ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုင်းနင်းမိ၍ မြိုအမျိုးသမီးငယ်တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုင်းနင်းမိ၍ မြိုအမျိုးသမီးငယ်တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးကျေးရွာ၏ အနောက်ဖက် ၁ မိုင်ခန့်အကွာတွင် အောက်တိုာ ၉ ရက် နေ့လယ် ၁ နာရီကျော်အချိန်ခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ဗန်းဗွီးကျေးရွာမှ မြိုလူမျိုး အမျိုးသမီးတစ်ဦးသေဆုံးကာ မြိုအမျိုးသမီးနှစ်ဦးမှာ ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ ဦးမောင်ဖြူထွန်း၏သမီး မဆန်းဆန်းအေး အသက် (၁၉) နှစ်ဖြစ်ပြီး မိုင်းပေါက်ကွဲသည့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသွားသူ ဦးစိန်မောင်၏ ဇနီး မထွီး(၃ဝ)နှစ်ဖြစ်ပြီး လက်မောင်းတွင် ဒဏ်ရာရကာ ဦးမောင်တုတ်ကြီး၏ သမီး မလပြည့်မ (၂ဝ)နှစ်တွင် မျက်နှာတွင် ဒဏ်ရာအနည်းငယ်ရရှိသွားကြောင်း ဦးသန်းမောင်က ပြောသည်။

ကျေးရွာသားတစ်ဦးက“ဖျဉ်ဥ (ခေါ်)ဝဥ တူးဖို့သွားတဲ့အချိန်မှာ မိုင်းနင်းမိလို့ အခု သေဆုံး သွားသူရဲ့ ညာဘက် ခြေထောက်ပြတ်ထွက်သွားတယ်။ ဒဏ်ရာတွေကတော့ အများကြီးပါ။ အဲဒီမိုင်းပေါက်ကွဲတဲ့ နေရာမှာဘဲ သေဆုံးသွားတယ်။ ဖျဉ်ဥ (ခေါ်)ဝဥ တူးဖို့သွားတဲ့အချိန်မှာတော့ သူတစ်ယောက်တည်း မဟုတ်ဘူး။ အဖော်တွေလည်း ပါတယ်။ ယောကျာ်း ၂ ယောက်၊ မိန်းမ ၄ ယောက် သွားကြတာပါ” ဟုပြောသည်။

ယခုမိုင်းပေါက်ကွဲသော နေရာအနီးတဝိုက်တွင် ပြီးခဲ့သော ၂ဝ၁၉ ခုနှစ်အတွင်းက တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သော နေရာဖြစ်ကြောင်း ဗန်းဗွီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းမောင်က ပြောသည်။

ဦးသန်းမောင်က “ သေဆုံးသွားတဲ့အမျိုးသမီးမှာတော့ ညာဘက်ခြေထောက်ပြတ်ထွက်သွားတယ်။ နောက်တစ်ယောက်မှာလည်း လက်မောင်းမှာ ဒဏ်ရာရသွားတယ်။ နောက်အမျိုးသမီးငယ်တစ်ယောက်မှာ မျက်နှာမှာ ဒဏ်ရာအနည်းငယ်ရသွားတယ်။ အဲဒီနေရာအနီးအနားမှာ ၂ဝ၁၉ ခုနှစ်က တိုက်ပွဲဖြစ်တာတွေ ရှိခဲ့တယ်။ အဲဒီနားက တောင်တန်းတွေပေါ်မှာ တပ်မတော်သားတွေ စခန်းချနေထိုင်တာတွေလည်း ရှိခဲ့တယ်။” ဟု ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပုဏ္ဏားကျွန်းမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က မိုင်းပေါက်ကွဲ၍ မြိုအမျိုးသမီး တစ်ဦးသေဆုံးသွားခြင်းမှာ ဟုတ်မှန်ကြောင်း နိရဉ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

Most read this week

ဓါတ်ပုံ - Daily Times Of Bangladesh
August 19, 2026
အာရက္ခတပ်တော် (AA) သည် ရေပိုင်နက် ကျူးကျော်ဝင်ရောက်မှုဖြင့် ဖမ်းဆီးထားသော...
August 19, 2026
အာရက္ခ (ရခိုင်) ပြည်၊ မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းတစ်လျှောက်တွင် မိုးသည်းထန်စွာ...
August 17, 2026
အာရက္ခတပ်တော် (AA) က ဝိုင်းဝန်းပိတ်ဆို့ထားသော နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးဗျူဟာသို့...
စစ်အုပ်စုတပ်သား (ပုံဟောင်း)
August 17, 2026
ရခိုင်ပြည် (အာရက္ခပြည်)၊ ကျောက်ဖြူစစ်မျက်နှာ နှစ်ခုအနက် အဝတောင်စစ်မျက်နှာတွင် အထိအခိုက် အကျ...