အစိုးရ၏ နိုင်ငံသားစိစစ်မှု တည်ဆဲ ဥပဒေနှင့် မညီ၍ ရခိုင်ပြည်နယ်တွင် ကန့်ကွက် ဆန္ဒပြမှုများ ပေါ်ပေါက်နေ

အစိုးရ၏ နိုင်ငံသားစိစစ်မှု တည်ဆဲ ဥပဒေနှင့် မညီ၍ ရခိုင်ပြည်နယ်တွင် ကန့်ကွက် ဆန္ဒပြမှုများ ပေါ်ပေါက်နေ
by -
နိရဥ္စရာ
အစိုးရ၏ မောင်တောဒေသတွင် နိုင်ငံသား စိစစ်ရေး လုပ်ဆောင်မှုမှာ လက်ရှိ ၁၉၈၂ ခုှနှစ် နိုင်ငံသား ဥပဒေနှင့် ကိုက်ညီမှု မရှိဟုဆိုကာ ရခိုင်ပြည်နယ် အနှံ့အပြားတွင် ကန့်ကွက် ဆန္ဒပြမှုများ ပေါ်ပေါက်နေသည်။

မတ်လ ၁၉ ရက်နေ့က စစ်တွေ၊ မြောက်ဦး၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ တို့တွင် ဆန္ဒပြကန့်ကွက်ပွဲများ ပေါ်ပေါက်ခဲ့သည်။

စစ်တွေမြို့မှ ဆန္ဒပြပွဲများကို ဦးဆောင်သူ ဦးအောင်ဌေးက “ ဆန္ဒ ဖော်ထုတ်ရတာက ၁၉၈၂ နှစ် နိုင်ငံသား ဥပဒေနဲ့ မညီဘဲနဲ့ မောင်တော ဒေသက ဘင်္ဂလီတွေကို နိုင်ငံသား အဖြစ် အသိအမှတ် ကဒ် ထုတ်ပေးနေတဲ့ အပေါ်ကန့်ကွက် ဆန္ဒပြရတာ ဖြစ်ပါတယ်”ဟု ဆန္ဒပြပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး နိရဥ္စရာသို့ ပြောကြားသည်။

စုစုပေါင်း ၅၃ ဦးကို ပြည်နယ် လဝကမှူး ဦးဝင်းလွှင်က ထုတ်ပေးခဲ့ကြောင်း၊ စာရင်း အတိကျကို ၂၇ -၂- ၂၀၁၇ ရက်နေ့တွင် မောင်တောဒေသမှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အတိအကျ ဖော်ပြ ထားကြောင်း၊ ပထမ အကြိမ် ၂၁ ဦး၊ နိုင်ငံသား ပြုခွင့်ရသူ ၁၄၊ အသက် ၁၈ နှစ်မပြည့်သူ ၎င်းတို့သားသမီး ၁၈ ဦး၊ စုစုပေါင်း ၅၃ ဦးအား နိုင်ငံသား အသိအမှတ်ပြု ကဒ်များ ထုတ်ပေးခဲ့ကြောင်း သူက ပြောကြားသည်။

စစ်တွေမြို့တွင် မတ်လ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သော ဆန္ဒဖော်ထုတ်ပွဲတွင် ဥပဒေချိုးဖေါက်သူအား တရားစွဲဆိုရေး၊ ပြည်နယ် လဝကမှူး ၀င်းလွင်အား ချက်ချင်းဖမ်း၊ တရားမဝင်ကဒ်များကို ပြန်ရုပ်သိမ်းပေး၊ ကဒ်လိမ်လည်ရယူထားသူ အရေးယူ၊ နိုင်ငံသား စိစစ်ရေးကော်မတီတွင် ဒေသခံကိုယ်စားလှယ် ထည့်ပေးရေး၊ ၁၉၈၂ နိုင်ငံသား ဥပဒေအတိုင်း စိစစ်ရေး၊ ရခိုင်လူမျိုးတည်တံ့ရေး၊ ရခိုင်ပြည်နယ် တည်တံ့ရေး စသည့် ကြွေးကြော်သံများကို ကြွေးကြော်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် လဝက ပြည်နယ် ညွှန်ကြားရေးမှူး ဦးဝင်းလွှင်အား ဖုန်းဖြင့် ဆက်သွယ်ရာ ဖုန်းရိန်းသော်လည်း လက်ခံ ဖြေဆိုခြင်း မရှိပါ။

သို့အတွက်ကြောင့် နေပြည်တော်ရှိ လူဝင်မှုနှင့် ပြည်သူ့အင်အား ဦးစီးဌာနသို့ ဆက်သွယ်ရာ အမြဲတန်း အတွင်းဝန် ဦးမြင့်ကြိုင်မှ သူတို့အနေဖြင့် အစိုးရမှ ချမှတ်ထားသော လမ်းကြောင်းအတိုင်း မြို့နယ်၊ ပြည်နယ် ၊ ဗဟို အဆင့်ဆင့် စိစစ်ပြီးမှ အသိအမှတ်ပြုကဒ်များ ထုတ်ပေးခဲ့ခြင်း ဖြစ်သဖြင့် ဆန္ဒဖော်ထုတ်သူများ၏ တောင်းဆိုချက်များ အပေါ် တစ်စုံတစ်ရာ တုန့်ပြန် ပြောကြားလိုခြင်း မရှိကြောင်း နိရဥ္စရာသို့ ပြောကြားသည်။

ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးအောင်ဌေးမှ သူတို့၏ တောင်းဆိုချက်များ အသိအမှတ်ပြု လိုက်လျော့မပေးပါက စစ်တွေမြို့တွင် ဘူးသီးတောင်၊ မောင်တောမှ ကိုယ်စားလှယ်များ၊ စစ်တွေမှ အမာခံ လူအင်အား ၂၀၀ ဖြင့် ၂၁ နေ့မှ ၂၃ ရက်နေ့ထိ နံနက် ရ နာရီ ညနေ ၅ နာရီ အတွင်း စစ်တွေ ၀င်္ကဘာကွင်းတွင် ထိုင်သပိတ်မှောက်သွားမည်ဟု ပြောကြားသွားပါသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...