ကျောက်ဖြူ စနဲမြို့အနီး မိုင်းပေါက်ကွဲ၍ ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရရှိ

ကျောက်ဖြူ စနဲမြို့အနီး မိုင်းပေါက်ကွဲ၍ ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရရှိ

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးတွင် အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၈ နာရီခန့်က ရေတပ်မှ ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရ၍ ၂ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိသဖြင့် စနဲဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။

၎င်းတို့မှာ စနဲမြို့အပြင်ဖက်ရှိ ရေတပ်သို့သွားလမ်း အဝတောင်ကျေးရွာအုပ်စုရှိ ရေနံသူ တံတားထိပ်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းနေရာတွင် ပွဲချင်းပြီးသေဆုံးသူတစ်ဦးရှိခဲ့ပြီး ဆေးရုံရောက်ပြီးမှ နောက်ထပ် တစ်ဦးသေဆုံးကာ နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း စနဲမြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းကြိုင်က နိရဉ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

“ဖြစ်တဲ့နေရာက စနဲမြို့ကနေ တစ်နာရီလောက်သွားရတယ်။ ရေတပ်သွားလမ်းမှာဖြစ်တာ။တပ်ကအဖွဲ့တွေ စနဲကို ဈေးလာဝယ်ရင်း အပြန်မှာဖြစ်တာလို့ အကြမ်းဖျင်းသိရတယ်ဗျ။ ဒဏ်ရာရတဲ့လူတွေကို အနီးအနား ဆိုတော့ စနဲဆေးရုံကိုပို့ပါတယ်။ ဒီကို ရောက်တာတော့ ဒဏ်ရာရတဲ့သူသုံးယောက်ပါ။ သေသွားတဲ့လူက တစ်ယောက်ပါလာပါတယ်။ ဘယ်အဆင့်တွေတော့ ကျွန်တော်လည်းမသိဘူး။ မသိဘူးဆိုတာက သူတို့က အရပ်ဝတ်နဲ့ကို” ဟုပြောသည်။

ဆေးရုံတွင် ဆေးကုသမှုခံယူနေရင်းဖြင့် နောက်ထပ်တစ်ဦးမှာသေဆုံးခဲ့ကြောင်း၊ သေဆုံးသူများမှာ အသက် ၃ဝ ကျော်နှင့် ၄ဝ ကျော်အရွယ် အမျိုးသားများဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“နှစ်ယောက်သေပြီး ကျန်ခဲ့တဲ့ နှစ်ယောက်ကတစ်ယောက်မှာ ညာဖက်ခြေထောက် ဒူးခေါင်းနားက ပြတ်သွားတယ်။ ကျန်တစ်ယောက်ကတော့ ပွန်းပဲ့ဒဏ်ရာလောက်ပါပဲ။” ဟုပြောသည်။

၎င်းရေတပ်စခန်း၏ အမည်ကို မသိသော်လည်း အဝတောင်ကျေးရွာအုပ်စုအပိုင်တွင်စခန်းချသည့် ရေတပ်စခန်းဖြစ်ကြောင်း သူကဆက်ပြောသည်။

အရပ်သားထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း၊ ၎င်းမိုင်းပေါက်ကွဲရာတွင် ကားမှာ လုံးဝပျက်စီးသွားကြောင်း သိရသည်။

၎င်းပေါက်ကွဲမှုနှင့်ပတ်သက်၍ စနဲမြို့ရှိနေရာအချို့တွင် လုံခြုံရေးများချထားကြောင်း ၎င်း မြို့နယ် အုပ်ချုပ်ရေးမှူး ပြောပြချက်အရသိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...