KNDP နှင့် KNU လက်နက်ကိုင်အချို့ ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးမှာ လာရမ်းသွားတယ်ဆိုတဲ့ သတင်းအမှား

KNDP နှင့် KNU လက်နက်ကိုင်အချို့ ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးမှာ လာရမ်းသွားတယ်ဆိုတဲ့ သတင်းအမှား
by -
NMG

ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP ပါတီကိုယ်စားလှယ်များနှင့် လက်နက်ကိုင်တစ်ချို့ဟာ ဘားအံမြို့လယ်ခေါင် ပြည်နယ် အုပ်ချုပ်ရေးမှူးရုံးထဲမှာ လာရမ်းသွားတယ်ဆိုတဲ့ သတင်းအမှားတစ်ခုဟာ နိုဝင်ဘာလ ၁၁ ရက်နေ့က Naymin Oo ဆိုတဲ့ အကောင့်ပိုင်ရှင်ကနေ ရေးတင်ခဲ့တာကို တွေ့ရပါတယ်။

Naymin Oo ဆိုသူအကောင့်ပိုင်ရှင် ရေးထားတာကတော့ ကရင်ပြည်နယ် UEC က ဘာလဲ လက်နက်ပါ တော့ ကြောက်ပြီးကြိတ်ရှင်းတာလား မနေ့ညက KNDP ပါတီ ကိုယ်စားလှယ်နဲ့  လက်နက်ကိုင်တချို့ ဘားအံမြို့ လည်ကောင်က ပြည်နယ် အုပ်ချုပ်ရေးရုံးထဲမှာ လာရမ်းတာကို ဘာအရေးယူမှုမှ မလုပ်ဘူးလား လက်နက် ပါသူ သာစတမ်းဆို ငါတို့ ဘားအံမြို့ပေါ်က လူတွေစုပြီး အဲဒီရုံးကို လာရမလားပြော စောင့်ကြည့် နေတယ် နော ဆိုပြီးရေးသားထားပါတယ်။  (မူရင်း အရေးအသားအတိုင်း ဖော်ပြထားသည်။)

ဒါအပြင် Naymin Oo ဆိုသူရဲ့ ရေးသားချက်တွေကိုကြည့်မယ်ဆိုရင် ခြိမ်းခြောက်တဲ့သဘော သက်ရောက် နေတဲ့အရေး အသား အသုံးအနှုန်းတွေ ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။

သတင်းအချက်အလက်တွေပါတဲ့ Naymin Oo ဆိုသူရဲ့ ရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်တယ် လို့ သိရပါတယ်။

ဘာလို့လဲဆိုတော့ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP က နိုဝင်ဘာလ ၁၃ ရက်နေ့ ညမှာ  Naymin Oo ကို ၎င်း၏ ရေးသားမှုနဲ့ပတ်သက်ပြီး နိုဝင်ဘာလ ၁၄ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် ကရင်အ မျိုးသား ဒီမိုကရက်တစ်ပါတီ KNDP ဗဟိုရုံး အမှတ် ၇ ရပ်ကွက် ဦးအောင်မြတ်လမ်း ဘားအံမြို့သို့ လာ ရောက်ဖြေ ရှင်းပေးဖို့ အကြောင်းကြားစာ ထုတ်ပြန်ခဲ့တာကို တွေ့ရတဲ့အတွက်ကြောင့် သတင်းအမှား လို့ပြောရခြင်းဖြစ်ပါတယ်။

အဲဒီအကြောင်းကြားစာထဲမှာ Naymin Oo မှ လူမှုကွန်ရက်ပေါ်တွင် ရေးတင်ထားတဲ့ KNU လက်နက်ကိုင် ဆိုတဲ့ စာသားရည် ညွန်း ရေးသား သုံးနှုန်းထားတဲ့အပေါ် သတင်းမီဒီ ယာရှေ့မှာ တိတိကျကျ လာရောက် ဖော် ထုတ်ပြီး ရှင်းလင်းပြော ကြားပေးဖို့ KNDP က အသိပေးထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် ခိုင်လုံတိကျတဲ့ သက်သေအထောက်အထားတွေ တခါတည်ယူဆောင်ပေးဖို့နှင့် တိကျခိုင်လုံတဲ့ သက်သေအထောက်အထား မရှိပါက တည်ဆဲဥပဒေအရ အသေရေဖျက်မှုနဲ့ ဂုဏ်သိက္ခာညိုးနွမ်းစေမှု စတဲ့ဥပဒေများနှင့် ဆက်လက်တရားစွဲဆိုသွားမယ်လို့ KNDP က Naymin Oo ထံ အကြောင်းကြားထားတဲ့ စာထဲမှာ ထည့်သွင်းထားတာကို တွေ့ရပါတယ်။

Naymin Oo ရဲ့ ရေးသားမှုကို ကြိုက်နှစ်သက်သူ ၁၈၈ ဦး၊ ထပ်ဆင့်ဖြန့်ဝေသူ ၁၂၅ ဦးနှင့် Comment ရေးသားသူ ၄၄ ဦးအထိရှိနေတာကို တွေ့ရပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်၊ ရွေးကောက်ပွဲ အချိန်နှင့် ရွေးကောက်ပွဲ ပြီးတဲ့ နောက်မှာ ဆိုရင် ပါတီတစ်ခုနှင့် တစ်ခု ပဋိပက္ခဖြစ်စေတဲ့ သတင်းအမှားများ၊ လူပုဂ္ဂိုလ်တစ်ဦးနှင့် တစ်ဦး အထင်အမြင်မှားစေတဲ့ သတင်း အမှားတွေကို သာမက ရွေးကောက်ပွဲ ကော်မရှင် UEC ကို ထိခိုက်စေချင်တဲ့ သတင်းအမှားများနှင့် မဲရေတွက်မှု သတင်းအမှားများကို သတင်းအမှားဖြန့်ဝေသူတွေက ရည်ရွယ်ချက်ရှိရှိ ရေးတင်နေတာကို တွေ့ရပါတယ်။

ဒါကြောင့် လူမှုကွန့်ရက်အပေါ်မှာ သတင်းဖတ်သူများအနေဖြင့် သတင်းတစ်ခုကို ဖတ်ပြီး ဖြန့်ဝေတော့ မယ်ဆိုရင် သတင်းအမှားလား/ အမှန်လား ဆိုတာကို သေချာစီစစ်ပြီးမှသာ ဖြန့်ဝေပေးကြရန် တိုက်တွန်း လိုက်ရပါတယ်။

March 26, 2026
ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာများတွင် တအာင်း (ပလောင်) လူမျိုးများက ကိုးကန့်တပ် (MNDAA) အား...
March 19, 2026
စစ်အုပ်စုက ကေအဲန်ယူဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်၍ ကေအဲန်ယူရဲဘော်အယောင်ဆောင်...
January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...