ကော့မှူးမြို့နယ်တွင် UNDP ပါတီမှာ ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်စိုက်ထူခွင့်မရ

ကော့မှူးမြို့နယ်တွင် UNDP ပါတီမှာ ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်စိုက်ထူခွင့်မရ
တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်
တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်

ကော့မှူးမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) လွှတ်‌တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ဆိုင်းဘုတ်များ စိုက်ထူခွင့်မရ၍ မဲဆွယ်ရေး အခက်ကြုံနေရကြောင်း ပါတီဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်ကပြောသည်။  

ပါတီအောင်နိုင်ရေးအတွက် ကိုယ်စားလှယ်လောင် ဆိုင်ဘုတ်ထောင်ရန်  စက်တင်ဘာ ၂၄ ရက်က ကော့မှူးမြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌထံသို့ စာဖြင့် ခွင့်ပြုချက်တောင်းခဲ့သော်လည်း ကိုဗစ်ကာလ ပြီးမှသာ ခွင့်ပြုပေးနိုင်မည်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့ပြီး အချိန်ကာလ သတ်မှတ်ချက်ကို တိတိကျကျ အကြောင်းပြန်ခြင်းမရှိကြောင်း အဆိုပါ မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းလည်းဖြစ်သူ ဦးဒေးဗစ်လှမြင့် က ပြောသည်။

“ ပန်းဖလက်ဝေတာ၊ ဆိုင်းဘုတ်ထောင်တာ ဒါတွေဘာတစ်ခုမှမရဘဲနဲ့ကျွန်တော်တို့ ရွေးကောက်ပွဲဝင်နေတာကတော့ ပြန်စဉ်းစားရမယ့်အနေအထားမှာရှိတယ်။ ဒီအခြေအနေမျိုးနဲ့ ရွေးကောက်ပွဲဝင်သင့်လား၊ မဝင်သင့်လား ဆိုတာ ပြန်စဉ်းစားရမယ့်အနေအထားကိုရောက်နေပြီ ” ဟု ဦးဒေးဗစ်လှမြင့်ကပြောသည်။  

အလုပ်သမားနှစ်ဦးနှင့် ပါတီဝင်တစ်ဦးကသာ ဆိုင်းဘုတ်ထောင်ခြင်းကိုပြုလုပ်မည် ဖြစ်ကြောင်း  စည်ပင်မြို့နယ်ဦးစီးမှူးကို ရှင်းပြခဲ့သော်လည်း COVID ပြီးမှသာ ခွင့်ပေးမည်ဟုသာ အကြောင်းပြန်နေကြောင်း ၎င်းကပြော သည်။

“ ဒါကို စည်ပင်က ကန့်ကွက်တယ်ဆိုတာကတော့ အခုချိန်မှာ ကိုဗစ်ရှိလို့ အိမ်ပြင်မထွက်ရဆိုတဲ့ ကျန်းမာရေးဌာနရဲ့ညွှန်ကြားချက်ကြောင့်ဖြစ်မလားတော့မဆိုနိုင်ဘူးပေါ့နော်” ဟု ကော့မှူးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်အောင်ကပြောသည်။  

UNDP ပါတီအနေဖြင့် ကော့မှူးမြိုနယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ပါတီဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်၊ တိုင်းဒေသကြီး အမှတ် (၂) မဲဆန္ဒနယ်အတွက် ဦးသန့်ဇင် တို့ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကော့မှူးမြို့နယ် ပါဝင်သည့် ကရင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်နော်အုန်းလှ တို့က ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ပြည်သူ့လွှတ်တော် ကော့မှူး မဲဆန္ဒနယ်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရွေကောက်ပွဲ နှစ်ကြိမ်ဆက် အနိုင်ရခဲ့သည့် မဲဆန္ဒနယ်ဖြစ်ပြီး ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ တွင်လည်း အဆိုပါ မဲဆန္ဒနယ်မှ ဆက်လက် ယှဉ်ပြိုင်မည်ဖြစ်သည်။  

ပြည်သူ့လွှတ်တော် ကော့မှူးမြို့နယ် မဲဆန္ဒနယ်တွင်  NLD ပါတီ၊ UNDP ပါတီ၊ UBP ပါတီ၊  USDP ပါတီ၊ UDP ပါတီ၊ PSDP ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တစ်ဦးတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...
May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...