ချင်းပြည်သူတွေ ဒေါ်အောင်ဆန်းစုကြည်ကို ဘုရားထင်နေသောကြောင့် မဲဆွယ်စည်းရုံးရေးလုပ်စရာမလိုပဲ NLD ပါတီ အလွယ်တကူအနိုင်ရမယ်လို့ ချင်းပြည်နယ် NLD ဥက္ကဌ ဦးဇိုဘွေ့ပြောကြားဆိုတဲ့ သတင်းအမှား

ချင်းပြည်သူတွေ ဒေါ်အောင်ဆန်းစုကြည်ကို ဘုရားထင်နေသောကြောင့် မဲဆွယ်စည်းရုံးရေးလုပ်စရာမလိုပဲ NLD ပါတီ အလွယ်တကူအနိုင်ရမယ်လို့ ချင်းပြည်နယ် NLD ဥက္ကဌ ဦးဇိုဘွေ့ပြောကြားဆိုတဲ့ သတင်းအမှား
by -
Khonumthung Media Group

ချင်းပြည်သူတွေအနေနဲ့ အောင်ဆန်းစုကြည်အား ဘုရားထင်နေကြသောကြောင့် မဲဆွယ်စည်းရုံးရေးလုပ်စရာမလိုအပ်ပဲ ရွေးကောက်ပွဲမှာအလွယ်တကူ NLD အနိုင်ရမယ်ဆိုပြီး ချင်းပြည်နယ် NLD ဥက္ကဌဦးဇိုဘွေ့က ပြောကြားဆိုတဲ့ သတင်းအမှားတစ်ပုဒ်ဟာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြန့်နှံ့နေပါတယ်။ 

အဲဒီသတင်းအမှားတစ်ပုဒ်ကို Salai Van LianThang ဆိုတဲ့ Facebook Account ပိုင်ရှင်ကနေ စက်တင်ဘာလ (၁၉) ရက်နေ့က ဦးဇိုဘွေ့ရဲ့ဓာတ်ပုံနှင့်အတူ ဖော်ပြခဲ့တာဖြစ်ပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ် NLD ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးယာကုပ်ထန်ကို ဆက်သွယ်မေးမြန်ကြည့်ရာမှာတော့ ဦးဇိုဘွေ့အနေနဲ့ ဒီလိုစကားမျိူးပြောဆိုတာမရှိသလို ဒါဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူတွေအထင်မှားအောင် လုပ်ဆောင်တာသာဖြစ်တယ်လို့ ပြောပါတယ်။ 

“ယုံကြည်ခြင်းကို အလွဲသုံးစားလုပ်တဲ့ သတင်းမှားကြီးဖြစ်ပါတယ်၊ ချင်းလူမျိုးအများစုက ခရစ်ယာန်ဖြစ်တဲ့အတွက် ဘုရားမှတစ်ပါး/ယေရှုခရစ်မှတစ်ပါး တစ်ခြားဘုရားသခင်မရှိဆိုတဲ့ ယုံကြည်ခြင်းမျိုးရှိကြတယ်… အဲ့ဒါကြောင့် ဦးဇိုဘွေ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုဘုရားလိုယုံကြည်တဲ့အတွက်ကြောင့်ဆိုတာကို လုံးဝပြောမှာမဟုတ်ဘူး၊ မိန်းခွန်းပြောတဲ့အခါမှာလည်း ဒီစကားလုံးဝမပါဘူးလို့ ပြောချင်ပါတယ်။”

Salai Van LianThang Facebook Account မှာတင်ထားတဲ့ ဦးဇိုဘွေရဲ့ဓာတ်ပုံကို Yandex နဲ့ ရှာဖွေလိုက်တဲ့အခါမှာတော့ လွှတ်တော်နဲ့ပတ်သက်တဲ့အကြောင်းရာကို ပြောကြားတဲ့အခါမှာ ရိုက်ထားတဲ့ဓာတ်ပုံကို သုံးထားတာဖြစ်ပါတယ်။

လွှတ်တော်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြန်ဖြေဆိုထားတာကို တွေ့မြင်နိုင်ပါတယ်။ Link-(https://youtu.be/q7GtP71jLO8)

ရွေးကောက်ပွဲနီးလာတာနဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပါတီတစ်ခုကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာတွေရေးတဲ့ သတင်းအမှားများ၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို တိုက်ခိုက်တဲ့ သတင်းအတုတွေများလာတဲ့အတွက်ကြောင့် ယုံကြည်စိတ်ချမှုရှိတဲ့ သတင်းဌာနကတင်တဲ့ သတင်းတွေကိုသာ ဖတ်ရှုကြပါလို့ပြောချင်ပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...