ရွေးကောက်ပွဲကို ရည်ရွယ်ပြီးတိုက်ခိုက်တဲ့ သတင်းအမှား

ရွေးကောက်ပွဲကို ရည်ရွယ်ပြီးတိုက်ခိုက်တဲ့ သတင်းအမှား
by -
Khonumthung Media Group

ချင်းပြည်နယ်အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီဥက္ကဌလည်းဖြစ် ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွေ့က ချင်းပြည်သူတွေရဲ့မဲကို ငွေနဲ့ဝယ်ယူဖို့ သူ့အိမ်ဆာလာအိတ်စုဗူးထဲက ကျပ်ငွေတွေကို စတင်ထုတ်ပေးနေပြီလို့ ချင်းဝိသေသတိုင်းနဲ့ ချင်းသူရဲကောင်းဆိုတဲ့အကောင့်မှာ စက်တင်ဘာလ ၂၃ ရက်နေ့က ရေးသားဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ် NLD ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီပြန်ကြားရေးတာဝန်ခံ ဦးယာကုပ်ထန်ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ အခုလိုဖြေကြားခဲ့ပါတယ်။

“အခု NLD မှာ အလုပ်လုပ်တဲ့သူတွေအားလုံးက ဦးဇိုဘွေ့ကတော့ ပါတီဥက္ကဌဖြစ်တယ်.. သူက ကိုယ်စားလှယ်မှာလည်းမပါတော့ ပါတီအောင်နိုင်ရေးပိုင်းမှာ ပိုက်ဆံတစ်ပြားမှမထုတ်ဘူး ကျနော်ကရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီဝင်ဖြစ်တယ် ရန်ပုံကိစ္စကို ကျနော်သေချာသိတယ်။ ဘယ်သူမှမထောက်ပံ့ဘူး ကုမ္ပဏီကလည်း မထောက်ပ့ံဘူး၊ ပါတီဥက္ကဌကလည်း မထောက်ပံ့ဘူးလို့ပြောချင်ပါတယ်” လို့ ဦးယာကုပ်ထန်ကပြောပါတယ်။

ဒါကြောင့် ချင်းလွှတ်တော်ဥက္ကဌက ချင်းပြည်သူတွေရဲ့မဲကို ငွေနဲ့ဝယ်ဖို့ သူ့အိမ်ဆာလာအိတ်စုဗူးထဲက ကျပ်ငွေများကို စတင်ထုတ်ပေးနေပြီဆိုတဲ့သတင်းဟာ ရွေးကောက်ပွဲကို ရည်ရွယ်ပြီးတိုက်ခိုက်တဲ့ သတင်းအမှားတစ်ပုဒ်ဖြစ်တယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

March 26, 2026
ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာများတွင် တအာင်း (ပလောင်) လူမျိုးများက ကိုးကန့်တပ် (MNDAA) အား...
March 19, 2026
စစ်အုပ်စုက ကေအဲန်ယူဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်၍ ကေအဲန်ယူရဲဘော်အယောင်ဆောင်...
January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...