ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ရွေးချယ်

ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ရွေးချယ်
by -
နိရဥ္စရာ
ပေါက်တောမြို့တွင် ပြုလုပ်သော ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစည်းအဝေးတွင် ဦးကျော်မြင့်အား ပထမ ခေါင်းဆောင်အဖြစ်လည်းကောင်း၊ ဒုတိယ ခေါင်းဆောင်အဖြစ် ရမ်းဗြဲမြို့မှ ဦးအောင်စိုးကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်ဟု ပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမျိုးကျော်က နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

ALD ကို တတိယအကြိမ် ပြန်လည်ဖွဲ့စည်းခဲ့ပြီးနောက် မတ်လ ၂၇နှင့် ၂၈ ရက်နေ့တွင် ပေါက်တောမြို့ သာသာနာ့ဗိမာန်၌ ပြုလုပ်သော ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးတွင် ခေါင်းဆောင် ၂ ဦးကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

(ပ) ခေါင်းဆောင်၊ (ဒု)ခေါင်းဆောင်နှင့် ဦးလှမြင့်၊ ဦးမျိုးကျော်နှင့် ဦးသာသာမောင်တို့အား ပါတီအား ပါတီဖွဲ့စည်းပုံ ရေးဆွဲရန်နှင့် ပါတီ အောင်လံ၊ အမှတ်အသားတံဆိပ်အပါ၀င် လိုအပ်သည်များကို လုပ်ဆောင်ရန် တာဝန်ပေးအပ်လိုက်သည်ဟု ဦးမျိုးကျော်က ပြောဆိုသည်။

“ALD ဆိုတာကတော့ အခုအကြိမ်နဲ့ဆိုရင် တတိယအကြိမ် ပြန်ပြီးတော့ မွေးဖွားခြင်း၊ ပြန်ရှင်သန်းဖို့အတွက် ကြိုးစားနေကြ တာဖြစ်ပါတယ်။ ကျွန်တော်တို့ ပါတီကတော့ မူလကတည်းက တိုင်းရင်းသားရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ မူလ ၁၉၈၈ ကတည်းက မူအတိုင်းပဲ ခိုင်ခိုင်မာမာ ရပ်တည်ပြီးတော့ လျှောက်လှမ်းသွားမှာဖြစ်ပါတယ်”ဟု ဦးမျိုးကျော်က ထပ်လောင်းပြောကြားသည်။

ရခိုင်အမျိုးသားဒီမ်ိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် ကတည်းက ဖွဲ့စည်းတည်ထောင်ခဲ့ပြီး၊ ၂၀၁၂ ခုနှစ်တွင် ဒုတိယအကြိမ်ပြန် လည်ဖွဲ့စည်းကာ ရခိုင်ပြည်သူများ၏ တောင်းဆိုချက်အရ ၂၀၁၄ ခုနှစ် ရခိုင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (RNDP) နှင့် ပေါင်းစည်း၍ ရခိုင်အမျိုးသားပါတီ ANP အဖြစ် ဖွဲ့စည်းခဲ့သည်။

သို့သော် ပေါင်းစည်း ဖွဲ့စည်းလိုက်သော ရခိုင်အမျိုးသားပါတီတွင် RNDP နှင့် ALD ပါတီခေါင်းဆောင်များအကြား အားပြိုင်မှုများ ပေါ်ပေါက်ခဲ့ပြီး ALD ဘက်မှ ဦးဆောင်ကော်မတီ ရ ဦးထဲမှ ၆ ဦး ထုတ်ပယ်ခံရပြီးနောက် ALD ပါတီကို တတိယအကြိမ်မြောက် ပြန်လည်ဖွဲ့စည်းပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံတွင် မှတ်ပုံတင်ခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်၏ နည်းဥပဒေအရ ခေါင်းဆောင်ရွေးချယ်ရန်လိုအပ်၍ ပါတီတည်ထောင်သူ ၂၀ ဦး၊ ပ ခေါင်းဆောင်၊ ဒုခေါင်းဆောင်နှင့် ပါတီရှေ့လုပ်ငန်းစဉ် ရေးဆွဲရေးအတွက် ခေါင်းဆောင် ၅ ဦးကို ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...