SNLD ပါတီကိုမဲပေးရန် ဖိအားပေးခိုင်းစေမှုရှိတယ်ဆိုတဲ့ သတင်းအမှား

SNLD ပါတီကိုမဲပေးရန် ဖိအားပေးခိုင်းစေမှုရှိတယ်ဆိုတဲ့ သတင်းအမှား

ကွန်ဟိန်းမြို့ ကြိုတင်မဲပေးရာတွင် SNLD ကိုမဲပေးရန် ဖိအားပေးမှုများရှိတယ်ဆိုတဲ့ခေါင်းစဉ်ဖြင့် သတင်းအမှားတစ်ခုဟာ နိုဝင်ဘာလ ၂ ရက်နေ့ နေ့လည် ၂ နာရီ ၃၅ မိနစ်မှာ လမင်းရင်ခွင်ဆိုတဲ့ အကောင့်ပိုင်ရှင်ကနေ ရေးတင်ထားတာကို တွေ့ရပါတယ်။

အဆိုပါ အကောင့်အပိုင်ရှင့်ရဲ့ ရေးသားချက်အရ ကွန်ဟိန်းမြို့နယ် ရပ်ကွက် ၃ အုပ်ချုပ်ရေးမှူး စိုင်းကျော်ရွှေမှ ကြိုတင်မဲထည့်မယ့် ဒေသခံရှမ်းများအား ကျားခေါင်းပါတီကိုမဲထည့်ရန် ဖိအားပေခဲ့သည်ဟု ရေးသားထားပါတယ်။

အဲဒီရေးသားချက်ဟာ သတင်းအမှားသာဖြစ်ပြီး သတင်းအမှားဖြစ်ကြောင်း ကြိုတင်မဲပေးတဲ့နေရာကို ရောက်ရှိနေတဲ့ ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခင်စောက အခုလိုပြောပါတယ်။

နန်းခင်စောက “သတင်းအမှားပါရှင့်၊ သတင်းအမှားပါ။ ဘယ်လိုဖြစ်လို့ သတင်းအမှားလို့ပြောလို့ရတာလဲဆိုတဲ့အခါ ကျတော့ အဲဒီမှာ မဲရုံစောင့်နေတဲ့နေရာမှာ အကုန်လုံး ကော်မရှင်တွေရော အကုန်လုံးသွားကြည့်နေကြတာပဲလေ။ ဘာမှ ထူးခြားမှုမရှိလို့လေ ကျမတို့ မြေပြင် အခြေအနေမှာကျတော့ ဘာတစ်ခုမှ ထူးခြားမှုဘာတစ်ခုမှမရှိနေလို့လေ ကျမတို့အံ့သြတယ် အဲဒါကြီးတက်လာတာတော့ အဲဒီသတင်း တောင်မှ မနေ့က ကလေးတွေပြလို့ ကျမတွေ့တာ” လို့ပြောပါတယ်။

ကွန်ဟိန်းမြို့နယ် ရပ်ကွက် ၃ အုပ်ချုပ်ရေးမှူး စိုင်းကျော်ရွှေဟာ လမင်းရင်ခွင်အကောင့်ပိုင်ရှင်က ရေးတင်ထားသလိုမျိုးမဟုတ်ပဲ  ကြိုတင်မဲပေးတာနဲ့ပတ်သက်ပြီး မြေပြင်အနေအထားတွေဟာ ပြဿနာတစ်စုံတစ်ခုမတွေ့ရပဲ ပုံမှန်အခြေအနေအတိုင်းပဲ ရှိနေတယ်လို့ ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဆိုပါတယ်။

“အခုပဲ ရပ်ကွက် ၃ ကြိုတင်မဲက အိမ်တိုင်ရာရောက် ကြိုတင်မဲသွားနေတယ် ကျမတို့ မဲရုံကိုယ်စားလှယ်တွေရှိတယ်လေ။ အဲဒါ ကျမတို့က မဲရုံကိုယ်စားလှယ်တွေပြီးပြီဆိုမှ ကျမနေတာက ကာလိမှာဆိုတော့ ကွန်ဟိန်းနဲ့ ၈ မိုင်ဝေးတယ်ပေါ့နော။ အဲဒါဆိုလို့ရှိရင် အဲဒီမဲရုံတွေ အကုန်လုံးသိမ်းပြီးပြီဆိုရင် သူတို့ မဲပုံးတွေပိတ်ပြီးပြီမှ ကျမတို့က ပြန်ကြတာလေ။”

ဒါ့အပြင် မဲဆွယ်စည်းရုံးကာလဖြစ်တဲ့အတွက် အခုကဲ့သို့ သတင်းအမှားတွေနှင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု သတင်းအမှားမျိုးတွေဟာ မကြာခဏ ဖြစ်ပွားမှုတွေရှိနေတယ်လို့ နန်းခင်စောကပြောပါတယ်။

လမင်းရင်ခွင် အကောင့်ပိုင်ရှင်ကရေးတင်ထားတဲ့သတင်းကို ၃ ရက်အတွင်း ကြိုက်နှစ်သက်သူ ၃၇ ဦး၊ ထပ်ဆင့်ဖြန့်ဝေသူ ၁၀၉ ဦးနှင့် Comment ရေးသားသူ ၆ ဦးအထိ ရှိနေပါတယ်။

လက်ရှိအချိန်မှာဆိုရင် ကြိုတင်မဲပေးတဲ့ကာလဖြစ်သလို ရွေးကောက်ပွဲကျင်းပရန်လည်း ရက်ပိုင်းမျှသာလိုတော့တဲ့အတွက် စာဖတ်သူတွေ အနေပဲဖြစ်ဖြစ် Facebook သုံးစွဲသူတွေပဲဖြစ်ဖြစ် တက်လာတဲ့သတင်းတိုင်းကို မယုံကြဖို့နဲ့ ထပ်ဆင့်ဖြန့်ဝေမယ်ဆိုပါက သေချာစဉ်းစားဆင်ခြင်ပြီးမှ ဖြန့်ဝေပေးကြပါလို့ အကြံပြုလိုက်ရပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...