိုဆိုကြောင်း KIO ပါဝင်သော FPNCC ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီက ကြေညာချက်ထုတ်ပြီးနောက် KIA ကိုတိုက်ခိုက်သည့် သတင်းအမှားရေးသားမှုများ ရှိနေသည်ကိုတွေ့ရသည်။

 

‘KIA/KIO ဗဟိုဌာနချုပ်မှ အတင်းအဓ္ဓမ လူသစ်စုဆောင်းခိုင်းမှုကြောင့် စိတ်ဓာတ်ကျလာသော (KIA/KIO) တပ်ဖွဲ့ဝင်များ’ ဟူသော သတင်းနှင့် ပုံအမှားများကို Kachin Daily News အမည်ရှိ လူမှုကွန်ယက်စာမျက်နှာက နိုဝင်ဘာ ၂၄ ရက်နေ့တွင် တင်ထားပြီး မျှဝေသူများကလည်း အများအပြားရှိနေပြီဖြစ်သည်။

 

ရေးသားထားသောသတင်းအကြောင်းအရာများမှာ လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကပေါ်ထွက်ခဲ့သော ကောလဟာလများအပေါ် အခြေခံရေးသားထားသည်ကို တွေ့ရပြီး၊ တရားဝင်သတင်းဌာနများ၏ဓါတ်ပုံများကို ခွင့်ပြုချက်မယူဘဲ ပုံစာညွန်းအမှားဖြင့် ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရသည်။

 

ပထမဆုံးမှားယွင်းစွာဖော်ပြထားသောပုံမှာ ‘KIA ရဲ့လူသစ်စုဆောင်းမှုကြောင့် ထွက်ပြေးလာသော စစ်ရှောင်မိသားစုများ ဖြစ်သည်’ ဆိုသည့်ပုံဖြစ်သည်။  အဆိုပါဓါတ်ပုံ၏ မူရင်းမှာ BBC မြန်မာပိုင်းက ၂၀၁၈ မေလ ၂၁ ရက်နေ့တွင်ဖော်ပြထားသော ‘တစ်ကျော့ပြန်ကချင်စစ်ပွဲဘာကြောင့် တာရှည်နေရသလဲ’ ဆိုသည့်သတင်းမှ ပုံများဖြစ်သည်။

 

၎င်းတို့မှာ KIA က လူသစ်စုဆောင်းခြင်းကြောင့်ထွက်ပြေးလာသူများမဟုတ်ဘဲ တပ်မတော်၏ ထိုးစစ်ကြောင့် မြစ်ကြီးနားမြို့သို့ထွက်ပြေးလာသူများဖြစ်ကြောင်း BBC ၏ ဤလင့် တွင်ဖတ်ကြည့်နိုင်သည်။

 

ဒုတိယပုံမှာ ‘KIA မှ ထွက်ပြေးလာပြီးနောက် အလင်းဝင်ခဲ့သောအဖွဲ့တွင် ကလေး စစ်သားတစ်ချို့ပါဝင်’ဟု မှားယွင်းစွာရေးသာထားသော ပုံဖြစ်သည်။

 

အကယ်စင်စစ် ထိုပုံမှာ ရှမ်းမြောက်မုံးကိုးဒေသတွင် ပြည်သူ့စစ်မဖွဲ့နိုင်သောအဖွဲ့တစ်ဖွဲ့က တပ်မတော်ထံ လက်နက်အပ်နှံလိုက်သည့်သတင်းသာဖြစ်ကြောင်း KIO ရဲဘော်ဟောင်းများပါဝင်ကြောင်း KIO ဗဟိုဌာနပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ကချင်သတင်းဌာန KNG ကို ယခုနှစ် ဇန်နဝါရီလတွင် ဖြေကြားထားသည်။

 

အဆိုပါသတင်းကို KNG ၏ ယခုလင့် တွင် ဖတ်ရှုနိုင်သည်။

 

အဆိုပါကိစ္စနဲ့ပတ်သက်ပြီးမှ မြန်မာတပ်မတော်သို့ အလင်းဝင်သွားသည့် စစ်သား ၂၁ ဦးမှာ KIA စစ်သားများမဟုတ်ကြောင်းကို Kachin News Group (KNG) ကချင်သတင်းဌာနကို KIA ဘက်မှ ပြန်ကြားရေးတာဝန်ခံ ဦးနော်ဘူက အပြည့်အစုံဖြေကြားထားသည်ကို ဤနေရာ တွင် ဖတ်ကြည့်နိုင်သည်။

 

တတိယသတင်းဓါတ်ပုံအဖြစ် ‘အတင်းအဓမ္မစုဆောင်းခြင်းခံရသော KIA တပ်ဖွဲ့ဝင်တစ်ဦး’ ဟု သုံးစွဲးထားသော ပုံမှာ Frontier Myanmar အင်္ဂလိပ်ပိုင်းက ၂၀၁၇ မေလ ၃ရက်နေ့တွင် ရေးသားခဲ့ သော The Life Of a Kachin Soldier အမည်ရှိ သတင်းတွင်သုံးစွဲထားသည့် ပုံများဖြစ်သည်။

ထိုသတင်းသည် အတင်းအဓမ္မစုဆောင်းခံရသူများအကြောင်းမဟုတ်ဘဲ KIO ဗဟိုဌာနချုပ်ကိုကာကွယ်သော KIA စစ်ဗိုလ်တစ်ဦး၏အကြောင်းရေးသားထားခြင်းဖြစ်သည်ကို ဤနေရာတွင် ဖတ်ကြည့်နိုင်သည်။

 

အထက်ပါ သတင်းတွင်ပါရှိသောဓါတ်ပုံတစ်ပုံကိုလည်း KIA က စစ်သင်တန်းပေးနေသော ကလေးစစ်သားများအဖြစ် သတင်းအမှားဖော်ညွန်းထားသည်။ မူရင်း သတင်းလင့်တွင် အဆိုပါပုံကို ‘လိုင်ဇာစစ်သင်တန်းတစ်ခုတွင် လေ့ကျင့်နေသောစစ်သားများ’ ဟုသာ ဖော်ညွန်းထားပြီး ‘ကလေးစစ်သားများ’ ဟု ရေးသားထားခြင်းမရှိပေ။

 

နောက်ပုံတစ်ခုမှာ ‘ကလေးစစ်သားများပါဝင်နေသော KIA စစ်သင်တန်း’ ဟု အမှားဖော်ညွန်းထားသည်။ ၎င်း၏ မူရင်းပုံမှာ Kachin News Group မှဖြစ်ပြီး ရှေ့တန်းတစ်နေရာ စစ်သင်တန်းယူနေသော စစ်သားများသာဖြစ်ပြီး၊ ကလေးစစ်သားများ မဟုတ်ပေ။

ပုံစာညွန်းကို KNG ၏ ယခုလင့်တွင်ကြည့်ရှုနိုင်သည်။

 

ဒါကြောင့်မို့လို့ ဒီလိုကာလတွေမှာ နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ အဖွဲ့အစည်းများနဲ့ပတ်သက်ပြီးတော့ ဖန်တီးထားတဲ့ ဓတ်ပုံအမှားတွေ တက်လာတတ်ပါတယ်။ စာဖတ်ပရိသတ်များအနေနဲ့ ဒါကိုသတိပြုသင့်ပါတယ်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...