စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုအတွင်း ဗကသ ကျောင်းသား ၁၅ ဦး တရားစွဲဆိုခံထားရပြီး ထိုအထဲမှ နှစ်ဦးမှာ ထောင် ၅ နှစ်၊ နောက်တစ်ဦးကို ထောင်တစ်နှစ်ချမှတ်ခံထားရ

စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုအတွင်း ဗကသ ကျောင်းသား ၁၅ ဦး တရားစွဲဆိုခံထားရပြီး ထိုအထဲမှ နှစ်ဦးမှာ ထောင် ၅ နှစ်၊ နောက်တစ်ဦးကို ထောင်တစ်နှစ်ချမှတ်ခံထားရ
ဓာတ်ပုံ- ဗကသများ အဖွဲ့ချုပ်
ဓာတ်ပုံ- ဗကသများ အဖွဲ့ချုပ်

ခိုင်လူလှ — စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုအတွင်း ဗကသများအဖွဲ့ချုပ်ဝင်ကျောင်းသား ၁၅ ဦး တရားစွဲဆိုခံထားရပြီး ထိုအထဲမှ ကျောင်းသားနှစ်ဦးမှာ ထောင် ၅ နှစ်စီနှင့် နောက်တစ်ဦးမှာ ထောင်တစ်နှစ်ချမှတ်ခံထားရကြောင်း ဗကသ အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထောင်ချခံရသူ ၃ ဦးအထဲမှဗဟိုအမှုဆောင်အဖွဲ့ ဗကသများ အဖွဲ့ချုပ် (ကန့်ဘလူ စက်မှုလက်မှု သိပ္ပံ ကျောင်းသားများ သမဂ္ဂ) ကိုစိုးလှနိုင်နှင့် ဗဟိုအမှုဆောင်အဖွဲ့ဗကသများ အဖွဲ့ချုပ်ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုကျော်သီဟရဲကျော်တို့ကို မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် တရားရုံးမှ ပုဒ်မ ၅ဝ၅ (က)(ခ) ဖြင့်ထောင်ဒဏ် ၂ နှစ်၊ အောင်မြေသာဇံမြို့နယ် တရားရုံးမှ ပုဒ်မ ၅ဝ၅ (က)(ခ) ဖြင့်ထောင်ဒဏ် ၁ နှစ်၊ ချမ်းအေးသာဇံမြို့နယ် တရားရုံးမှ ပုဒ်မ ၅ဝ၅ (က)(ခ) ဖြင့်ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ၅ နှစ်ချမှတ်ခဲ့သည်။

အလားတူ ရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုရဲရင့်အောင်ကို ချမ်းအေးသာဇံမြို့နယ် တရားရုံးမှ ပုဒ်မ ၅ဝ၅ (ခ) ဖြင့်ထောင်ဒဏ် ၁ နှစ် ချမှတ်ထားသည်။

နောက်ထပ် ဖမ်းဆီးတရားစွဲခံထားရသော ဗကသများ အဖွဲ့ချုပ်မှ ကျောင်းသားများမှာ မိတ္ထိလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျောင်းသား သုံးဦးဖြစ်ကြသည့် ကိုသန်းတိုးအောင်ကို စက်တင်ဘာ ၁၅ ရက်နေ့က ဖမ်းဆီးဖြင့် ပုဒ်မ ၅ဝ၅ (က)(ခ)လည်းကောင်း၊ ကိုဆန်းလင်းကို စက်တင်ဘာ ၁၅ ရက်နေ့က ဖမ်းဆီးဖြင့် ပုဒ်မ ၅ဝ၅ (က)(ခ)လည်းကောင်း၊ ကိုအောင်သူဟိန်း စက်တင်ဘာ ၂၃ ရက်နေ့က ဖမ်းဆီးပြီး ပုဒ်မ ၅ဝ၅ (က)(ခ)ဖြင့်လည်းကောင်း  တရားစွဲဆိုထားသည်။

မုံရွာခရိုင်ကျောင်းသားများ သမဂ္ဂမှ ကိုလင်းသူရကိုအား စက်တင်ဘာ ၁၇ ရက်နေ့က ဖမ်းဆီးပြီး ပုဒ်မ ၅ဝ၅ (က)(ခ)ဖြင့်လည်းကောင်း၊ မုံရွာပညာရေး ကျောင်းသားများ သမဂ္ဂမှ ကိုညီညီမင်းထက်ဝေကို စက်တင်ဘာ ၂၉ ရက်နေ့က ဖမ်းဆီးပြီး ပုဒ်မ ၅ဝ၅ (ခ)နှင့် ငြိမ်းစုစီဖြင့် တရားစွဲဆိုထားသည်။

ရတနာပုံ တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကိုမျိုးချစ်ဇော်ကို စက်တင်ဘာ ၂၄ ရက်နေ့က ဖမ်းဆီးပြီး ပုဒ်မ ၅ဝ၅ (ခ)နှင့် ငြိမ်းစုစီဖြင့်လည်းကောင်း၊ ပခုက္ကူ တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုအောင်ခိုင်မင်း၊  ကိုသက်သက်မောင်မောင်နှင့် ကိုလှထွန်းအောင်တို့သုံးဦးကို စက်တင်ဘာ ၂၇ ရက်နေ့က ဖမ်းဆီးပြီး ပုဒ်မ ၅ဝ၅ (ခ)နှင့် ငြိမ်းစုစီ (၁၉) ဖြင့်လည်းကောင်း တရာစွဲဆိုထားသည်။

မန္တလေးသမဝါယမကောလိပ် ကျောင်းသားသမဂ္ဂမှ ကိုသုတညီညီကို စက်တင်ဘာ ၂၇ ရက်နေ့က ဖမ်းဆီးပြီး ၅ဝ၅ (ခ)နှင့် ငြိမ်းစုစီ (၁၉) ဖြင့်လည်းကောင်း၊ ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုထက်အောင်နှင့် ကိုကျော်ရဲသူတို့ကို စက်တင်ဘာ ၂၉ ရက်နေ့က ဖမ်းဆီးပြီး ၅ဝ၅ (ခ) ဖြင့်လည်းကောင်း တရားစွဲဆိုထားသည်။

ဗဟိုအမှုဆောင်အဖွဲ့ ဗကသများ အဖွဲ့ချုပ်မှ ကိုဘုန်းမြင့်ကျော် (ကျောင်းသားထုအခွင့်အရေးတာဝန်ခံ)ကို အောင်မြေသာဇံမြို့နယ်၊ ချမ်းအေးသာဇံမြို့နယ်နှင့် အမရပူရ မြို့နယ်တို့မှ ပုဒ်မ ၅ဝ၅ (က) (ခ) တို့ဖြင့် ဝရမ်းထုတ်ထားသည်ဟု သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...