ရွေးကောက်ပွဲ မဲမသမာမှုတွေကို စုံစမ်းစစ်ဆေးရေးကော်မရှင် စတင်စစ်ဆေးနေပြီဆိုတဲ့ သတင်းတု

ရွေးကောက်ပွဲ မဲမသမာမှုတွေကို စုံစမ်းစစ်ဆေးရေးကော်မရှင် စတင်စစ်ဆေးနေပြီဆိုတဲ့ သတင်းတု
by -
Hintha

လူမှုကွန်ရက်ပေါ်မှာ "၂၀၂၀ ရွေးကောက်ပွဲအငြင်းပွားမှု၊ မဲမသမာမှုများအား ရွေးကောက်ပွဲစုံစမ်းစစ်ဆေးရေးကော်မရှင်မှ စတင်စစ်ဆေးနေပြီ" ဆိုတဲ့ သတင်းတုတစ်ပုဒ်ပြန့်နှံ့လာတာကို တွေ့ရပါတယ်။ 

အဲဒီ သတင်းအတုကို နေရီ ဆိုတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်က နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီ ၁၃ မိနစ်မှာ ရေးသားဖော်ပြခဲ့တာဖြစ်ပြီး သတင်းအတုထဲမှာ "၂၀၂၀ ရွေးကောက်ပွဲ အငြင်းပွားမှု၊ မဲမသမာမှုများအား ရွေးကောက်ပွဲစုံစမ်းစစ်ဆေးရေးကော်မရှင်မှ စတင်စစ်ဆေးနေပါပြီ။ ရွေးကောက်ပွဲစုံစမ်းစစ်ဆေးရေးကော်မရှင်မှ စုံစမ်းစစ်ဆေးမှုများ မပြီးဆုံးမခြင်း မည်သည့်ပါတီမှ အနိုင်အရှုံး မရှိသေးသဖြင့် တရားဝင်ကြေငြာခြင်း မပြုရပါ။ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်လာပါက တရားဥပဒေအရ အရေးယူဆောင်ရွက်သွားပါမည်။ နေပြည်တော် UEC ရုံးနားမှာ ရဲတပ်ဖွဲ့ကတော့ အဆင်သင့် စောင့်ကြပ်နေပါပြီ။ ဥပဒေအားချိုးဖောက်ပြီး NLD ပါတီက ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိပါတယ်လို့ ကြေငြာလိုက်တာနဲ့ UEC ရုံးနားမှာဘဲ ပွဲကပြတ်သွားပါလိမ့်မယ်လို့ထင်တာပဲ" ဆိုပြီး ဖေ့စ်ဘွတ်ခ်ပိုစ့်မှာ ရေးသားဖြန့်ဝေခဲ့ပါတယ်။

ရေးသားဖော်ပြချက်နဲ့အတူ ဓာတ်ပုံ ၃ ပုံကိုလည်း ပူးတွဲဖော်ပြထားတာကို တွေ့ရပါတယ်။

အဲဒီ သတင်းအမှား ရေးသားချက်ကို ထပ်ဆင့်ဝေမျှသူ ၅၂၀ ကျော်ရှိနေပြီး Like လုပ်ထားသူ ၅၅၀ ကျော် ရှိနေပါတယ်။ ဒီဖော်ပြချက်ကိုပဲ တခြားဖေ့စ်ဘွတ်ခ်အကောင့်တချို့မှာ ကူးယူပြီး ပြန်တင်ထားတာတွေ နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းထိ တွေ့နေရပါတယ်။ 

သတင်းဆန်းစစ်ချက်

သတင်းတုမှာဖော်ပြထားတဲ့ 'ရွေးကောက်ပွဲစုံစမ်းစစ်ဆေးရေးကော်မရှင်' ဆိုတာဟာလည်း မြေပြင်အခြေအနေမှာ တကယ် ဖွဲ့စည်းတည်ထောင်ထားတာမျိုး တပ်ဘက်ကရော အရပ်ဘက်ကပါ တရားဝင် အတည်ပြုထုတ်ပြန်ကြေညာထားတာ မရှိပါဘူး။ 

သတင်းအတုရေးသားချက်မှာ ပူးတွဲဖော်ပြထားတဲ့ ဓာတ်ပုံသုံးပုံထဲက နှစ်ပုံကို စစ်ဆေးကြည့်တဲ့အခါမှာ မြန်မာနောင်းသတင်းဌာနရဲ့ အမှတ်အသား သင်္ကေတပါနေပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နေပြည်တော်ရုံးရှေ့မှာ နိုဝင်ဘာ ၁၁ ရက်က ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူအချို့ဦးဆောင်ကာ ဆန္ဒပြမှုကြောင့် ရဲတပ်ဖွဲ့ လုံခြုံရေးရယူနေတဲ့သတင်းမှာ သုံးထားတဲ့ သတင်းဓာတ်ပုံတွေကို ပြန်လည်ကူးယူအသုံးပြုထားတာဖြစ်ကြောင်း တွေ့ရှိရပါတယ်။

သတင်းအမှန်ကို ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။ (https://cutt.ly/eg6o2hB) (https://cutt.ly/dg6o4WR)

အချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါမှာ ဒီသတင်းအတုဟာ မြန်မာနောင်းရဲ့ သတင်းမှာပါတဲ့ အချက်အလက်တွေကို အသုံးပြုပြီး အချက်အလက်မှားတွေထပ်ထည့်ကာ ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးရေးသားထားတာဖြစ်ကြောင်း တွေ့ရှိရပါတယ်။

သုံးသပ်ချက်

သတင်းအတုမှန်း သိသာနေတဲ့ ပို့စ်ဖြစ်ပေမဲ့ ရွေးကောက်ပွဲလွန်စကာလမှာ အလားတူ ထင်ယောင်ထင်မှား သတင်းတု/သတင်းယောင်/သတင်းမှားတွေဟာ လူမှုကွန်ရက်စာမျက်နှာထက်မှာ ပုံစံအမျိုးမျိုး နည်းလမ်းအသွယ်သွယ်နဲ့ တွင်ကျယ်ပျံ့နှံ့နေတာကို သိသာစေရန်အလို့ငှာ ခုလို ဆန်းစစ်တင်ပြလိုက်ရပါတယ်

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...