ဥရောပ သမဂ္ဂက မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ခိုင်ခိုင်မာမာ ထောက်ခံကြောင်း ပြော

ဥရောပ သမဂ္ဂက မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ခိုင်ခိုင်မာမာ ထောက်ခံကြောင်း ပြော

ဥရောပသမဂ္ဂက အထူးသဖြင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ခိုင်ခိုင်မာမာ ထောက်ခံကြောင်းထပ်လောင်း အတည်ပြုသည်။

ခြောက်ကြိမ်မြောက် ဥရောပ သမဂ္ဂ - မြန်မာ လူ့အခွင့်အရေး ဆွေးနွေးပွဲကို အောက်တိုဘာလ ၁၄ ရက်တွင် COVID-19 ရောဂါကြောင့် ဗီဒီယို ကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုဆွေးနွေးပွဲအတွင်း ယခုကဲ့သို့ ထည့်သွင်း ပြောခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲကို လူ့အခွင့်အရေးဆိုင်ရာ ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာအမ်မွန်ဂီလ်မောနှင့် နိုင်ငံတကာ ပူးပေါင်းဆက်ဆံရေးဝန်ကြီး ဦးကျော်တင်တို့က သဘာပတိလုပ်ပြီး စီးပွားရေးကိစ္စမှသည် လူ့အခွင့်အရေးကိစ္စများအထိ ကျယ်ပြန့်စွာ ဆွေးနွေးခဲ့ကြောင်း ပူးတွဲသတင်းထုတ်ပြန်ထားသည်။  

ဆွေးနွေးပွဲတွင် ၂၀၁၉ ခုနှစ်အတွင်း ယူရို ၂ ဒသမ ၇ ဘီလီယံဖိုးရှိ မြန်မာကို ဦးစားပေး သွင်းကုန်ခွင့်ပြုထားခဲ့သည့် လက်နက်ခဲယမ်းမှအပ အရာအားလုံး (EBA) ကုန်သွယ်ရေး သဘောတူညီချက် ကိစ္စလည်း ပါဝင်သည်။  

လူ့အခွင့်အရေးနှင့် ပတ်သက်၍ ရခိုင်၊ ကချင်၊ ရှမ်းပြည်နယ်တို့ အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေများ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ရောက်ရှိနိုင်ရေး၊ ပြည်တွင်းရွှေ့ပြောင်း အခြေချသူများ၏ အခြေအနေနှင့် လူ့အခွင့်အရေး ချိုးဖောက်သည်ဟု စွပ်စွဲခံရသူများ တာဝန်ခံမှုရှိရေးတို့ ပါဝင်သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် အခြေခံလူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်၊ စီးပွားရေး၊ အလုပ်သမားအရေးနှင့် လူမှုအခွင့်အရေး၊ အမျိုးသမီးများ အခွင့်အရေး၊ လူ့အခွင့်အရေး ဆိုင်ရာများတွင် ဘက်စုံပူးပေါင်းပါဝင် ဆွေးနွေးရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးနှင့်ကပ်ရောဂါကာကွယ်ရေးအတွေ့အကြုံများကိုလည်း ဆွေးနွေးပွဲတွင် မျှဝေခဲ့ကြသည်။

၎င်းအပြင် မြန်မာအနေဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်၊ လူမှု-စီးပွား ဖွံ့ဖြိုးမှုတွင် အားလုံးပါဝင်ရေးနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည် ဆက်ဖော်ရေးလည်း ဥရောပ သမဂ္ဂက တိုက်တွန်းခဲ့ပြီး ပြည်တွင်း ရွှေ့ပြောင်းအခြေချသူများ (IDP) စခန်းများ ပိတ်သိမ်ရေး အမျိုးသားအဆင့် မဟာဗျူဟာ အကောင်အထည်ဖော် အားထုတ်မှုကိုလည်း အသိအမှတ်ပြုကြောင်း ပြောခဲ့သည်။

ပြည်သူ့အခွင့်အရေးနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (ICCPR) တွင် ပါဝင်လက်မှတ်ထိုးရန်လည်း ဥရောပ သမဂ္ဂက မြန်မာကို တိုက်တွန်းခဲ့သည်။ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများအတွင်း ကလေးများပါဝင်မှု တားဆီးရေးနှင့် အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေး ကြိုးပမ်းများများကို ကြိုဆိုကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

နောက်ထပ် ခုနစ်ကြိမ်မြောက် ဥရောပသမဂ္ဂ - မြန်မာလူ့အခွင့်အရေး ဆွေးနွေးပွဲကို ၂၀၂၁ ခုနှစ်တွင် ထပ်မံကျင်းပမည်ဟု သိရသည်။

May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...
May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...