Published
Tuesday, March 21, 2017
မင်းပြားမြို့တည် နှစ် ၁၅ဝ ပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲ ဒေါက်တာ အေးချမ်းနှင့် ဦးဦးလှစောတို့ ဟောပြောမည်
မင်းပြားမြို့တည် နှစ် ၁၅၀ ပြည့်ပွဲတော် ကျင်းပရေးဦးဆောင်ကော်မတီ၏ စာပေဆပ်ကော်မတီမှ မင်းပြားမြို့တည်နှစ် ၁၅ဝ-ပြည့်အထိမ်းအမှတ် စာပေဟောပြေပွဲ တရပ်ကို ၂ဝ၁၇ ခုနှစ် မတ်လ ၂၃ ရက်နေ့ ကျင်းပရာ စီစဉ်ထားရာ သမိုင်းသုတေသီ ဆရာ ဒေါက်တာ အေးချမ်းနှင့် စာရေး မောင်ခိုင်အောင်(ခေါ်) မြောက်ဦး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဆရာ ဦးဦးလှစောတို့ ဟောပြောကြမည်ဟု သိရသည်။
စာပေဟောပြောပွဲကို မတ်လ ၂၃ ရက် ကြာသပဒေးနေ့ ညနေ ရ-နာရီ အချိန်တွင် မင်းပြားမြို့၊ မြို့နယ်ဓမ္မာရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့ ဒီလ ၂၂ ရက်နေ့မှာ ရန်ကုန်ကနေ စစ်တွေကို လေယာဉ်နဲ့ ထွက်ခွာပါမယ်။ စစ်တွေကနေ မင်းပြားကို ဆက်လက် ထွက်ခွာပြီး ၂၃ ရက်နေ့မှာ ဟောပြောရမှာပါ” ဟု ဆရာ ဦးဦးလှစောက ပြောကြားသည်။
မင်းပြားမြို့တည်နှစ် ၁၅ဝ-ပြည့်အခမ်းအနားကို မတ်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ အထူး စည်ကားသိုက်မြိုက်စွာကျင်းပသွားရန် စီစဉ်နေရာ စာပေဟောပြောပွဲ အပြင် တစ်ခြား ဂီတဖြေဖျော်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများကိုလည်း ထည့်သွင်း ကျင်းပသွားမည်ဟု သိရသည်။







