မင်းပြားမြို့တည် နှစ် ၁၅ဝ ပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲ ဒေါက်တာ အေးချမ်းနှင့် ဦးဦးလှစောတို့ ဟောပြောမည်

မင်းပြားမြို့တည် နှစ် ၁၅ဝ ပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲ ဒေါက်တာ အေးချမ်းနှင့် ဦးဦးလှစောတို့ ဟောပြောမည်
by -
နိရဥ္စရာ
မင်းပြားမြို့တည် နှစ် ၁၅၀ ပြည့်ပွဲတော် ကျင်းပရေးဦးဆောင်ကော်မတီ၏ စာပေဆပ်ကော်မတီမှ မင်းပြားမြို့တည်နှစ် ၁၅ဝ-ပြည့်အထိမ်းအမှတ် စာပေဟောပြေပွဲ တရပ်ကို ၂ဝ၁၇ ခုနှစ် မတ်လ ၂၃ ရက်နေ့ ကျင်းပရာ စီစဉ်ထားရာ သမိုင်းသုတေသီ ဆရာ ဒေါက်တာ အေးချမ်းနှင့် စာရေး မောင်ခိုင်အောင်(ခေါ်) မြောက်ဦး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဆရာ ဦးဦးလှစောတို့ ဟောပြောကြမည်ဟု သိရသည်။

စာပေဟောပြောပွဲကို မတ်လ ၂၃ ရက် ကြာသပဒေးနေ့ ညနေ ရ-နာရီ အချိန်တွင် မင်းပြားမြို့၊ မြို့နယ်ဓမ္မာရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ ဒီလ ၂၂ ရက်နေ့မှာ ရန်ကုန်ကနေ စစ်တွေကို လေယာဉ်နဲ့ ထွက်ခွာပါမယ်။ စစ်တွေကနေ မင်းပြားကို ဆက်လက် ထွက်ခွာပြီး ၂၃ ရက်နေ့မှာ ဟောပြောရမှာပါ” ဟု ဆရာ ဦးဦးလှစောက ပြောကြားသည်။

မင်းပြားမြို့တည်နှစ် ၁၅ဝ-ပြည့်အခမ်းအနားကို မတ်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ အထူး စည်ကားသိုက်မြိုက်စွာကျင်းပသွားရန် စီစဉ်နေရာ စာပေဟောပြောပွဲ အပြင် တစ်ခြား ဂီတဖြေဖျော်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများကိုလည်း ထည့်သွင်း ကျင်းပသွားမည်ဟု သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...