မောင်တောနဲ့ ဘူးသီးတောင်မှ ဒေသခံပြည်သူ ၃၀၀ ခန့် ၁၉၈၂ ဥပဒေနှင့် မညီဘဲ နိုင်ငံသားပေးမှုကို မကျေနပ်၍ ရခိုင်လူမျိုး ၃၀၀ ခန့်သည် အစိုးရကို ကန့်ကွက်ဆန္ဒပြ

မောင်တောနဲ့ ဘူးသီးတောင်မှ ဒေသခံပြည်သူ ၃၀၀ ခန့် ၁၉၈၂ ဥပဒေနှင့် မညီဘဲ နိုင်ငံသားပေးမှုကို မကျေနပ်၍ ရခိုင်လူမျိုး ၃၀၀ ခန့်သည် အစိုးရကို ကန့်ကွက်ဆန္ဒပြ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်တွင် ဘင်္ဂလီလူမျိုးများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ထုတ်ပေးနေမှုမှာ ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှု ဥပဒေနှင့် ကိုက်ညီမှု မရှိသဖြင့် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်မှ ရခိုင်လူမျိုး ၃၀၀ ခန့်သည် အစိုးရကို ကန့်ကွက် ဆန္ဒပြရန် ပြည်နယ် မြို့တော် စစ်တွေသို့ မတ် ၁၈ ရက်နေ့တွင် ချီတက် စုရုံး ရောက်ရှိနေကြသည်ဟု သတင်း ရရှိသည်။

njr2001“ဘင်္ဂါလီတွေကို ၁၉၈၂ ဥပဒေနဲ့ မညီညွတ်ဘဲ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးထားတဲ့အပေါ် မနက်ဖန် ရခိုင်တစ်ပြည်လုံးက မြို့တွေမှာ ဆန္ဒပြကြမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မောင်တောခရိုင်က လူတွေကတော့ စစ်တွေအဖွဲ့ကို အင်အားဖြည့်ဆန္ဒပြဖို့နဲ့ ထိုင်သပိတ် ၈ ရက် လုပ်ဖို့အတွက် စစ်တွေကို ချီတက်လာကြတာဖြစ်ပါတယ်”ဟု မောင်တောမြို့နယ်အဖွဲ့မှ ဆန္ဒပြခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးစိန်လှဖြူက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

လက်ရှိ မောင်တောမြို့နယ်မှ အင်အား ၁၅၀ ခန့်သည် စစ်တွေမြို့ စစ်ကဲတော်မင်း ဘုန်းတော်ကြီး ကျောင်းတွင် လည်းကောင်း၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များမှ အင်အား ၁၅၀ ခန့်တို့သည် စစ်တွေမြို့ ဗုဒ္ဓေါမော် ဘုန်းတော်ကြီးကျောင်း၌လည်းကောင်း တည်းခို နေထိုင်လျှက်ရှိသည်ဟု သိရသည်။

“ကျွန်တော်တို့ မောင်တောမြို့နယ်မှာ ဘင်္ဂလီ ၂၁ ဦးကို နိုင်ငံသား အဖြစ် သတ်မှတ်လိုက်ပြီးတော့၊ ၁၄ ဦးကို နိုင်ငံသား ပြုခွင့်ရသူတွေအဖြစ်နဲ့ နောက်ထပ် အသက်မပြည့် သေးသူ ၁၈ ယောက်ဟာလည်း အဲ့ဒီစာရင်းထဲမှာ ပါ၀င်နေပါတယ်။ အစိုးအနေနဲ့ ဘင်္ဂါလီတွေကို နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးတာဟာ ဥပဒေနဲ့ ညီညွတ်မှု ရှိ မရှိ ဆိုတာကို ပြည်သူကို ချပြမှု မရှိဘူး။ ပွင့်လင်းမြင်သာမှု လုံးဝမရှိဖြစ်နေပြီးတော့ ဒီမိုကရေစီ အစိုးရသာ ပြောတယ်၊ အရင်တုန်းက စစ်အစိုးရထက်တောင် ဆိုးသေးတယ်”ဟု ဦးစိန်လှဖြူက ပြောသည်။

နိုင်ငံတော်က ဖွဲ့စည်းပေးထားသည့် နိုင်ငံသား စိစစ်ရေးအဖွဲ့တွင် ဒေသခံ ရပ်မိရပ်ဘက်များ ပါ၀င်မှုမရှိကြောင်း၊ ၂၀၁၆ ခုနှစ်ကတည်းက ရပ်မိရပ်ဘက် နှစ်ဦးကို ထည့်ပေးရန် တောင်းဆိုထားသော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ၂ ဦးကိုသာ ထည့်ပေးထားကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆိုသူများသည် အာဏာပိုင်များကို ထောက်ပြ ဝေဖန် ရဲသူများ မဟုတ်ဘဲ ခေါင်းညိတ်နေသူများသာ ဖြစ်သည်ဟု စောဒကတက် ပြောဆိုသည်။

မောင်တောခရိုင်မှ ဆန္ဒပြအဖွဲ့အနေဖြင့် တရားဥပဒေနှင့် မညီညွတ်ဘဲ ထုတ်ပေးထားသည့် နိုင်ငံသား စိစစ်ရေးကတ်များကို ပြန်လည် ရုပ်သိမ်းပေးစေလိုပြီး၊ ကတ်ထုတ်ပေးသည့် လဝက မှ တာဝန်ရှိသူများကို အရေးယူ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

မတ်လ ၁၉ ရက်နေ့ ဆန္ဒပြရာတွင် “ဥပဒေချိုးဖေါက်သူအား တရားစွဲဆိုရေး၊ ပြည်နယ် လဝကမှူး ၀င်းလွင်အား ချက်ချင်းဖမ်း၊ တရားမဝင်ကဒ်များကို ပြန်ရုပ်သိမ်းပေး၊ ကဒ်လိမ်လည်ရယူထားသူ အရေးယူ၊ နိုင်ငံသား စိစစ်ရေးကော်မတီတွင် ဒေသခံကိုယ်စားလှယ်ထည့်ပေးရေး၊ ၁၉၈၂ နိုင်ငံသား ဥပဒေအတိုင်း စိစစ်ရေး၊ ရခိုင်လူမျိုးတည်တံ့ရေး၊ ရခိုင်ပြည်နယ် တည်တံ့ရေး” စသည့် ကြွေးကြော်သံများကို ကြွေးကြော်မည်ဟုလည်း သူက ပြောသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...