ကိုဗစ်ကြောင့် ပြည်နယ် ၁၀ ခုရှိ ထိုင်း-မြန်မာ နယ်စပ်ဂိတ်များကို ထိုင်းက ပိုမိုတင်းကျပ်မည်

ကိုဗစ်ကြောင့် ပြည်နယ် ၁၀ ခုရှိ ထိုင်း-မြန်မာ နယ်စပ်ဂိတ်များကို ထိုင်းက ပိုမိုတင်းကျပ်မည်

ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ မဲဆောက်မှတစ်ဆင့် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ကုန်တင်ယာဉ်မောင်းသုံးဦးတွင် COVID-19 ရောဂါ ကူးစက်နေကြောင်း တွေ့ရှိခဲ့ရပြီးနောက် ထိုင်း၏ပြည်နယ် ၁၀ ခုရှိ နယ်စပ်စစ်ဆေးရေး ဂိတ်များကို ပိုမိုတင်းကျပ်တော့မည်ဖြစ်ကြောင်း သိရသည်။  

ထိုင်း-မြန်မာ နယ်စပ်ဂိတ်များကို ပိုမိုတင်းကျပ်မည့် ပြည်နယ်များမှာ ကန်ချနဘူရီ၊ ချုံဖွန်၊ ချင်းရိုင်၊ ချင်းမိုင်၊ တာ့ခ်၊ ပရာချွတ် ခီရိခန်၊ ဖက်ချာဘူရီ၊ မယ်ဟောင်ဆောင်၊ ရနောင်းနှင့် ရတ်ချာဘူရီ ပြည်နယ်တို့ဖြစ်ကြောင်း COVID-19 အခြေအနေ ထိန်းချုပ်ရေး စင်တာက The Nation သတင်းစာကို အောက်တိုဘာလ ၁၂ ရက်နေ့က ပြောထားသည်။

ပြည်နယ်အစိုးရများနှင့် ဒိစတြိတ် အကြီးအကဲများအနေဖြင့် အခြေအနေကို တင်းကျပ်စွာ စောင့်ကြည့်ရန် ထိုင်းပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ချတ်ချိုင်း ဖရွန်လတ်က တာဝန်ပေးထားကြောင်း သိရသည်။

မဲဆောက်တွင် COVID-19 ရောဂါပိုးတွေ့သည့် မြန်မာယာဉ်မောင်း သုံးဦးနှင့် ထိတွေ့ခဲ့သူများကို ရောဂါ ကူးစက်ခြင်း ရှိ၊ မရှိ စစ်ဆေးမှုများ တိုးတက်မှုရှိနေသည်ဟု ထိုင်းရောဂါထိန်းချုပ်ရေးဌာန (DDC) က The Nation သတင်းစာသို့ ပြောသည်။

DDC ၏ အထွေထွေ ကူးစက်ရောဂါများ ထိန်းချုပ်ရေး ဗြူရိုမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဆိုပွန် အီယန်ဆီရီထာဝန်က မြန်မာယာဉ်မောင်း သုံးဦးနှင့် ထိတွေ့ခဲ့သူ ၇၄ ဦးစလုံးကို စစ်ဆေးပြီးဖြစ်ပြီး COVID-19 ရောဂါ ကူးစက်ခြင်း မရှိကြောင်း၊ ၎င်းတို့ကို ဆက်လက်၍ ၁၄ ရက် သီးခြားခွဲနေရသည့် ကွာရန်တင်း ထားရှိကြောင်း ပြောသည်။

မြန်မာနိုင်ငံတွင် ဒုတိယအကျော့ COVID-19 ရောဂါ ဖြစ်ပွားမှုများ စတင်လာပြီးနောက် နယ်စပ်မှတစ်ဆင့် ကူးစက်မှုများကို တားဆီးနိုင်ငံရန် မဲဆောက်မြို့တွင် ရွေ့လျား စစ်ဆေးရေးအဖွဲ့ သုံးခုက ထိုင်းနှင့် နိုင်ငံခြားသား ၁၅၀၀ ခန့်ကို ကျန်းမာရေး စစ်ဆေးပေးခဲ့ပြီး ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် အောက်တိုဘာလ ၁၂ ရက်နေ့ ည ၈ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ကူးစက်သူ ၂၉၃၁၄ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၁၀၂၆၀ ဦး၊ သေဆုံးသူ ၆၆၄ ဦး ရှိကြောင်း သိရသည်။

ဓာတ်ပုံ - CJ
August 11, 2026
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကွမ်းတိုင်းကျေးရွာကို စစ်တပ်က ယနေ့ (ဩဂုတ်လ ၁၁ ရက်)...
August 11, 2026
အာဇာနည်ခေါင်းဆောင် ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့ကို မြှုပ်နှံထားသည့် သမိုင်းဝင် တာမွေ အစ္စလာမ်...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တမူးမြို့သို့ ကားလိုင်းများ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်သော်လည်း...
ဓါတ်ပုံ - (CJ) (စစ်ကိုင်းတိုင်းအတွင်း ရေကြီးရေလျှံမှုအခြေအနေများနှင့် တော်လှန်ရေးအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အကူအညီပေးမှု မှတ်တမ်းပုံ။
August 10, 2026
စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေသည့် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ စုစုပေါင်း ကိုးဦးအထိ...