၁၃ နှစ် အရွယ် မယားပါသမီးကို အကြိမ်ကြိမ်မုဒိမ်းကျင့်သူ ပထွေးကို ရဲက ဖမ်းဆီး

၁၃ နှစ် အရွယ် မယားပါသမီးကို အကြိမ်ကြိမ်မုဒိမ်းကျင့်သူ ပထွေးကို ရဲက ဖမ်းဆီး
by -
နိရဥ္စရာ
ကျောက်ဖြူမြို့နယ်၊ ဇင်ကျွန်းကျေးရွာအုပ်စု၊ ဇင်ကျွန်းကျေးရွာတွင် (၁၃)နှစ်အရွယ် မယားပါ သမီးဖြစ်သူအား အကြိမ်ကြိမ် မုဒိမ်းကျူးလွန်၍ ပထွေးဖြစ်သူအား မတ်လ ၂၈ ရက်နေ့က ရဲက ဖမ်းဆီးလိုက်သည်။

မူဒိမ်းမှုကျူးလွန်သူမှာ ဇင်ကျွန်းကျေးရွာနေထိုင်သူ လှမောင်သိန်း အသက်(၄၉)နှစ် ဖြစ်သည်။

၎င်းသည် သူ၏ဇနီး ဒေါ်မခြောက်ချီးတွင် ပါလာသူ အသက်(၁၃)နှစ်သမီး မ(——-)ကို မုဒိမ်းမှု ကျူးလွန်ကြောင်း တိုင်တန်းခံရပြီးနောက် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

‘‘ပထွေးဖြစ်သူက မုဒိမ်းကျင့်မှု ကျူးလွန်တာပါ။ တရားခံကို ဖမ်းဆီးထားပြီး အမှုဖွင့် အရေးယူ ဆောင်ရွက် ထားပါတယ်’’ဟု ကျောက်ဖြူမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လွန်ခဲ့သည့် ရက်(၂၀)ခန့်က ဦးဘနုချေ၏ နေအိမ်တွင်လာရောက်နေထိုင်လျက်ရှိသော တူမတော်စပ်သူ မ(—–)အား ပထွေးဖြစ်သူ လှမောင်သိန်းနှင့် မိခင်ဖြစ်သူ ဒေါ်မခြောက်ချီးတို့ရောက်ရှိလာပြီး ပြန်ခေါ်ရာ မလိုက်ကြောင်းငြင်းဆန်ခဲ့သဖြင့် ဇင်ကျွန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးထံခေါ်ယူ၍ စစ်မေးမြန်းခဲ့သည်။

ထိုသို့မေးမြန်းရာ ၂၀၁၆ခုနှစ် မိုးတွင်းကာလက ယာကျွန်းပင်လယ်ကမ်းစပ်တော၌ တဲတွင် မိသားစုနှင့် ညဥ့်အချိန်အိပ်နေစဉ် ဓားကိုင်ခြိမ်းခြောက်ပြီး သားမယားအဖြစ်(၁)ကြိမ်၊ ဇူလိုင်လခန့်က သရက်ကျွိန် ကျွန်း၌ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ရန်သွားစဉ် တဲတွင် (၂)ကြိမ်၊ ဒီဇင်ဘာလက ဇင်ကျွန်း ကျေးရွာသို့ ပြောင်းရွေ့ နေထိုင်စဉ် နေအိမ်တွင် (၃)ကြိမ် စုစုပေါင်း(၆)ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ မုဒိမ်း ကျင့်ခံရသူ မ(—–)မှာ မိသားစုများနှင့် မနေရဲတော့သဖြင့် ဦးလေးတော်စပ်သူ ဦးဘနုချေထံ လာရောက်နေထိုင်ခဲ့ကြောင်း၊ အလို မတူဘဲ အနိုင်အထက်ပြု၍ သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်သဖြင့် သူမ အနေဖြင့် မိခင်နှင့် ပထွေးတို့နှင့် လိုက်ပါရန် ငြင်းဆန်ရန် ထွက်ဆိုကြောင်း သိရှိရသည်။

ဦးလေးတော်စပ်သူ ဦးဘနုချေမှ နောက်ပိုင်းတွင် လှမောင်သိန်းအား ဥပဒေအရအရေးယူပေးပါရန် တရားလို လုပ်တိုင်တန်းထားကြောင်း သိရသည်။မုဒိမ်းမှုကျူးလွန်သူ လှမောင်သိန်းအားဖမ်းဆီးထားပြီး ကျောက်ဖြူမြို့မရဲစခန်း(ပ)၄၉၃၊၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...