TNP၊ SNLD၊ RCSS တို့အကြား အထင်မြင်လွဲစေနိုင်တဲ့ သတင်းအမှား

TNP၊ SNLD၊ RCSS တို့အကြား အထင်မြင်လွဲစေနိုင်တဲ့ သတင်းအမှား
by -
NMG

ရွေးကောက်ပွဲကော်မရှင်က မိုင်းကိုင်မြို့နယ်ကို ရွေးကောက်ပွဲကျင်းပလို့မရဘူးဆိုတဲ့ နယ်မြေထဲမှာ ထည့်သွင်းခဲ့တာကို အခြေခံပြီးတော့ ရှမ်းလက်ကိုင်အဖွဲ့ RCSS၊ တအာင်းအမျိုးသားပါတီ TNP နှင့် ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့ကို အထင်အမြင်လွဲမှား စေလိုတဲ့ သတင်းအမှားတစ်ခုဟာ အောက်တိုဘာလ ၂၀ ရက်နေ့ မနက် ၁၀ နာရီ ၃၆ မိနစ်မှာ (ကမ္ဘေဇ Kan Baw Za) Facebook Like Page ကနေ ရေးတင်ခဲ့တာကို တွေ့ရပါတယ်။

ဒီသတင်းဟာဆိုရင် စက်တင်ဘာလ ၂၈ ရက်နေ့က ဧရာဝတီသတင်းဌာနက အကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့်ရေးသားထားတဲ့ မဲဆွယ်မှုကိုခြိမ်းခြောက်သည့် RCSS ကို TNP ပါတီက ကော်မရှင်ထံတိုင်ကြား ဆိုတဲ့သတင်းကို ပြန်ပြင်ပြီးတော့ ရေးသားထားတာ ဖြစ်ပါတယ်။

တအာင်း (ပလောင်) ပါတီ မဲဆွယ်စည်းရုံးမှုကို ခြိမ်းခြောက်ခဲ့တဲ့ RCSS/SSA အဖွဲ့၏ လုပ်ရပ်ဆိုတဲ့ခေါင်းစဉ်နဲ့ ပြန်လည်ပြင်ဆင်ရေးသားခဲ့တာဖြစ်ပြီး ဧရာဝတီသတင်းထဲမှာမပါတဲ့ တခြားအချက်အလက်တွေကိုပါ ထည့်သွင်းရေးသားထားတာကို တွေ့ရပါတယ်။

ဧရာဝတီသတင်းဌာနရဲ့ သတင်းကို https://bit.ly/2HqTDoP အဲဒီလင့်ကနေ ဝင်ကြည့်လို့ရပါတယ်။

ဧရာဝတီသတင်းမှာမပါတဲ့ မိုင်းကိုင်မြို့နယ် TNP ဥက္ကဋ္ဌ မိုင်းနုပ်ဟန်ရဲ့ပြောဆိုမှုကို အတုလုပ်ပြီး ပါတီတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အထင်အမြင်လွဲမှားစေနိုင်တဲ့ ပုံစံမျိုးနဲ့ ရေးသားထားတာကို တွေ့ရပါတယ်။

မိုင်းကိုင်မြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ (၂) တွင်ဝင်ပြိုင်မည့် TNP ပါတီမှ ကိုယ်စားလှယ်လောင်း မိုင်းအောင်ခမ်းက “သတင်းအမှားဆိုရင်တော့ ဘယ်နိုင်ငံရေးပါတီမဆို ဒါက ထိခိုက်မှုရှိရင် ကောင်းတဲ့လုပ်ရပ်မဟုတ်ဘူး ဒီလုပ်ရပ်တွေကို ကန့်ကွက်တယ်လို့ပဲ မှတ်ချက်ပေးလို့ရတာပေါ့နော။” လို့ပြောပါတယ်။

ရွေးကောက်ပွဲနီးလာတာနဲ့ သတင်းအမှားဖြန့်ဝေသူတွေက သတင်းဌာနတွေရဲ့ သတင်းရေးသားမှုကိုယူပြီးတော့ သတင်းထဲမှာမပါတဲ့ အပြောအဆို အရေးအသား အချက်အလက်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လူတစ်ယောက်နဲ့တစ်ယောက် အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု အထင်အမြင်မှားအောင်၊ မုန်းတီးမှုတွေဖြစ်အောင် ပြဿနာတွေဖြစ်အောင် ထည့်သွင်းရေးသားလာနေတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒီသတင်းကို ၃ ရက်အတွင်းမှာ  ပြန်လည်ဖြန့်ဝေသူပေါင်း ၈၀ ကျော်၊ ကြိုက်နှစ်သက်သူ ၇၀ ကျော် နှင့် Comment ဝင်ရောက်ရေးသားသူ ၃၀ ကျော်ရှိတာကို တွေ့ရပါတယ်။

ဒါကြောင့် စာဖတ်သူများအနေဖြင့် သတင်းတစ်ခု တက်လာတိုင်းတက်လာတိုင်းမှာ ဒီသတင်းဟာ မှန်သလား/မှားသလားဆိုတာကို သေချာစဉ်းစားပြီးမှသာ ဖြန့်ဝေပေးပါလို့ တိုက်တွန်းလိုက်ရပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...