ဟိုင်းကြီးကျွန်းတွင် ထိန်းသိမ်းထားသော ဒုက္ခသည်များ သွားလိုသည့်နေရာ ရောက်ရှိရေး ကူညီပေးမည်ဟု သမ္မတ ရုံးတာဝန်ရှိသူဆို

ဟိုင်းကြီးကျွန်းတွင် ထိန်းသိမ်းထားသော ဒုက္ခသည်များ သွားလိုသည့်နေရာ ရောက်ရှိရေး ကူညီပေးမည်ဟု သမ္မတ ရုံးတာဝန်ရှိသူဆို
by -
မဇ္ဈိမ
ဟိုင်းကြီးကျွန်းတွင် ထိန်းသိမ်းထားသော လှေစီးဒုက္ခသည်များကို ဟိုင်းကြီးကျွန်းရေပြင်တွင် ထားရှိကာ စစ်ဆေးလျှက်ရှိပြီး ၎င်းတို့ သွားလိုသည့်နေရာကို ရောက်ရှိရန် ကူညီပေးမည်ဟု သမ္မတရုံးမှ ဦးစီးအရာရှိ ဦးမြင့်ထွေးက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် ဟိုင်းကြီးကျွန်းရေတပ်ဌာန၏ ဧရိယာအတွင်း ထိန်းသိမ်းထားပြီး ရေတပ်၊ လ.၀.က၊ လူကုန်ကူးမှုတားဆီးရေး အဖွဲ့များက စိစစ်လျက်ရှိသည် ဟုဆိုသည်။

"သူတို့ကို စောင့်ရှောက်၊ ကျွေးမွေးထားတယ်၊ တစ်ဖက်ကလည်း ဘယ်ကလာသလဲ ဘယ်ကိုသွားမလဲ စိစစ်နေတယ်၊ ဒါတွေပြီးရင်တော့ သူတို့သွားမယ့်နေရာကို သူတို့သင်္ဘောဆန္ဒအတိုင်း ကျွန်တော်တို့ ပို့ပေးမယ်၊ ပို့ပေးမယ်ဆိုတာ ကူညီပေးမယ်ပေါ့နော်"ဟု ဦးမြင့်ထွေးက ဆိုသည်။

လက်ရှိတွင် အစိုးရအနေဖြင့် အသေးစိတ် ထုတ်ပြန်နိုင်ခြင်းမရှိသေးဟုလည်း ၎င်းကပြောသည်။

ဇွန် ၁ရက် ည ၈နာရီက နိုင်ငံပိုင်ရုပ်သံမီဒီယာတွင် ထုတ်လွှင့်ခဲ့သည့် သတင်းတွင် လှေစီးဒုက္ခသည်များသည် မိမိတို့ လာသည့် နေရာကိုသာ ပြန်လိုကြောင်း ပြောဆိုခဲ့သဖြင့် ပြန်လည် ပို့ပေးရန် စီစဉ်နေပြီဟု ဆိုထားသည်။

လှေစီးဒုက္ခသည် ရ၂၇ ဦးပါသော သင်္ဘော တစ်စီးကို မေ ၂၉  ရက်က ဟိုင်ကြီးကျွန်းရေတပ်က ဖမ်းဆီးမိခြင်းဖြစ်သည်။ ထို ဒုက္ခသည်များတွင် အမျိုးသမီးများနှင့် ကလေးများလည်းပါ၀င်သည်။ လက်ရှိစိစစ်မှုများနှင့် ပတ်သက်၍ မည့်သည်နိုင်ငံက ဖြစ်ကြောင်းကို ဖြေကြားနိုင်ခြင်းမရှိသေးဟုလည်း ဦးမြင့်ထွေးကဆိုသည်။

ဧရာဝတီတိုင်း အစိုးရအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းကျော်ကျော်က "စိစစ်နေတုန်းပဲဖြစ်ပါတယ်၊ သူတို့ကို ကုန်းပေါ်တင်ပြီး ကန့်တွေဘာတွေနဲ့ ယာယီထားဖို့တော့ ညွှန်ကြားချက်မရှိသေးဘူး"ဟု မဇ္ဈိမကို ပြောသည်။

ထိုဒေသသို့ သွားရောက် သတင်းယူခဲ့သော သတင်းထောက်များကိုလည်း တားဆီးစစ်ဆေးခဲ့သည်ဟု သွားရောက်ခဲ့သော ပြည်ပသတင်းဌာနတစ်ခုမှ ဓါတ်ပုံသတင်းထောက် ကိုစိုးဇေယျာထွန်းက မဇ္ဈိမကို ပြောသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...