တောင်ကုတ်ဒေသခံနှစ်ဦးအား တပ်မတော်ကဖမ်းဆီးသွားကြောင်း မိသားစုမှပြော

တောင်ကုတ်ဒေသခံနှစ်ဦးအား တပ်မတော်ကဖမ်းဆီးသွားကြောင်း မိသားစုမှပြော

အောင်ကောင်းဇော် — ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ ပဒါကျေးရွာမှဒေသခံနှစ်ဦးအား အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်း အချိန်တွင် တပ်မတော်က လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း မိသားစုဝင်များက ပြောဆိုသည်။

အဆိုပါကျေးရွာမှ မောင်ရွှေကျီး(ခ)မင်းဆန်းမွန်း (၂၄)နှစ်နှင့် ဦးညီမောင်ချေ (၃၁)နှစ်တို့ကို တပ်မတော်သား အင်အား ၈ ဦးမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကာ အသက် (၅၀)ကျော်အရွယ် ဦးင/လုံးခိုင်ဆိုသူကိုလည်း ရိုက်နှက်ခဲ့ကြောင်း ဖမ်းဆီးခံရသူဦးညီမောင်ချေ၏ဇနီး ဒေါ်ရီရီသိန်းကပြောသည်။

“စစ်ဆေးစရာရှိလိုဆိုပြီး ဘယ်ကိုဖမ်းခေါ်သွားမှန်းမသိရဘူး။ အုပ်ချုပ်ရေးမှူးရဲ့ယောက်ဖ ဦးင/လုံးခိုင်ကတော့ ဖမ်းဆီးမခံရပေမယ့် ရိုက်နှက်ကြလို့ တစ်ကိုယ်လုံးမှာ သံတွေနဲ့အထိုးခံရတာတွေ၊ သေနတ်ဒင်နဲ့ ထုတာတွေ ခံလိုက်ရတယ်။ ကျမယောကျ်ားကိုလည်း ရိုက်နှက်မှာစိုးရိမ်တယ်” ဟု ဒေါ်ရီရီသိန်းကဆိုသည်။

ယင်းသို့ဖမ်းဆီးခံရသူ ဦးညီမောင်ချေမှာ အသက် ၉ နှစ်အရွယ် ကလေးတစ်ဦးနှင့် ၃ နှစ်အရွယ် ကလေးတစ်ဦး ရှိကြောင်း၊ မောင်ရွှေကျီး(ခ)မင်းဆန်းမွန်တွင်မူ ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးရှိကြောင်း ဒေသခံများထံမှ သိရသည်။

တပ်မတော်သားများက ပဒါကျေးရွာမှ လူ ၂၀ ဦးခန့်အား ဖမ်းဆီးရန်ရှိကြောင်းပြောဆိုသည့်အတွက် လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေရသူများလည်းရှိကြောင်း ဒေသခံများကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းအား DMG မှ ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

တောင်ကုတ်မြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခြင်းများမရှိသော်လည်း AA နှင့်ဆက်စပ်ပြီး တပ်မတော်က သံသယဖြင့်ဖမ်းဆီးမှုများရှိသည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ သုံးလတာကာလအတွင်း ရခိုင်ပြည်နယ်တွင် သံသယဖြင့် ဖမ်းဆီးခံရသူ စုစုပေါင်း ၄၀ ဦးအထိရှိခဲ့သည်။

စက်တင်ဘာလ ၁၆ ရက်နေ့ စစ်တွေ-ပုဏ္ဏားကျွန်းအစပ် ကွမ်းတောင်နှင့် အမြင့်ကျွန်းကျေးရွာအနီး တိုက်ပွဲ၌ အာရက္ခတပ်တော်က ဖမ်းဆီးရမိခဲ့သော စစ်အုပ်စုတပ်ဖွဲ့ဝင်များ။ / AA Info Desk
September 21, 2026
ရခိုင်ပြည်အတွင်း ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရရှိရေးအတွက် စစ်အုပ်စုတပ်က ကြည်း၊ ရေ၊ လေ...
စစ်အုပ်စုတပ်၏ ရေကြောင်းလေ့ကျင့်မှုတစ်ခု။ / Crd - cincds
September 21, 2026
ရခိုင်ပြည်၊ ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ မွတ်ဆလင် ငါးဖမ်းစက်လှေနှစ်စီးကို စစ်အုပ်စုတပ်၏...
ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...