ဒရုန်းရန်ကြောင့် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးသူတွေ နည်းပါးလာ

ဒရုန်းရန်ကြောင့် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးသူတွေ နည်းပါးလာ
Photo credit - CJ
Photo credit - CJ

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့ မီးဖိုချောင်အသုံးစရိတ် သက်သာချောင်ချိစေဖို့အတွက် ရည်ရွယ်ပြီး နှစ်စဥ် ဆောင်းသီးနှံစိုက်ပျိုးကြပေမယ့် ယခုနှစ်မှာတော့ စိုက်ပျိုးသူတွေ နည်းပါးလာတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

စစ်ကော်မရှင် တပ်စွဲနေရာနဲ့ နီးကပ်နေသလို သွားလာရေးခက်ခဲတာတွေအပြင် ကန့်သတ်ချက်တွေ၊ ဒရုန်း၊ လက်နက်ကြီးရန်တွေကြောင့် စိုးရိမ်ပူပန်နေရပြီး ဆောင်းသီးနှံကို မစိုက်ပျိုးနိုင်ကြတော့ဘူးလို့ စစ်ရှောင်အမျိုးသမီးတဦး က ပြောပါတယ်။

“သွားလာရတာ ခက်ခဲတာ၊ သွားလာရေး ကန့်သတ်ချက်ရှိလာတာ၊ စစ်တပ်က တပ်စွဲဲရှိနေသေးတာရယ်၊ ဒရုန်းတွေကို ကြောက်ရတာနဲ့ လက်နက်ကြီး ကြောက်နေရတာတွေကြောင့် အိမ်ရှင်မတွေက အရင်နှစ်တွေထက် စာရင် ဆောင်းသီးနှံကို စိုးပျိုးမှုနည်းကြတယ်၊ မြေနေရာ စိုက်ပျိုးဖို့လည်း ခက်ခဲလာတယ်ပေါ့။” လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းနှစ်ခုမှာ နေထိုင်သူတွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစပြီး စစ်ရှောင်နေရင်း စားဝတ်နေရေး အထောက်အကူပြုစေနိုင်ဖို့ နှစ်စဉ် နိုဝင်ဘာလ နောက်ဆုံးအပတ် နဲ့ ဒီဇင်ဘာလ ပထမအပတ်အတွင်း ဆောင်းသီးနှံကို စိုက်ပျိုးလာကြတယ်လို့ ဆိုပါတယ်။

ဆောင်းသီးနှံ စိုက်ပျိုးနိုင်ဖို့ကိုတော့ လူမှုအသင်းအဖွဲ့တွေကနေ နှစ်စဥ် အသေးစားမျိုးစေ့ လှူဒါန်းပေးတာ ရှိသလို တပိုင်တနိုင် စိုက်ပျိုးထားတဲ့ မျိုးစေ့ကို ပြန်လည်အသုံးပြုပြီး စိုက်ပျိုးကြတာလည်း ရှိပါတယ်။ ဒါ့အပြင် လူမှုအသင်းအဖွဲ့ အလှူရှင်တွေထံကနေ ဆောင်းသီးနှံ စိုက်ပျိုးနိုင်ဖို့အတွက် ငွေကြေး အကူအညီ ရရှိဖူးသလို ကိုယ်ထူကိုယ်ထစနစ်နဲ့ စိုက်ပျိုးကြသူတွေလည်း ရှိပါတယ်။

စစ်ဘေးရှောင်တွေဟာ နေရပ်မပြန်နိုင်တာ ၄ နှစ်ကျော်ရှိလာပြီဖြစ်ပြီး စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ စားဝတ်နေရေး ပိုမိုအခက်ကြုံလာတဲ့အတွက် ဝင်ငွေနည်းပါးတဲ့ ပြသနာနဲ့ မီးဖိုချောင် အသုံးစရိတ် သက်သာစေဖို့အတွက်ပါ ရည်ရွယ်ပြီး ဆောင်းသီးနှံကို စိုက်ပျိုးကြတာပါ။

တဖက်မှာလည်း အခြေခံစားသောက်ကုန် ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အထောက်အကူပြုနိုင်ဖို့အတွက် ဆောင်းသီးနှံကို အားထားနိုင်ဖို့ ရည်ရွယ်ပြီး စိုက်ပျိုးကြတာပါ။

ဆောင်းသီးနှံအဖြစ် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆလတ်၊ နံနံပင်၊ မုန်လာဥနီ ၊ မုန်ညင်း၊ ပဲ အမျိုးမျိုးတို့ကို အဓိက စိုက်ပျိုးကြပြီး အခြားသော သီးနှံတွေကိုလည်း စိုက်ပျိုးကြပါတယ်။

ဖရူဆိုမြို့နယ်အတွင်းရှိ အဆိုပါ စစ်ဘေးရှောင်စခန်းနှစ်ခုမှာတော့ အိမ်ခြေ ၃၀၀ ကျော် ရှိပြီး လူဦးရေ ၁,၅၀၀ ကျော် ရှိပါတယ်။

ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...