အရပ်သားပြည်သူများအား ထိခိုက်နစ်နာသည့် လုပ်ရပ်များကို ရပ်ဖို့လိုကြောင်း သမ္မတရုံးဆို

အရပ်သားပြည်သူများအား ထိခိုက်နစ်နာသည့် လုပ်ရပ်များကို ရပ်ဖို့လိုကြောင်း သမ္မတရုံးဆို

ခင်သရဖီဦး — မြေပြင်တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ထိခိုက်နစ်နာသည့် လုပ်ဆောင်ချက်များကို  ရက္ခိုင့်တပ်တော် AA အနေဖြင့် ရပ်ဆိုင်းရန် လိုအပ်ကြောင်း ယနေ့ပြုလုပ်သည့် သမ္မတရုံးသတင်း စာရှင်းလင်းပွဲတွင် သမ္မတရုံ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုခဲ့သည်။

 “ မြေပြင်မှာ အပြစ်မဲ့ အရပ်သားပြည်သူတွေ ထိခိုက်နစ်နာတဲ့ လုပ်ရပ်တွေ ရပ်ဖို့လိုတယ်။ အထူးသဖြင့် ရခိုင်မှာဆိုရင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတာ ထက်ဝက်ခန့်ရှိတယ်။ နောက် ပြည်သူတွေမှာလည်း ကျီးလန့်စာစားနေရတဲ့ အနေအထာေးတွရှိတယ် ”ဟု သမ္မတရုံပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ထို့အတူ AA အနေဖြင့် မည်သည့်နည်းလမ်းက ရခိုင်ပြည်နယ်အတွက် သင့်တော်သည်ကို ဆုံးဖြတ်ရန်လိုအပ်ပြီး ဆုံးဖြတ်ချက် မပြုလုပ်နိုင်ပါက မြေပြင် အခြေအနေပေါ်တွင် ပြဿနာပိုမို ကြီးထွားလာနိုင်ကြောင်း ၎င်းက ဆက်၍ ဆိုသည်။

 “အစိုးရအနေနဲ့ ငြိမ်းချမ်းရေးတံခါး ဖွင့်ထားတယ်။ အဲဒီတော့ AA ခေါင်းဆောင်တွေအနေနဲ့ တကယ်တွေ့ ဆုံးဆွေးနွေးပြီး အဖြေရှာတဲ့ ငြိမ်းချမ်း ရေးလမ်း စဉ်တွေကို တကယ်လိုလားသလား ၊ မလိုဘူးလား သူတို့ကိုယ်တိုင် ပြန်ဆန်းစစ်ဖို့လိုတယ်။ ဆန်းစစ်ပြီးတဲ့အခါ ဘယ်နည်းလမ်းက ရခိုင်ပြည်နယ်အတွက်ကော ပြည်ထောင်စုအတွက် ကော ကောင်းမွန်မလဲဆိုတာကို သူတို့ ဆုံးဖြတ်ဖို့လိုတယ်။ ဒီလိုမဟုတ်ဘူးဆိုရင် ပြဿနာတွေ ပိုကြီးထွားလာမယ်၊ မြေပြင်အခြေအနေပေါ်မူတည်ပြီးတော့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေက ပိုပြီးခက်ခဲလာလိမ့်မယ်”ဟု ဦးဇော်ဌေး က ပြောသည်။

ရက္ခိုင်တပ်တော် AA  ကမူ အစိုးရနှင့်စစ်တပ်၏ အမြစ်ပြတ်ချေးမူန်းရေးထိုးစစ်အား ညီနောင်မဟာမိတ်များ၊ ရခိုင်ပြည်သူလူထုတစ်ရပ်လုံးနှင့်လက်တွဲ၍ ခုခံတိုက်ခိုက်နေရသော်လည်း တွေ့ဆုံဆွေးနွေးမှုဖြင့်သာ လက်ရှိရင်ဆိုင်နေရသည် နိုင်ငံရေးအကျပ်အတည်းများကို ပြေလည်အောင်ဖြေရှင်းနိုင်လိမ်မည်ဟု ယုံကြည့်သည့်အတွက် ဖြစ်ပွားနေသည့်စစ်ပွဲများကို အမြန်ဆုံးရပ်တန့်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် အဆင့်သင့်ရှိကြောင်း အောက်တိုဘာလ ၁၉ ရက်နေ့ က ထုတ်ပြန်ထားသည်။

ဦးဇော်ဌေးက  AA အနေဖြင့် ပြည်ပအဖွဲ့စည်းများနှင့် ပူပေါင်းလုပ်ဆောင်ခြင်း၊ ကူညီပေးခြင်းများကို ရပ်ဆိုင်းရန်လိုအပ်ပြီး ကိုယ့်ပြည်ထောင်စုသားအချင်းချင်း ကိုယ့်ပြည်နယ်က အစိုးရများ၊ ပြည်နယ်အင်းအားစုများ၊ ပြည်ထောင်စု အင်အားစုများနှင့် အတူ ပူးပေါင်းရေးကို ရှေ့ရူဦးတည်သင့်သည်ဟုလည်း ပြောဆိုခဲ့သည်။

 ရခိုင်ပြည်နယ်တွင် နယ်မြေဒေသ မလုံခြုံသည့်အတွက် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲလုံးဝ မပြုလုပ်နိုင်သည့် မြို့နယ် ၉ မြို့နယ်နှင့် မြို့နယ် ၄ မြို့နယ်၌ ရပ်ကွက်/ ကျေးရွာအုပ်စုအချို့မှာ မပြုလုပ်နိုင် ကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ  ကော်မရှင်မှ ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် အေအေတို့ တိုက်ပွဲကြောင့် စစ်ဘေးရှောင် နှစ်သိန်းခြောက်ထောင် ကျော်ရှိနေပြီး နှစ်ဖက်တိုက်ပွဲကြောင့်သော်လည်းကောင်း၊ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တပ်မတော်က လက်နက်ကြီး ၊လက်နက်ငယ်တို့ဖြင့် ပစ်ခတ်၍လည်း ကောင်း အရပ်သားသေဆုံးသူ ၃၀၀ကျော်ရှိကြောင်း REC မှသိရသည်။

ထို့အပြင် တပ်မတော်က သံသယဖြင့်ဖမ်းဆီးထားသူ ၈၀၀ ကျော်ရှိနေကြောင်း ယင်း REC မှသိရသည်။

September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...