အကြမ်းဖက်အဖြစ်ကြေငြာထားသော အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများ၌ တပ်မတော် အပစ်ရပ်သက်တမ်းတိုး

အကြမ်းဖက်အဖြစ်ကြေငြာထားသော အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများ၌ တပ်မတော် အပစ်ရပ်သက်တမ်းတိုး

အောင်ထိန် - နိုင်ငံတော်က အကြမ်းဖက်အဖြစ်ကြေငြာထားသော အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေ များ၌ အပစ်အခတ်ရပ်စဲမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၉ ရက်နေ့တွင် တပ်မတော်က ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် နိုင်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အောက်တိုဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်ရပ်စဲသွားမည်ဖြစ်ကြောင်း တပ်မတော်၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံအစိုးရက ရက္ခိုင့်တပ်တော်(AA)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)တို့ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် မတ်လ (၂၃)ရက်နေ့က ကြေညာခဲ့သည်။

တပ်မတော်နှင့် AA တို့သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ၂၀၁၈ နှစ်ကုန်ပိုင်းမှ လက်ရှိအချိန်ထိ တိုက်ပွဲများဖြစ်ပွားလျက်ရှိနေပြီး တပ်မတော်မှ အပစ်ရပ်ကြေငြာရာတွင် AA ရှိနေသည့် နေရာများကို ချန်လှပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိရခိုင်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့ရှိမှုမြင့်တက်နေသဖြင့် တပ်မတော်အနေဖြင့် အပစ်အခတ်ရပ်စဲရာတွင် ရခိုင်ဒေသအား ထည့်သွင်းစဉ်းစားသင့်ကြောင်း မြောက်ဦးမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ထောက်ပြသည်။

“အခု Media တွေကပြောနေတဲ့ covid-19 second wave ဟာ ရခိုင်ကစတယ်လို့ဖော်ပြနေကြတယ်။ တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှာ ဒုတိယအများပြည်နယ်လို့လည်းပြောလို့ရတယ်။ အခုလို ကိုဗစ်ကြောင့် အပစ်အခတ် ရပ်စဲမယ် ဆိုရင် ရခိုင်ပြည်နယ်ကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်လို့မြင်တယ်”ဟု ဦးထွန်းသာစိန်ကဆိုသည်။

တပ်မတော်အနေဖြင့် Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် မေလ ၁၀ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိတစ်ကြိမ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ တစ်ကြိမ် အပစ်အခတ်ရပ်စဲရေး ကြေငြာခဲ့သည်။

ယင်းသို့ တပ်မတော်မှ အပစ်ရပ်ကြေငြာရာတွင် AA နှင့်တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ ပါဝင်မှုမရှိခဲ့ပေ။

လတ်တလော ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများရပ်တန့်ခြင်းမရှိသေးသဖြင့် ကိုဗစ်ကာလအတွင်းတွင် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရမှုများလည်းရှိနေသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...