ယိုးတရုပ် ဗုံးပေါက်ကွဲမှု ဆက်စပ် သံသယဖြင့် ဖမ်းဆီးခံထားရသူ ၃ ဦးကို စစ်တွေ တရားရုံးသို့ ပြောင်းရွှေ့

ယိုးတရုပ် ဗုံးပေါက်ကွဲမှု ဆက်စပ် သံသယဖြင့် ဖမ်းဆီးခံထားရသူ ၃ ဦးကို စစ်တွေ တရားရုံးသို့ ပြောင်းရွှေ့
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာအနီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ် သံသယဖြင့် ဖမ်းဆီးခံထားရသူ ၃ ဦးကို ပုဏ္ဏားကျွန်းမြို့နယ် တရားရုံးမှ စစ်တွေ တရားရုံးသို့ မတ်လ ၂၀ ရက်နေ့တွင် ပြောင်းရွှေ့ ရုံးထုတ်ခဲ့သည်။

၎င်းတို့မှာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာမှ ဦးယဉ်မောင် (၄၈) နှစ်၊ ဦးနိုင်နိုင် (၃၃) နှစ်နှင့် ဦးအောင်အောင် (၃၀) နှစ်တို့ ဖြစ်ကြသည်။

သူတို့အား ယခင်က ၁၇ (၁) နှင့် ၁၇ (၂) တို့ဖြင့် တရားစွဲဆိုထားပြီး ယခု တစ်ဖန် ဖေါက်ခွဲပုဒ်မ ၆ ဖြင့် ထပ်မံတရားစွဲဆိုရန် အတွက် စစ်တွေခရိုင်တရားရုံးသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း စွပ်စွဲ ဖမ်းဆီးခွထားရသူ ဦးယဉ်မောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ကျွန်တော်တို့ ၃ ယောက်ကို ၁၇ (၁) နဲ့ ၁၇ (၂) ပုဒ်မတွေနဲ့ တရားစွဲထားပြီးတော့ အခုထပ်မံပြီး ဖေါက်ခွဲပုဒ်မ ၆ နဲ့ စစ်တွေခရိုင်တရားရုံးမှာ တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ကို ပုဏ္ဏားကျွန်းမြို့နယ် တရားရုံးမှာ ၆ ကြိမ်တိုင်တိုင် ရုံးထုတ်ခဲ့ပေမယ့် တရားလိုကိုရော ကျွန်တော်တို့ကိုရော တခေါက်မှ ကြားနာစစ်ဆေးမှု မလုပ်ခဲ့သေးပါဘူး။ ကျွန်တော်တို့ကို အမြန်ဆုံး စစ်ဆေးစေလိုပါတယ်။ ဒီလိုမျိုး ဖမ်းဆီးထိန်းသိမ်းထားတာကိုလည်း လုံးဝ မတရားဘူးလို့မြင်တယ်” ဟု ဦးယဉ်မောင်ကပြောဆိုသည်။

စစ်တွေခရိုင်တရားရုံးတွင် သူတို့အား မတ်လ ၂၀ နေ့က ရုံးထုတ်ရာ မိသားစု ဆွေမျိုးများလည်း လာရောက်ခဲ့ကြသည်။

“ကျွန်မရဲ့ အိမ်ထောင်ဦးစီးကို ဒီလို ဖမ်းဆီးထားတဲ့အတွက် ကျွန်မတို့ မိသားစုတွေ တော်တော် ဒုက ္ခရောက်နေကြပါတယ်။ ဦးယဉ်မောင်က အိမ်ထောင်ဦးစီးဖြစ်ပြီးတော့ ကျွန်မတို့ မိသားစု တစ်ခုလုံးက သူ့ကိုပဲ မှီခိုနေကြရတာပါ။ အခု ဆိုင်ဖွင့်ထားပေမယ့် ရောင်းချဖို့ မတတ်တဲ့အတွက် ၀င်ငွေမရှိဘဲ အခက်ခဲ မျိုးစုံကို ရင်ဆိုင်နေကြရပါတယ်”ဟု ဦးယဉ်မောင်၏ ဇနီး ဒေါ်ဝိုင်းမေက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဦးယဉ်မောင်တွင် သူ့ဇနီးနှင့်အတူ အဝေးသင် တက္ကသိုလ် ဒုတိယနှစ် ကျောင်းသူ သမီးတစ်ဦးနှင့် အဌမတန်း ဖြေဆိုထားသူ သားတစ်ဦးကျန်ရစ်ခဲ့ပြီး ဇနီးဖြစ်သူက စျေးရောင်းမတတ်ဖြစ်နေ၍ မိသားစု စားဝတ်နေရေးအပြင် သားသမီးပညာရေးအတွက်လည်း အခက်အခဲများရှိနေသည်ဟု လေ့လာ သိရှိရသည်။

ဦးယဉ်မောင်၊ ဦးနိုင်နိုင်နှင့် ဦးအောင်အောင်တို့ကို ဇန်နဝါရီလ ၁ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာအနီး ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်မှုရှိသည်ဟု သံသယဖြင့် ဇန်နဝါရီလ ၂ ရက်နေ့တွင် ယိုးတရုတ်ကျေးရွာ၌ ရဲနှင့် စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...