ကရင်အမျိုးသားအလံတော်ကို အသုံးပြုသည့်အတွက် ပဒိုမန်းငြိမ်းမောင်ကို NLD ကန့်ကွက်၊ NLD ကိုယ်စားလှယ်လောင်းအချို့လည်း အသုံးပြုမှုရှိနေ

ကရင်အမျိုးသားအလံတော်ကို အသုံးပြုသည့်အတွက် ပဒိုမန်းငြိမ်းမောင်ကို NLD ကန့်ကွက်၊ NLD ကိုယ်စားလှယ်လောင်းအချို့လည်း အသုံးပြုမှုရှိနေ

စောထွန်းလင်း — ကရင်ပြည်သူ့ပါတီ (KPP) ၏ ပန်းတနော် မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ပဒိုမန်းငြိမ်းမောင်၏ မဲဆွယ် ဗီနိုင်းနှင့်အတူ ကရင်အမျိုးသားအလံတော်လွှင့်ထူခဲ့ခြင်းအပေါ် ပန်းတနော် NLD က မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ တိုင်ကြားမှုဖြစ်ပွားခဲ့သည်ဟု KPP တာဝန်ရှိသူများက ကေအိုင်စီသို့ ပြောသည်။

ပန်းတနော်မြို့နယ်၊ စစ်ကိုင်းကျေးရွာအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းစိန်က KPP ကိုယ်စားလှယ်လောင်း ပဒိုမန်းငြိမ်းမောင်၏ ဗီးနိုင်း ဆိုင်းဘုတ်တင်သည့်နေရာတွင် ကရင်အမျိုးသားအလံတော်လွှင့်ထူခဲ့ခြင်းများရှိသည့်အပေါ် အများထင်ယောင်ထင်မှားဖြစ်စေရန် အသုံးပြုသည့်အတွက် အောက်တိုဘာ ၉ ရက်နေ့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်းကြားခဲ့ခြင်းဖြစ်သည်။

“အထူးသဖြင့် ကရင်အမျိုးသားတွေပေါ့၊ ဒါနဲ့ပတ်သက်ပြီး သူတို့က မေးတယ်။ သူ့ပါတီအလံရှိရဲ့သားနဲ့ ကရင် အမျိုးသားအလံ ထိုးတယ်ပေါ့၊ အဲ့တော့ ကော်မရှင်ကို အကြောင်းကြားပေါ့လို့ပြောတော့ ကော်မရှင်ကို တိုင် တာပါ”ဟု ပန်းတနော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ မန်းညွှန့်သိန်းက ပြောသည်။

ထိုသို့တိုင်ကြားခဲ့မှုအပေါ် အောက်တိုဘာ ၁၃ ရက်တွင် ပြုလုပ်သည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် စုံညီ လုပ်ငန်းအစည်းအဝေးတွင် ဆွေးနွေးခဲ့ပြီး ပါတီအလံအစား ကရင်အမျိုးသားအလံတော်ကို အသုံးမပြုရန် အ ကြောင်းကြားခဲ့သည်ဟု မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ခင်သန္တာမြင့်က ပြောသည်။

“NLD က တိုင်လို့ ဆိုင်းဘုတ်မှာတော့ အမျိုးသားအလံသုံးလို့မရဘူးလို့ စာပို့တာပါ”ဟု ၎င်းက အောက်တိုဘာ ၁၄ ရက်နေ့တွင် ပြောသည်။

ပန်းတနော် KPP အနေဖြင့် ပါတီအလံကိုသာ လွှင့်ထူခဲ့သော်လည်း ပါတီအလံကုန်သွားသည့်အတွက် ယခုလို အသုံး ပြုမိခြင်းဖြစ်ပြီး ကော်မရှင်၏ လမ်းညွှန်ချက်အတိုင်းလိုက်နာသွားမည်ဟု ပန်းတနော် တိုင်း-၂ ကိုယ်စား လှယ်လောင်း စရဲသူရိန်ဟန်က ကေအိုင်စီသို့ ပြောသည်။

“ဗီနိုင်းနဲ့ ဆိုင်းဘုတ်တွေတင်တော့ ပါတီအလံပဲ လွှင့်တယ်။ ပါတီအလံကုန်သွားတော့ ကရင်အလံ လွှင့်လိုက် တာ။ တခြားပါတီအချို့လည်း ကရင်အမျိုးသားအလံကို ပုံစံမျိုးစုံနဲ့ သုံးတာတွေ့ရတယ်”ဟု ၎င်းက ပြောသည်။

ကရင်အမျိုးသားအလံတော်သည် ကရင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်ပြီး ပါတီ၊ အဖွဲ့အစည်းတစ်ခုခုသည် ကရင် တစ်မျိုးသားလုံးကို ကိုယ်စားမပြုသည့်အတွက် အသုံးပြုရန်မသင့်ကြောင်း ကရင်အမျိုးသားပါတီ ( KNP) ဒုဥက္ကဋ္ဌ မန်းထိန်ဝင်းစိန်က မှတ်ချက်ပြုပြောသည်။

“NLD က ကရင်ရေးရာဝင်ပြိုင်မယ့် ဂါ့မိုးမြတ်မြတ်သူရဲ့လက်ကမ်းစာစောင်မှာ သူ့ပုံဘေးမှာ ကရင်အလံ ထည့်ထားတယ်။ စာရွက်အပေါ်မှာက NLD ပါတီအလံနဲ့ ပါတီခေါင်းဆောင်တွေပုံ သုံးထားတယ်။ ဒါမသင့် တော်ဘူးလို့ စေတနာ နဲ့ မေတ္တာရပ်ခံချင်တယ်” ဟု မန်းထိန်ဝင်းစိန်က ပြောသည်။

ယခုလို NLD ကိုယ်စားလှယ်လောင်းအချို့ ကရင်အလံ အသုံးပြုခြင်းအပေါ် လက်ရှိ NLD ပန်းတနော်မြို့နယ်၊ ပြည်သူ့ ကိုယ်စားလှယ်လည်းဖြစ်ပြီး ယင်းနေရာတွင် ရွေးကောက်ပွဲ ပြန်ဝင်မည့် မန်းညွှန့်သိန်းက “စာရွက် ပေါ် မှာ တော့ရှိမှာပေါ့။ အခုက လမ်းဆုံလမ်းခွလေးတွေမှာ တင်ထားတာလေးပါ။ ဒေသခံရဲ့ အာဘော်ပဲလေ” ဟု ပြောသည်။

ကရင်အမျိုးသားအလံတော်သည် ကရင်တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့်အတွက် နိုင်ငံရေး ပါတီများက အ သုံး မပြုသင့်ဟု NLD ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီဝင် လက်ရှိ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် စခင်ဇော်လင်းက ကေအိုင်စီသို့ မှတ်ချက်ပြုပြောသည်။

“ကရင်အမျိုးသား အလံတော်က တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့အတွက် ဘယ်ပါတီမှ မသုံးသင့်ဘူး၊ pamphlet (လက်ကမ်းစာစောင်)မှာ ဂါ့မိုးမြတ်မြတ်သူသုံးနေတာ တွေ့တဲ့အတိုင်းပဲ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခင်က ကရင်အမျိုးသားသားအလံတော်ကို နိုင်ငံရေးပါတီများက ယူသုံးသည့်အတွက် တရားဝင်ကန့်ကွက်မှု မျိုးများလည်း ဖြစ်ပွားခဲ့ဖူးပြီး ထင်ရှားမှုတစ်ခုအနေဖြင့် ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံ တင်ခွင့်ရချိန်တွင် လက်ရှိ ဖျက်သိမ်းခံလိုက်ရပြီးဖြစ်သည့် ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ်ပါတီက ကရင်အမျိုးသားအလံတော်ကို ၎င်းတို့ ပါတီအလံအဖြစ် အသုံးပြုမှုအပေါ် ကရင်အမျိုးသား နှစ်သစ်ကူးပွဲ တော် ကျင်းပရေး (ဗဟို)ကော်မတီက ကန့်ကွက်ခဲ့ရာ ထိုစဉ်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လက်ခံခဲ့ဖူးသည်။

ကရင်အမျိုးသားအလံတော်သည် ၁၉၃၇ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူး ဥပဒေအရ တရားဝင်အလံ ဖြစ်ကြောင်း သိရသည်။

Most read this week

December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...