အမ်းမြို့နယ်တွင် မဲဆန္ဒရှင် ရ၅၈၂၈ မှ မဲရုံ ၁၃၇ ရုံတွင် မဲပေးကြမည် မဲဆွယ်စည်းရုံးရေး

အမ်းမြို့နယ်တွင် မဲဆန္ဒရှင် ရ၅၈၂၈ မှ မဲရုံ ၁၃၇ ရုံတွင် မဲပေးကြမည် မဲဆွယ်စည်းရုံးရေး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် လစ်လပ်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ တစ်နေရာအတွက် မဲဆန္ဒရှင် ရ၅၈၂၈ ယောက်မှ မဲရုံပေါင်း ၁၃၇ ရုံတွင် မဲပေးခွင့်ရရှိကြမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ အရာရှိ ဦးသူရိန်ထွဋ်က နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

“ ကျွန်တော်တို့ စာရင်းအရ မဲဆန္ဒရှင်က ရ၅၈၂၈ ယောက်ပါ။ ဒီလ ၁၇ရက်နေ့ကနေ ၃၀ ရက်နေ့ စာရင်းမှာအရပေါ့နော်။ မဲရုံပေါင်းက စုစုပေါင်း ၁၃၇ ရုံဖြစ်ပါတယ်” ဟု သူက ပြောကြားသည်။

မဲဆွယ်စည်းရုံးရေး မတ်လ ၃၀ ရက်နေ့ ညဥ့် ၁၂ နာရီ နောက်ဆုံးထားပြီး ခွင်ပြုထားကြောင်း၊ ယင်းအချိန်နောက်ပိုင်းတွင် မဲဆွယ်စည်းရုံးရေးကို ရပ်နားရမည် ဖြစ်ကြောင်း သူက ပြောကြားသည်။

မဲပြားများအားလုံးကို အမ်းမြို့သို့ ပို့ဆောင်ထားပြီ ဖြစ်ကြောင်း နှင့် မဲရုံတွင် တာဝန် ထမ်းဆောင်မည့်သူများကိုလည်း လိုအပ် ထောက်ကူ ပစ္စည်းများနှင့် အတူ မဲရုံရှိရာဆီ စေလွှတ်ထားပြီ ဖြစ်ကြောင်း သူက ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အမ်းမြို့နယ်၌ ရခိုင်အမျိုးသားပါတီမှ ဒေါက်တာအေးမောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဇော်ဝင်းမြင့်၊ ပြည်ထောင်စု ကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ဦးသောင်းငြိမ်း၊ တသီးပုဂ္ဂကိုယ်စားလှယ် ဦးဇော်လင်းခိုင်တို့ ပါ၀င်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...