NLD ပါတီ အစိုးရဆက်လုပ်ခွင့်ရရင် ကားလမ်းများအစား မိုးပျံရထားလမ်းများကိုသာ တည်ဆောက်တော့မယ်လို့ ချင်းဝန်ကြီးချူပ် ကတိကဝတ်ပြုဆိုတဲ့ သတင်းအမှား

NLD ပါတီ အစိုးရဆက်လုပ်ခွင့်ရရင် ကားလမ်းများအစား မိုးပျံရထားလမ်းများကိုသာ တည်ဆောက်တော့မယ်လို့ ချင်းဝန်ကြီးချူပ် ကတိကဝတ်ပြုဆိုတဲ့ သတင်းအမှား
by -
Khonumthung Media Group

ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ဆိုရှယ်မီဒီယာပေါ်မှာပြန့်နေတဲ့ သတင်းအမှားတစ်ပုဒ်ကတော့ NLD ပါတီနောက်ထပ် (၅) နှစ် အစိုးရဆက်လုပ်ခွင့်ရမည်ဆိုပါက ကားလမ်းများအစား မိုးပျံရထားလမ်းများကိုသာ တည်ဆောက်တော့မယ်လို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ရွေးကောက်ပွဲအောင်နိုင်ရေးဂတိကဝတ်ပြုခဲ့တယ်ဆိုတဲ့ သတင်းအမှားပဲဖြစ်ပါတယ်။ 

အဲဒီသတင်းအမှားကိုတော့ Salai Van LianThang ဆိုတဲ့ Facebook Account ပိုင်ရှင်ကနေ စက်တင်ဘာလ (၁၈) ရက်နေ့က ဝန်ကြီးချူပ်ဦးလျန်လွယ်ရဲ့ ဓာတ်ပုံနဲ့အတူ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ် NLD ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးယာကုပ်ထန်က ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ချင်းပြည်နယ် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ သတင်းအမှားတွေနဲ့ တိုက်ခိုက်မှုတွေခံနေရတယ်လို့ပြောပါတယ်။ 

“ဒီကိစ္စက သူပြောတာရှိရင် ကျနော်လည်းကြားရမှာပေါ့ NLD ရဲ့ ပေါ်လစီမှာ မိုးပြန်ရထားလုပ်မယ်၊ ဘာလုပ်မယ်ဆိုတာတွေက အခုအခြေနေနဲ့ အဆင်မပြေနိုင်သေးဘူး၊ အဲ့ဒီလိုတော့ ပြောမှာမဟုတ်ဘူး လွှတ်တော်ဥက္ကဌကို အပြစ်တင်လိုက်၊ ဝန်ကြီးချုပ်ကို အပစ်တင်လိုက်၊ ဒု-သမ္မကို အပြစ်တင်လိုက်နဲ့ လုံးဝမလုပ်တဲ့အရာတွေကို လုပ်တယ်လို့ပြောဆိုတာတွေ များလာတယ်၊ နိုင်ငံရေးမှာ မလုပ်သင့်တဲ့အရာဖြစ်တယ်လို့ ပြောချင်ပါတယ်။”

Salai Van LianThang Facebook Account မှာတင်ထားတဲ့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်းလွယ်ရဲ့ဓာတ်ပုံကို Google နဲ့ရှာဖွေလိုက်တဲ့အခါမှာတော့ Chin State Government မှာ တင်ထားတဲ့ဓာတ်ပုံကို သုံးထားတာဖြစ်ပြီး အဲ့ဒီဆွေးနွေးပွဲမှာတော့ ချင်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ကိုဗစ်နဲ့ပတ်သက်ပြီး ဘယ်လိုစနစ်တကျ ဘယ်လိုဆောင်ရွက်ရမလဲဆိုတာတွေကိုပဲ ပြောကြားခဲ့တာဖြစ်ပါတယ်။

လမ်းတံတားအကြောင်း မပါဝင်တာကို တွေ့နိုင်ပါတယ်။ အောက်ပါ Link မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် - (https://www.chinstate.gov.mm/news/post-1694?fbclid=IwAR1ARMpG4DLN4FgvlhY...)

ဒီသတင်းအမှားကို Like ပြုလုပ်တဲ့သူ (၃၄) ဦး၊ Share ပြုလုပ်သူ (၁၃) ဦး၊ Comment ဝင်ပေးသူ (၁၀) ဦးထိရှိခဲ့ပါတယ်။ 

ရွေးကောက်ပွဲနီးလာတာနဲ့ အင်တာနက်စာမျက်နှာမှာ ပါတီတစ်ခုကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာတွေရေးတဲ့ သတင်းအမှားများ၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို တိုက်ခိုက်တဲ့ သတင်းအတုတွေများလာတဲ့အတွက်ကြောင့် ယုံကြည်စိတ်ချမှုရှိတဲ့ သတင်းဌာနကတင်တဲ့ သတင်းတွေကိုသာ ဖတ်ရှုကြပါလို့ပြောချင်ပါတယ်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...